Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်စခန်းတချို့မှာ ဆန်နှင့် ရိက္ခာများ ပေးအပ်လှူဒါန်း

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်စခန်းတချို့မှာ ဆန်နှင့် ရိက္ခာများ ပေးအပ်လှူဒါန်း

0
By Editor on August 24, 2023 Khonumthung

(05MK)

မီဇိုရမ်ပြည်နယ်အတွင်းရှိ မြန်မာစစ်ဘေးရှောင်စခန်းတချို့မှာ ဆန်နှင့် ရိက္ခာများကို Network for Unity Association Mizoram (NUA) အဖွဲ့က အရေးပေါ် ကူညီထောက်ပံ့ပေးအပ်ခဲ့ကြသည်ဟု သိရသည်။

မီဇိုရမ်ပြည်နယ် အိုင်ဇောလ်၊ မာမစ် နှင့် ကော်လစစ်ခရိုင် ၃ ခုတွင်နေထိုင်ကြသော မြန်မာစစ်ဘေးရှောင်စခန်း ၆ ခုတွင် ဩဂုတ်လ ၂၁ ရက်နေ့က ဆန်၊ ဆီ နှင့် ခေါက်ဆွဲခြောက်ထုတ်များကို NUA အဖွဲ့က သွားရောက်ထောက်ပံ့ခဲ့ကြခြင်းဖြစ်သည်။

မြန်မာစစ်ဘေးရှောင်များအား ကူညီထောက်ပံ့မှုပေးနိုင်ရန် အမေရိကန်ပြည်ထောင်စုအခြေစိုက် Project Chin Hill မှ ရူပီး တစ်သိန်း၊ အိုင်ဇောလ်မြို့တွင်နေထိုင်သော Pu Tanpuia က စားသုံးဆီ (အဖာ ၃၀) နှင့် Pu Tluanga က ခေါက်ဆွဲခြောက် (၃၅၀) ထုတ်တို့ ပေးအပ်လှူဒါန်းခဲ့ကြသည်ဟု NUA က ထုတ်ပြန်သည်။

ယခုကဲ့သို့ စစ်ဘေးရှောင်များအား ကူညီထောက်ပံ့ နိုင်ရန် ကူညီဆောင်ရွက်ပေးသော ချင်းအဆိုတော် Rebecca Fanai အပေါ်မှာလည်း ကျေးဇူးတင်ရှိကြောင်း ဖော်ပြထားသည်။

မီဇိုရမ်ပြည်နယ်တွင် စစ်ဘေးရှောင်နေကြသော မြန်မာနိုင်ငံက စစ်ဘေးရှောင်ပြည်သူများသည် အချိန်ကြာလာသည်နှင့်အမျှ ကူညီထောက်ပံ့သူ နည်းသထက်နည်းပါးလာပြီး ယခုလက်ရှိမှာလည်း အရေးပေါ်ကူညီထောက်ပံ့မှုလိုအပ်သော စစ်ဘေး ရှောင်စခန်း အများအပြားရှိနေသေးကြောင်း NUA က ဆိုသည်။

ထို့ကြောင့် ပြည်တွင်း/ပြည်ပအလှူရှင်များနှင့် ချင်းပြည်သူများအနေဖြင့် စစ်ဘေးရှောင်များအား ကူညီထောက်ပံ့ရေးတွင် ဆက်လက်အားစိုက်ပေးကြရန်လည်း NUA က တောင်းဆိုထားသည်။

Network for Unity Association Mizoram (NUA) အဖွဲ့သည် မီဇိုရမ်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်ကူညီရေး အသင်းအဖွဲ့များ၊ တက်ကြွလှုပ်ရှားသူများ၊ အရပ်ဖက်အဖွဲ့အစည်းများမှ စုပေါင်းဖွဲ့စည်းထားသည့်အဖွဲ့အစည်းဖြစ်သည်။

https://www.facebook.com/nuaofficialazl
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

မြန်မာလိဂ်မှာ ကစားနေသော Chinland FC မှ ချင်းကစားသမား တစ်ပတ်နီးပါးကြာ ပျောက်ဆုံးနေ

ကလေး- တီးတိန်- ဖလမ်း ကားလမ်းပိုင်း ဂိတ်ကြေးပေးဆောင်မှုများသောကြောင့် ကားခမြင့်တက်နေဆဲ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

August 28, 2026

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.