Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»လူသတ်မှုကျူးလွန်သော မြန်မာစစ်ရှောင်အမျိုးသားတစ်ဦးကို မီဇိုရမ်တရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ်တသက်ချ

လူသတ်မှုကျူးလွန်သော မြန်မာစစ်ရှောင်အမျိုးသားတစ်ဦးကို မီဇိုရမ်တရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ်တသက်ချ

0
By Editor on July 31, 2023 Khonumthung

(05MK)

မီဇိုရမ်ပြည်နယ် Khawbung ကျေးရွာတွင် စစ်ဘေးရှောင်လာသော အသက် ၃၈ နှစ်အရွယ် Pu Hrang Than Ce ကို လူသတ်မှုကျူးလွန်ကြောင်း ပြစ်မှုထင်ရှားသည့်အတွက် ကျန်ဖိုင်းခရိုင်တရားသူကြီး Sylvie Ralte က အလုပ်ကြမ်းနှင့် ထောင်ဒဏ်တစ်သက် ချလိုက်သည်ဟု သိရသည်။ 

Pu Hrang Than Ce သည် မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုဖြစ်ပွားသည့်နောက်ပိုင်း မီဇိုရမ်ပြည်နယ် Khawbung ကျေးရွာသို့ စစ်ဘေးတိမ်းရှောင်လာသူဖြစ်ပြီး ၂၀၂၂ ခုနှစ်တုန်းက အကြွေးရှင် Pu Ngo Khan Do ဆိုသူကို သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု မီဇိုရမ်သတင်းဌာနများတွင် ဖော်ြပသည်။ 

တီးတိန်မြို့နယ် လမ်ဇန်ကျေးရွာသား Pu Ngo Khan Do သည် လျှပ်စစ်ပစ္စည်းများကို မီဇိုရမ်ပြည်နယ်ဘက်သို့ နယ်လှည့် ရောင်းချနေသူဖြစ်ကာ ၎င်း၏ စက်လွှ (Chain Saw) ရူပီး ၃၅၀၀၀ တန်ကို Pu Hrang Than Ce က ရူပီး နှစ်သောင်းရှင်းကာ တစ်သောင်းခွဲ အကြွေးချန်ခဲ့သည်ဟု သိရသည်။ 

ထိုအကြွေးကို ၂၀၂၂ ခုနှစ် ဩဂုတ်လ ၁၃ ရက်နေ့တွင် သွားတောင်းသည့်အချိန်တွင် Pu Ngo Khan Do ကို Pu Hrang Than Ce က တူဖြင့် အချက်ပေါင်းများစွာထုပြီးနောက် သတ်ဖြတ်ကာ အလောင်းကိုလည်း ဖျောက်ခဲ့သည်ဟု သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ကျန်ဖိုင်းခရိုင်တရားရုံးက ဇူလိုင် ၂၇ ရက်နေ့က အမှုကြားနာစစ်ဆေးရာတွင် Pu Hrang Than Ce ကို တရားသူကြီး Sylvie Ralte က အလုပ်ကြမ်းနှင့်ထောင်ဒဏ်တသက် နှင့် ဒဏ်ငွေ ရူပီး ၁၅၀၀၀ အမိန့်ချခဲ့ခြင်းဖြစ် သည်။ 

Pu Hrang Than Ce သည် ချင်းပြည်နယ် ဖလမ်းမြို့နယ် Hnahthial ကျေးရွာကဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် တီးတိန်-ရိဒ်ကြား လမ်းပိုင်းဆိုးရွားစွာပျက်စီး

အားကောင်းသော လေဖိအားနည်းရပ်ဝန်းသည် ချင်းပြည်ကို ဖြတ်ကျော်နေပြီး ချင်း၊ ရခိုင်အပါအဝင် တိုင်းနှင့်ပြည်နယ်အချို့တွင် မိုးကြီးမည်

ထန်တလန်မြို့နယ်တွင် နိုဝင်ဘာလ ၃၀ ရက်နေ့အထိ ငါးဖမ်းခြင်း ပိတ်ပင်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
October 2, 2026

ရခိုင်ပြည်သူ အစုအပြုံလိုက်သေဆုံးရသော ကျောက်တော်ဗုံးကြဲခံရမှု CNF က အပြင်းအထန် ရှုတ်ချ

October 2, 2026

မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် တီးတိန်-ရိဒ်ကြား လမ်းပိုင်းဆိုးရွားစွာပျက်စီး

October 2, 2026

ချင်းပြည်မှာ သဘာဝဘေးဒဏ်နှင့် ရင်ဆိုင်နေရပြီဟု ချင်းလူမှုဖွံ့ဖြိုးရေးဝန်ကြီးပြော

September 30, 2026

မံဆောင်းတံတားတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တီးတိန်သို့ ပြန်လည်ဆုတ်ခွာ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.