Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မတူပီ ဒေသန္တရအစိုးရ ယန္တရားများ ဖွဲ့စည်းမည်ဟု မတူပီကောင်စီ ကြေညာ

မတူပီ ဒေသန္တရအစိုးရ ယန္တရားများ ဖွဲ့စည်းမည်ဟု မတူပီကောင်စီ ကြေညာ

0
By Editor on April 23, 2026 Headline

(006SV)

ကြားကာလတော်လှန်ရေးအတွင်း မတူပီမြို့နယ်တွင် ဒေသန္တရအစိုးရအဖွဲ့အပါအဝင် ယန္တရားများကို ဖွဲ့စည်းတည်ထောင်ပြီး ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများကို စုပေါင်းခေါင်းဆောင်မှုဖြင့် ဖော်ဆောင်သွားတော့မည်ဟု မတူပီကောင်စီထံမှ သိရသည်။

ဧပြီလ ၁၇ ရက်မှ ၁၈ ရက်အထိ ချင်းပြည်နယ်၊ မတူပီမြို့နယ်လုံးဆိုင်ရာ ပထမအကြိမ် မတူပီကောင်စီ ညီလာခံကို အောင်မြင်စွာ ကျင်းပပြီးနောက် မတူပီကောင်စီ၏ ဥပဒေကို ပြင်ဆင်အတည်ပြုကာ ရှေ့လုပ်ငန်းစဉ်များကို ရေးဆွဲနိုင်ခြင်းဖြစ်သည်။

“အဓိကတော့ စနစ်တကျ အစိုးရ ယန္တရာများ လည်ပတ်နိုင်အောင်ရယ်၊ ကာကွယ်ရေးကိုလည်း ပိုမိုအားကောင်းအောင် လက်တွေ့ လုပ်ဆောင်တော့မှာပါ။ ဒေသန္တရအစိုးရရဲ့ ဂုဏ်အင်္ဂါပြည့်စုံအောင် ကျနော်တို့ ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ဒေသန္တရအစိုးရ အနေနဲ့ လုပ်သင့် လုပ်ထိုက်တဲ့အရာ အားလုံးကို ကျနော်တို့ ဆောင်ရွက်ပေးဖို့ ဦးစီး ဦးဆောင်ပေးဖို့ ဖွဲ့စည်းရခြင်းဖြစ်တယ်။ ဒီကောင်စီ အောက်မှာပဲ တည်ဆောက်မယ့်ပုံစံတွေကို ကောင်းမွန်စွာ ရေးဆွဲနိုင်ခဲ့တယ်” ဟု မတူပီကောင်စီ/ CDF – မတူပီမှ ပြောရေးဆိုခွင့်ရှိ သူ ဆလိုင်းနိုင်ဂျွန်ကင်းက ပြောသည်။

ဒေသန္တရ အစိုးရယန္တရာများ လည်ပတ်နိုင်ရေးနှင့် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ၊ မတူပီမြို့နယ်လုံးဆိုင်ရာ ကိစ္စအဝဝကို စုပေါင်းခေါင်းဆောင်မှုဖြင့် အတူတကွ ပူးပေါင်းပြီး ယန္တရားများကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဟု သိရသည်။

မတူပီကောင်စီ၏ ယန္တရာများကို ကောင်းမွန်စွာ လည်ပတ်နိုင်စေရန် တော်လှန်ရေးကို အားပေးထောက်ခံနေသော ပြည်တွင်း/ပြည်ပမှ ပြည်သူများက မိမိရာကျ အခန်းကဏ္ဍတွင် အစွမ်းကုန် ဆက်လက်ပါဝင်ပေးပါရန် ဧပြီလ ၂၂ ရက်က အသိပေးထုတ်ပြန်သည်။

