Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Editor's Pick»လက်လုပ်ပေါက်ကွဲစေတတ်သော ပစ္စည်းများ – IED

လက်လုပ်ပေါက်ကွဲစေတတ်သော ပစ္စည်းများ – IED

0
By Editor on June 17, 2026 Editor's Pick

အလုပ်လုပ်ပုံ

• လက်လုပ်ပေါက်ကွဲစေတတ်သော ပစ္စည်းတွေဟာ စက်ရုံထုတ်မဟုတ်ဘဲ လက်လုပ်ဖြစ်တဲ့အတွက် ပုံသဏ္ဍာန်ကို ခန့်မှန်းရခက်ပါတယ်။ ဟောင်းနွမ်းနေတဲ့ ဗုံးတွေထဲက ယမ်းမှုန့်တွေ၊ အိမ်သုံး ဓာတုပစ္စည်းတွေကို အသုံးပြုပြီး ပြုလုပ်ထားတတ်ပါတယ်။ ဆဲလ်ဖုန်းလို၊ Remote Control လို ရိုးရှင်းတဲ့ ဖိအားပေးစနစ်တွေနဲ့ ဖောက်ခွဲတတ်ကြပါတယ်။

လက်လုပ်ပေါက်ကွဲစေတတ်သောပစ္စည်း ရှိတတ်သည့် နေရာများ

• “လက်လုပ်” ဖြစ်တဲ့အတွက်ကြောင့် ကျွန်မတို့ အိမ်တွင်း၊ အိမ်ပြင်၊ ပတ်ဝန်းကျင်က ဘယ်နေရာမှာမဆို… ဥပမာ – လမ်းဘေးမှာ ရပ်ထားတဲ့ ဆိုင်ကယ် စတဲ့ ဘယ်ပစ္စည်းထဲမှာမဆို ထည့်ပြီး ပေါက်ကွဲအောင် လုပ်ဆောင်နိုင်ပါတယ်။

ဘာကြောင့် အန္တရာယ်ပိုရှိသလဲ

• လက်လုပ်ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေဟာ စံချိန်စံညွှန်းမရှိတဲ့အတွက် အပူလွန်ကဲလာတဲ့အခါ၊ လှုပ်ခါမိတဲ့အခါ၊ ဘက်ထရီယိုစိမ့်မှုတွေဖြစ်လာတဲ့အခါ အလိုအလျောက် ပေါက်ကွဲတတ်ပြီး အလွန်မတည်ငြိမ်ပါဘူး။ ပေါက်ကွဲအား ပြင်းထန်စေဖို့အတွက် အထဲမှာ သံတိုသံစတွေ၊ ဖန်စတွေကို ထည့်သွင်းထားတတ်ပါတယ်။

လက်လုပ်ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ ထောင်ချောက် အကြောင်းကိုလည်း ဆက်လက်ရှင်းပြပေးသွားပါမယ်။

အတွေ့ရအများဆုံးသော ပုံစံများ

• တံခါးဖွင့်လိုက်တာနဲ့ ထိခိုက်မိအောင်၊ ပေါက်ကွဲအောင် လုပ်ထားတာ။
• အရာဝတ္တုတွေ၊ သေဆုံးသူတွေရဲ့ ရုပ်ကလာပ်တွေကို ဖယ်လိုက်ရင် (ဒါမှမဟုတ်) ကောက်ယူလိုက်ရင် ပေါက်ကွဲအောင် မိုင်းနဲ့ တွဲထားတာ။
• လှေကားအတက်အဆင်း၊ ကြမ်းပြင်တွေအောက် စတဲ့နေရာတွေမှာ ဝှက်ထားပြီး နင်းမိတဲ့အခါ ထိခိုက်မိအောင်၊ ပေါက်ကွဲအောင်လုပ်တာ။

စသဖြင့်ရှိတတ်ပါတယ်။

သတိထားရမည့် အချက်များ

• မသင်္ကာစရာ နေရာလွဲနေတဲ့ ပစ္စည်းတွေ၊ နန်းကြိုးမျှင်တွေ၊ ငါးမျှားကြိုးတွေ သို့မဟုတ် တမင်ချန်ထားခဲ့သလိုမျိုးဖြစ်နေတဲ့ ပစ္စည်းတွေကို သတိထားပါ။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မိဘများ ကိုယ့်ကလေးကိုသင်ပေးပါ (မိုင်းအန္တရာယ် ကာကွယ်ရေး)

“အိမ်ပြန်ရောက်လို့ ဝမ်းသာပေမယ့်၊ ခြေလှမ်းတိုင်းမှာ သတိထားပါ”

လုံခြုံဘေးကင်းသော တောင်ယာလုပ်ငန်းခွင်နှင့် ခရီးသွားပြည်သူများ မိုင်းအန္တရာယ် သတိပြုရန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
July 10, 2026

အရှို (ချင်း) အမျိုးသားကာကွယ်ရေးတပ်ကို ဖွဲ့စည်းတည်ထောင်ဟု ACNFC နှင့် ရိုးမဒေါင်းတပ်ဖွဲ့တို့ ပူးတွဲကြေညာ

July 10, 2026

ချင်းအပါဝင် မြန်မာနိုင်ငံတဝှမ်းတွင် စစ်တပ်ကြောင့် (၆)လ အတွင်း အမျိုးသမီး ၃၀၀ ကျော်သေဆုံး

July 10, 2026

ပလက်ဝအပါအဝင် မြို့နယ် ၇ ခုတွင် ရေကြီးရေလျှံမှု ပိုဆိုးရွာလာနိုင်ခြေရှိသည်ဟု HDCO ထုတ်ပြန်

July 9, 2026

ပလက်ဝနှင့်ဆမီးတွင် ရေကြီးမှုကြောင့် ပျက်စီးမှုများရှိနေ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.