Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မလေးရှား UNHCR က ၎င်းတို့ဝဘ်ဆိုဒ်ကို စနစ်သစ်သို့ ပြောင်းလဲအသုံးပြုတော့မည်

မလေးရှား UNHCR က ၎င်းတို့ဝဘ်ဆိုဒ်ကို စနစ်သစ်သို့ ပြောင်းလဲအသုံးပြုတော့မည်

0
By Editor on July 3, 2026 Headline

မလေးရှားတွင် ဒုက္ခသည်ဆန့်ကျင်ရေး လှုပ်ရှားမှုများရှိနေ၍ မြန်မာများ လုံခြုံရေးသတိပြုရန် ACR အသိပေး

(004SS)

မလေးရှားနိုင်ငံရှိ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) သည် ဒုက္ခသည်များအတွက် လက်ရှိ အသုံးပြုနေသော ဝဘ်ဆိုဒ်ဟောင်း refugeemalaysia.org ကို ပိတ်သိမ်းကာ ဝဘ်ဆိုဒ်အသစ်ဖြစ်သော Help Site and My Services ဖြင့် ပြောင်းလဲ အစားထိုးသွားမည်ဖြစ်ကြောင်း Alliance of Chin Refugees ထံမှ သိရသည်။

လာမည့် ဇူလိုင်လ ၁၄ ရက်နေ့မှစတင်၍ လက်ရှိအသုံးပြုနေသော ဝဘ်ဆိုဒ်အား ပိတ်သိမ်းကာ အဆိုပါစနစ်သစ်ကို စတင်အသုံးပြုတော့မည်ဟု ယနေ့ဇူလိုင်လ ၂ ရက်နေ့တွင် ကျင်းပသော မလေးရှားရှိ UNHCR ရုံးနှင့် မလေးရှားရောက် ဒုက္ခသည်အဖွဲ့အစည်းခေါင်းဆောင်များ၏ ပုံမှန် Townhall အစည်းအဝေးတွင် တရားဝင်မိတ်ဆက်ခဲ့ခြင်းဖြစ်သည်။

ယခုကဲ့သို့ စနစ်သစ်ပြောင်းလဲရခြင်းနှင့် ပတ်သက်၍ ACR ဥက္ကဋ္ဌ က “UN website က ဘာဖြစ်လို့ပြောင်းတာလဲ ဆိုလို့ရှိရင် အရင်အဟောင်းက မလေးရှား တစ်နိုင်ငံပဲသုံးတာ ဖြစ်တယ်။ အခု ဒီ Website အသစ်က နိုင်ငံတကာမှာရှိတဲ့ UNHCR က အားလုံးထိန်းတော့မယ် ဆိုတဲ့ သဘောပေါ့နော်။ ဆိုတော့ မလေးရှားက UN information တွေအားလုံး နိုင်ငံတကာ UNHCR မှာ ရှိမယ် ဆိုတဲ့ပုံစံမျိုး။ အားလုံးကို Headquarters ကနေ ထိန်းတော့မယ့် ပုံစံမျိုး ဖြစ်ပါတယ်” ဟု ပြောသည်။

ယခုပြောင်းလဲလိုက်သော စနစ်သစ်အရ မလေးရှားရောက်ဒုက္ခသည်များအနေဖြင့် လူသစ်မှတ်ပုံတင်ခြင်း၊ မိသားစုတွဲ ကပ်လျှောက်ထားခြင်း၊ ဖုန်းနံပါတ်အပြောင်းအလဲပြုလုပ်ခြင်း၊ ဖမ်းဆီးခံရမှုသတင်းပေးပို့ခြင်းနှင့် လိမ်လည်မှုတိုင်ကြားခြင်း စသည့် လုပ်ငန်းစဉ်အားလုံးကို ဝဘ်ဆိုဒ်အသစ်တစ်ခုတည်းမှသာ လုပ်ဆောင်ရတော့မည်ဟု ဆိုသည်။

