Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Editor's Pick»“မြေမြှုပ်မိုင်းကြောင့် လူသေဆုံးမှု အများဆုံးနိုင်ငံ မြန်မာဖြစ်လာ”

“မြေမြှုပ်မိုင်းကြောင့် လူသေဆုံးမှု အများဆုံးနိုင်ငံ မြန်မာဖြစ်လာ”

0
By Editor on June 19, 2026 Editor's Pick

 Landmine Monitor အဖွဲ့က နောက်ဆုံးထုတ်ပြန်တဲ့ ၂၀၂၅ အစီရင်ခံစာအရ မြန်မာနိုင်ငံဟာ ၂၀၂၄ ခုနှစ်အတွင်း မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေနိုင်တဲ့ စစ်ပွဲလက်ကျန်ပစ္စည်းတွေကြောင့် ထိခိုက်သေဆုံးသူ အများဆုံးရှိတဲ့ နိုင်ငံဖြစ်လာခဲ့ပါတယ်။ တစ်နှစ်အတွင်း ထိခိုက်သူအရေအတွက်က နှစ်ဆကျော်တက်သွားခဲ့တယ်လို့ အဲဒီအစီရင်ခံစာမှာ ဖော်ပြပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အခြေအနေတွေ ပိုပြီးဆိုးရွားလာတာကို ဒီကိန်းဂဏန်းတွေက ပြသနေပါတယ်။ ရှမ်းပြည်နဲ့ စစ်ကိုင်းတိုင်းဒေသကြီးတို့ဟာ ထိခိုက်မှုအများဆုံး ဖြစ်ပွားခဲ့တဲ့ ဒေသတွေထဲမှာ ပါဝင်ပါတယ်။ ထိခိုက်သူ ၈၆ ရာခိုင်နှုန်းဟာ ပြည်သူတွေဖြစ်ပြီး အများစုက လူထိမိရင် ပေါက်ကွဲတဲ့ မိုင်းတွေကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။

၁၉၉၉ ခုနှစ်ကစလို့ မြန်မာနိုင်ငံအတွက် အချက်အလက်စုဆောင်းထားတဲ့ မှတ်တမ်းအရ လူပေါင်း အနည်းဆုံး ၉,၂၀၆ ဦး မိုင်းနဲ့ မပေါက်ကွဲသေးတဲ့ စစ်လက်ကျန်မိုင်းတွေကြောင့် သေဆုံးမှု ဒါမှမဟုတ် ဒဏ်ရာရခဲ့ပါတယ်။ ဒါပေမယ့် တကယ့်လက်တွေ့မှာ ဒီအရေအတွက်ထက်ပိုနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။

အစီရင်ခံစာအရ လက်နက်ကိုင်ဘက်က လူကိုပစ်မှတ်ထားတဲ့ မိုင်းတွေကို ဆက်လက်ထုတ်လုပ်ပြီး မကြာခဏလည်း အသုံးပြုနေတယ်လို့ ဖော်ပြထားပါတယ်။

UNOCHA ကတော့ ၂၀၂၃ ခုနှစ်အတွင်းမှာ မြေမြုပ်မိုင်းကြောင့် ထိခိုက်သေဆုံးသူ ၁,၀၀၀ ကျော်ရှိတယ်လို့ ဖော်ပြထားပါတယ်။ အဲဒီမှာတော့ စစ်ကိုင်းတိုင်းက ၃၅ ရာနှုန်းနဲ့ အများဆုံး ရှမ်းပြည်မှာ ၁၂ ရာနှုန်း ရှိပါတယ်။


UNICEF ရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၄ ခုနှစ် ပထမ ၉ လအတွင်း မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ စစ်လက်နက်အကြွင်းအကျန်တွေကြောင့် အရပ်သား ၈၈၉ ယောက် သေဆုံးခဲ့ပါတယ်။ သေဆုံးမှုတွေရဲ့ ၂၅ % ဖြစ်တဲ့ ၂၀၀ ကျော်ဟာ ရှမ်းပြည်မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းထဲမှာတော့ ၁၇ % ရှိခဲ့ပါတယ်။

