Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မီဇိုရမ်လေဆိပ်တွင် မြန်မာနိုင်ငံသားတစ်ဦးထံမှ ရူပီးသိန်း ၃ ထောင်ကျော်တန်ဖိုးရှိ Crystal Meth စိတ်ကြွမူးယစ်ဆေးတစ်မျိုးဖမ်းမိ

မီဇိုရမ်လေဆိပ်တွင် မြန်မာနိုင်ငံသားတစ်ဦးထံမှ ရူပီးသိန်း ၃ ထောင်ကျော်တန်ဖိုးရှိ Crystal Meth စိတ်ကြွမူးယစ်ဆေးတစ်မျိုးဖမ်းမိ

0
By Editor on October 5, 2023 Khonumthung

(005MK)

မီဇိုရမ်ပြည်နယ် Lengpui လေဆိပ်တွင် မြန်မာနိုင်ငံသားတစ်ဦးထံမှ ရူပီးသိန်း ၃ ထောင်ကျော်တန်ဖိုးရှိသော Crystal Meth စိတ်ကြွမူးယစ်ဆေးတစ်မျိုးကို ရဲတပ်ဖွဲ့က အောက်တိုဘာ ၃ ရက်နေ့က ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

အလေးချိန် ၁၀ ကီလိုကျော်ရှိသော အဆိုပါစိတ်ကြွမူးယစ်ဆေးများကို မြန်မာနိုင်ငံမှသယ်လာပြီး မီဇိုရမ်ပြည်နယ်မှတဆင့် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့သို့ ပို့ဆောင်မည့် ခရီးဆောင်အိတ် (suitcase) ထဲတွင် လေဆိပ် ရဲတပ်ဖွဲ့များက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု Mizoram Police က ယနေ့ထုတ်ပြန်သည်။

အဆိုပါ စိတ်ကြွမူးယစ်ဆေး၀◌ါးနှင့်အတူ မြန်မာနိုင်ငံသား အသက် ၃၈ နှစ်အရွယ် အမျိုးသမီး Lalremthangi ကိုလည်း ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး ၎င်းကို မူးယစ်ဆေး၀◌ါးရောင်း၀◌ယ်ဖောက်ကားမှုနှင့် နိုင်ငံခြားသားမှုတို့ဖြင့် အမှုဖွင့်အရေးယူ ထားသည်ဟု ရဲတပ်ဖွဲ့ကဆိုသည်။

သူမသည် မကြာသေးခင်က မြန်မာနိုင်ငံသို့ပြန်သွားပြီး အဆိုပါစိတ်ကြွမူးယစ်ဆေး၀◌ါးများကို သယ်ယူလာခဲ့ခြင်းဖြစ်သည် ဟု ရဲတပ်ဖွဲ့ကဆိုသည်။ ယခုဖမ်းဆီးသည့် ပမာဏသည် ယခုရက်ပိုင်းအတွင်းဖမ်းဆီးရမိသည့်အနက် တစ်ကြိမ်တည်းနှင့် အများဆုံးဖမ်းမိခြင်းဖြစ်သည်ဟု သိရသည်။

ယခုဖမ်းဆီးရမိသော Crystal Meth စိတ်ကြွမူးယစ်ဆေးသည် နိုင်ငံတကာပေါက်စေ◌ျးအရ ရူပီးငွေ သိန်း ၃၁၀၀ ခန့် ရှိသည်ဟု မီဇိုရမ်ရဲတပ်ဖွဲ့ကဖော်ပြသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

မြန်မာလိဂ်မှာ ကစားနေသော Chinland FC မှ ချင်းကစားသမား တစ်ပတ်နီးပါးကြာ ပျောက်ဆုံးနေ

ကလေး- တီးတိန်- ဖလမ်း ကားလမ်းပိုင်း ဂိတ်ကြေးပေးဆောင်မှုများသောကြောင့် ကားခမြင့်တက်နေဆဲ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

August 28, 2026

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.