အဆိုပါစနစ်သစ်ကို အသုံးပြုမည့် ဒုက္ခသည်တိုင်းတွင် ကိုယ်ပိုင် အီးမေးလ်အကောင့် (Email Account) တစ်ခု မဖြစ်မနေ ရှိထားရမည်ဖြစ်ပြီး၊ ၎င်းအီးမေးလ်ဖြင့်သာ အကောင့်ဖွင့်လှစ်နိုင်မည်ဖြစ်သည်။

ထို့ကြောင့် မလေးရှားရောက်ဒုက္ခသည်များအနေဖြင့် ဖုန်းနံပါတ်နှင့် Facebook သာမက အီးမေးလ်ပါ မဖြစ်မနေ အသုံးပြုတတ်ရန် လိုအပ်လာပြီဖြစ်ကြောင်း ACR အသိပေးထားသည်။

စနစ်သစ်၏ ထူးခြားချက်အနေဖြင့် My Services အကောင့်မှတစ်ဆင့် လျှောက်ထားသူများသည် မိမိတို့၏ အမှုတွဲနှင့် လျှောက်လွှာအား မည်သည့်အဆင့်သို့ ရောက်ရှိနေသည်ကို ကိုယ်တိုင်အလွယ်တကူ စောင့်ကြည့်သိရှိနိုင်မည်ဖြစ်ကြောင်း ဆိုသည်။

သို့သော် လူသစ်မှတ်ပုံတင် လျှောက်ထားပြီးသူများအနေဖြင့် အသစ်ပြန်လည်လျှောက်ထားရန် မလိုဘဲ မိမိတို့၏ Reference နံပါတ်အဟောင်းကိုသာ ပြန်လည်အသုံးပြုရမည်ဟု ဖော်ပြထားသည်။

တစ်ဖက်တွင်လည်း မလေးရှားနိုင်ငံအတွင်း ဒုက္ခသည်များနှင့် နိုင်ငံခြားသားများအပေါ် ဆန့်ကျင်မုန်းတီးရေး လှုံ့ဆော်မှုများ ပိုမိုကျယ်ပြန့်လာနေပြီး၊ လာမည့်ရက်ပိုင်းအတွင်း ဆန္ဒပြပွဲများ ပြုလုပ်ရန်အထိ စီစဉ်နေကြသဖြင့် မြန်မာဒုက္ခသည်များ အနေဖြင့် လုံခြုံရေး ဘေးအန္တရာယ်ကို အထူးသတိပြုကြရန် ACR ဥက္ကဋ္ဌက ယခုလို သတိပေးနှိုးဆော်ထားသည်။

“အခုနောက်ပိုင်း မလေးရှားမှာ နိုင်ငံခြားသားတွေ အရမ်းမုန်းနေကြတာ။ တချို့ဆို live လွှင့်ပြီးတော့ အစိုးရက ဘာမှ မလုပ်ဘူးဆိုပြီးတော့ ပြောနေကြတာ။ အခု သတင်းကြားတာကလဲ ဒီတစ်ပါတ်စနေနေ့ဆိုရင် UNHCR ရုံးမှာ နိုင်ငံ သားတွေဆန္ဒပြမယ်လို့ကြားတယ်ပေါ့နော်။ လက်ရှိ ရိုဟင်ဂျာတွေဆိုလို့ရှိရင် population တအားများလာတာရယ်၊ ရိုဟင်ဂျာကို အဓိက target တာပေါ့နော်။ နောက်တစ်ခုက Refugee လို့ သုံးလာတဲ့အခါမှာ ကျွန်တော်တို့ မြန်မာ တွေအတွက်လဲ အန္တရာယ်များတယ်ပေါ့နော်” ဟု ACR ဥက္ကဋ္ဌ က ပြောသည်။

လက်ရှိတွင် အဆိုပါအစည်းအဝေးတွင် မလေးရှားနိုင်ငံသားအချို့၏ ဒုက္ခသည်များအပေါ် မုန်းတီးရေးလှုံ့ဆော်မှုများနှင့် ပတ်သက်၍လည်း UNHCR အနေဖြင့် ကာကွယ်ဖြေရှင်းနိုင်ရေး အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက်နေကြောင်း သိရသည်။