၂၀၂၄ ခုနှစ်မှာ လူ ၂,၀၂၉ ဦး သေဆုံး ဒါမှမဟုတ် ဒဏ်ရာရခဲ့ပြီး၊ ၂၀၂၃ ခုနှစ်မှာ ၁,၀၀၃ ဦး၊ ၂၀၂၂ ခုနှစ်မှာတော့ ၅၄၅ ဦး ရှိခဲ့ပါတယ်။

၂၀၂၅ အောက်တိုဘာလအထိ မြို့နယ် ၃၃၀ ထဲက ၂၁၁ မြို့နယ်မှာ မိုင်း ဒါမှမဟုတ် ပေါက်ကွဲစေတတ်တဲ့ ကျန်ရစ်ပစ္စည်းတွေ ရှိနိုင်တယ်လို့ သိရပါတယ်။ ကုလသမဂ္ဂက မြန်မာနိုင်ငံကို “မြေမြှုပ်မိုင်းတွေနဲ့ ပြန့်ကျဲနေတဲ့ နိုင်ငံ” လို့ ဖော်ပြခဲ့ဖူးပါတယ်။

ဒါ့အပြင် လက်နက်ကိုင်တပ်ဖွဲ့တစ်ချို့ မှ ပြည်သူတွေကို လူသားဒိုင်းအဖြစ် အသုံးပြုတာ၊ မိုင်းရှိနိုင်တဲ့နေရာတွေမှာ စစ်သားတွေအရှေ့ လမ်းလျှောက်ခိုင်းတာမျိုးတွေ ရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေကိုလည်း မှတ်တမ်းတင်ထားပါတယ်။

မြန်မာနိုင်ငံက တိုက်ပွဲဖြစ်ပွားနေတဲ့၊ ဖြစ်ပွားခဲ့တဲ့၊ နှစ်ဖက်တပ်တွေ လှုပ်ရှားသွားလာမှုရှိတဲ့ နေရာဒေသတွေက ပြည်သူတွေအနေနဲ့ ဘေးကင်းလုံခြုံမှုအရေးဟာ စိန်ခေါ်မှုတစ်ရပ် ဖြစ်နေဆဲပါ။ ဒါ့ကြောင့် မိုင်းနဲ့ မပေါက်ကွဲသေးတဲ့ စစ်လက်ကျန်မိုင်း အသိ၊ သတိ အမြဲရှိဖို့အတွက် တိုက်တွန်းလိုက်ရပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မိဘများ ကိုယ့်ကလေးကိုသင်ပေးပါ (မိုင်းအန္တရာယ် ကာကွယ်ရေး)

“အိမ်ပြန်ရောက်လို့ ဝမ်းသာပေမယ့်၊ ခြေလှမ်းတိုင်းမှာ သတိထားပါ”

လုံခြုံဘေးကင်းသော တောင်ယာလုပ်ငန်းခွင်နှင့် ခရီးသွားပြည်သူများ မိုင်းအန္တရာယ် သတိပြုရန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
July 10, 2026

အရှို (ချင်း) အမျိုးသားကာကွယ်ရေးတပ်ကို ဖွဲ့စည်းတည်ထောင်ဟု ACNFC နှင့် ရိုးမဒေါင်းတပ်ဖွဲ့တို့ ပူးတွဲကြေညာ

July 10, 2026

ချင်းအပါဝင် မြန်မာနိုင်ငံတဝှမ်းတွင် စစ်တပ်ကြောင့် (၆)လ အတွင်း အမျိုးသမီး ၃၀၀ ကျော်သေဆုံး

July 10, 2026

ပလက်ဝအပါအဝင် မြို့နယ် ၇ ခုတွင် ရေကြီးရေလျှံမှု ပိုဆိုးရွာလာနိုင်ခြေရှိသည်ဟု HDCO ထုတ်ပြန်

July 9, 2026

ပလက်ဝနှင့်ဆမီးတွင် ရေကြီးမှုကြောင့် ပျက်စီးမှုများရှိနေ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.