Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မီဇိုရမ်တွင် ချင်းအမျိုးသားတစ်ဦးက ဇနီးဟောင်းဖြစ်သူကို သေနတ်ဖြင့် ပစ်သတ်မှုဖြစ်ပွား

မီဇိုရမ်တွင် ချင်းအမျိုးသားတစ်ဦးက ဇနီးဟောင်းဖြစ်သူကို သေနတ်ဖြင့် ပစ်သတ်မှုဖြစ်ပွား

0
By Editor on February 16, 2023 Khonumthung

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းမြို့တွင် ချင်းအမျိုးသားတစ်ဦးက ဇနီးဟောင်းဖြစ်သူကို သေနတ်ဖြင့်ပစ်သတ်မှု ယမန်နေ့ညနေပိုင်းက ဖြစ်ပွားခဲ့သည်။

ဖေဖော်ဝါရီလ ၁၅ ရက် ညနေပိုင်း ၆ နာရီ ၄၅ မိနစ်ခန့်တွင် ချင်းအမျိုးသား ဦးဘွဲ့ရိုပြန်းသည် ကျန်ဖိုင်းမြို့ ကာနန်ရပ်ကွက်တွင်နေထိုင်သော ဇနီးဟောင်းဖြစ်သူ အသက် ၄၃ နှစ်အရွယ် ဒေါ်ရှန်းငွန်ပါရ်၏ နေအိမ်သို့ဝင်ရောက်ကာ စကားများကြရာမှ ခါးချိူးသေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

အခင်းဖြစ်ပွားပြီးနောက် ဦးဘွဲ့ရိုပြန်းသည် အိန္ဒိယ-မြန်မာနယ်စပ် ဇိုခေါထာရ်ဘက်သို့ ထွက်ပြေးသွားပြီး ချင်းပြည်နယ်ဘက်သို့ ဝင်ရောက်သွားသည်ဟု သိရသည်။

ဦးဘွဲ့ရိုပြန်းသည် ယခင်က ယာဉ်မောင်းလေ့ရှိပြီး ဘိန်းဖြူသယ်ယူမှုကြောင့် ဖမ်းဆီးထောင်ကျဖူးသူတစ်ဦးလည်းဖြစ်ကာ ကျန်ဖိုင်းမြို့ ကာနန်ရပ်ကွက်ကနေ မောင်းထုတ်ခံထားရသူဖြစ်သည်ဟု ကျန်ဖိုင်းကလာသောသတင်းရင်းမြစ်ကဆို သည်။

အသတ်ခံရသော ဒေါ်ရှန်းငွန်ပါရ်တွင် သားသမီး ၃ ဦးကျန်ရစ်ခဲ့ပြီး အငယ်ဆုံးသားမှာ ညဏ်ရည်မသန်စွမ်းသူဖြစ်သည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

မြန်မာလိဂ်မှာ ကစားနေသော Chinland FC မှ ချင်းကစားသမား တစ်ပတ်နီးပါးကြာ ပျောက်ဆုံးနေ

ကလေး- တီးတိန်- ဖလမ်း ကားလမ်းပိုင်း ဂိတ်ကြေးပေးဆောင်မှုများသောကြောင့် ကားခမြင့်တက်နေဆဲ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

August 28, 2026

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.