အလားတူ မြန်မာဒုက္ခသည် ၁၂,၀၀၀ ကျော် နေထိုင်လျက်ရှိသော အိန္ဒိယနိုင်ငံ၊ နယူးဒေလီးမြို့တွင်လည်း ယခု ၂၀၂၆ ခုနှစ်မှ စတင်ကာ ယခင်အသုံးပြုခဲ့သည့် သီးခြားကိုယ်ပိုင်စနစ် (Personal Website) များကို အသုံးမပြုတော့ဘဲ ယခုကဲ့သို့ စနစ်တကျ ချိတ်ဆက်ထားသည့် အွန်လိုင်းဝဘ်ဆိုဒ်စနစ် (Online Website) သို့ ပြောင်းလဲအသုံးပြုနေပြီဖြစ်ကြောင်း ဆက်စပ်သတင်းများအရ သိရသည်။

နည်းပညာအခက်အခဲရှိပြီး အီးမေးလ်အကောင့် မဖွင့်တတ်သော ဒုက္ခသည်များအနေဖြင့် ကူညီဆောင်ရွက်ပေးနိုင်ရန် ချင်းဒုက္ခသည်များကော်မတီ ACR ရုံးသို့ လာရောက်အကူအညီတောင်းခံနိုင်ကြောင်းနှင့် ဇူလိုင် ၁၄ ရက်နေ့ ဝဘ်ဆိုဒ် စတင်ချိန်တွင်လည်း အကောင့်ဖွင့်လှစ်ခြင်းနှင့် အချက်အလက်လုံခြုံစွာ ထိန်းသိမ်းခြင်းလုပ်ငန်းများကို ACR ရုံးက ကူညီပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေးမြို့မှာ နာရေးမဏ္ဍပ်ဆောက်လုပ်နေသော ချင်းလူငယ် ၂ ဦးကို စစ်တပ်ကဖမ်းဆီးပြီး သိန်း ၂၀၀ နှင့်ပြန်ရွေးခိုင်း

တီးတိန်မှာ နှစ်ခြင်းအသင်းတော် ချင်းဓမ္မဆရာကို စစ်တပ်က ပစ်သတ်မှု အမေရိကန်အစိုးရ အရေးယူပေးရန် BRI တောင်းဆို

ထွက်ပြေးသွားသည့်စစ်သုံ့ပန်းများထံလက်နက်ပါရှိသဖြင့် တီးတိန်မြို့နယ်ဒေသအချို့တွင် သွားလာခြင်းမပြုကြရန် PDF-Zoland အရေးပေါ် သတိပေး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 19, 2026

ကလေးမြို့မှာ နာရေးမဏ္ဍပ်ဆောက်လုပ်နေသော ချင်းလူငယ် ၂ ဦးကို စစ်တပ်ကဖမ်းဆီးပြီး သိန်း ၂၀၀ နှင့်ပြန်ရွေးခိုင်း

September 19, 2026

NUZ တွင် “အသက်မွေးဝမ်းကျောင်းနှင့် အထက်တန်းလွန်ပညာရေးဆိုင်ရာ ဒီပလိုမာဘွဲ့” သင်တန်းသစ် အောက်တိုဘာလ ၃ ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်

September 18, 2026

ထွက်ပြေးသွားသည့်စစ်သုံ့ပန်းများ၏ပစ်ခတ်မှုကြောင့် Rev. Dal Thawn Tuang ကွယ်လွန်ခြင်းဟု ZFU/PDF Zoland ထုတ်ပြန်

September 18, 2026

တီးတိန်မှာ နှစ်ခြင်းအသင်းတော် ချင်းဓမ္မဆရာကို စစ်တပ်က ပစ်သတ်မှု အမေရိကန်အစိုးရ အရေးယူပေးရန် BRI တောင်းဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.