မတူပီကောင်စီ ညီလာခံကို ချင်းပြည်အစိုးရအဖွဲ့မှ ဝန်ကြီးချုပ်နှင့် အဖွဲ့များ၊ မတူပီမြို့နယ်အတွင်းရှိ ဧရိယာအသီးသီးမှ ကိုယ်စားလှယ်များ၊ ကျေးရွာအသီးသီးမှ အုပ်ချုပ်ရေး ကိုယ်စားလှယ်များ၊ CDF – မတူပီမှ ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ အသီးသီးမှ ကိုယ်စားလှယ်များ၊ ရပ်မိရပ်ဖများ၊ အမျိုးသမီးလူငယ်များ၊ တရားစီရင်ရေးအဖွဲ့များ၊ စောင့်ကြည့်လေ့လာသူများနှင့် ပါဝင်သင့်ပါဝင်ထိုက်သူများ စုစုပေါင်း ၁၁၂ ဦး တက်ရောက်သည်ဟု သိရသည်။

မတူပီမြို့နယ်တွင် ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့ဝင် မတူပီကောင်စီ/ CDF – မတူပီ အဖွဲ့နှင့် ICNCC/CB အဖွဲ့ဝင် မတူပီတော်လှန်ရေးအဖွဲ့ချုပ် (MRO)/ CDF – မတူပီ ဟူ၍ ချင်းတော်လှန်ရေးအင်အားစု ၂ ဖွဲ့ရှိနေသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

လာမည့်နှစ် ဧပြီလထဲ ဖလမ်းနှင့်တွန်းဇံအပါအဝင် လစ်လပ်မဲဆန္ဒနယ် ၅၀ ကျော်မှာ ကြားဖြတ်ရွေးကောက်ပွဲ လုပ်မည်

ဖလမ်း-ဟားခါးလမ်းမပေါ် သားအမိ ၃ ဦးနှင့် ယာဉ်မောင်းတို့ သေဆုံးမှုသည် စစ်တပ်လက်ချက်သာဖြစ်ပြီး ချင်းတော်လှန်ရေးအင်အားစုများနှင့် သက်ဆိုင်မှု မရှိဟု CDF ဟားခါးဥက္ကဌ ပြော

ဖလမ်း-ဟားခါးလမ်းမပေါ် သားအမိ ၃ ဦး နှင့် သုံးဘီးယာဉ်မောင်းသေဆုံးမှု ဖြစ်စဉ်အမှန်ပေါ်ပေါက်ရေးနှင့် တရားမျှတမှုရှိစေရေး ကြိုးပမ်းဆောင်ရွက်မည်ဟု CNO/CNDF ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 4, 2026

“ကျူးလွန်ခံရတဲ့ လူတိုင်းက တရားမျှတမှုကို လိုလားပြီး တောင်းတနေကြတယ်”

September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2026

လာမည့်နှစ် ဧပြီလထဲ ဖလမ်းနှင့်တွန်းဇံအပါအဝင် လစ်လပ်မဲဆန္ဒနယ် ၅၀ ကျော်မှာ ကြားဖြတ်ရွေးကောက်ပွဲ လုပ်မည်

November 6, 2026

စိတ်ဝေဒနာ ခံစားရမှုကြောင့် ဆယ်စုနှစ်တစ်ခုကျော်ကြာ အိမ်အောက်တွင် သီးခြားနေထိုင်ခိုင်းသည့် ချင်းလူငယ်တစ်ဦး အသိစိတ်ပြန်ဝင်လာပြီး စကားစပြောလာ

November 6, 2026

သဒ္ဒါနှင့် စာလုံးပေါင်း မှန်ကန်စေရန် ကူညီပေးမည့် ‘WriteInChin’ အက်ပ် စတင်အသုံးပြုနိုင်

November 5, 2026

ဇိုတုန်ဒေသမှာ အသိပေးညှိနှိုင်းခြင်းမရှိဘဲ မည်သည့်လုပ်ငန်းကိုမဆို မပြုလုပ်ရန်နှင့် ဇိုတုန်ဒေသန္တရအစိုးရ၏ စီမံခန့်ခွဲမှုကို မစွက်ဖက်ရန် အသိပေးထုတ်ပြန်

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.