Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Editor's Pick»လူသတ် ခုန်ပျံ/ကြွမိုင်းနဲ့ လူသတ် ရှေ့ထွက်/ဦးတည်မိုင်း

လူသတ် ခုန်ပျံ/ကြွမိုင်းနဲ့ လူသတ် ရှေ့ထွက်/ဦးတည်မိုင်း

0
By Editor on June 10, 2026 Editor's Pick

လူသတ် ခုန်ပျံ/ ကြွမိုင်းနှင့် ရှေ့ထွက်/ ဦးတည်မိုင်း တွေ ဘယ်လိုအလုပ်လုပ်သလဲ? ကြိုတင် သိရှိနားလည်ခြင်းအားဖြင့် ဘယ်လို ကာကွယ်မလဲ?

လူသတ် ခုန်ပျံ/ကြွမိုင်း

• ဒီမိုင်းက နင်းမိတဲ့အခါ ဒါမှမဟုတ် တိုက်ကြိုးကို ထိမိတဲ့အခါ မိုင်းကိုယ်ထည်က ၁ မီတာအမြင့်လောက်ထိ လေပေါ် မြောက်တက်လာပါတယ်။ အဲဒီလို လေပေါ်မြောက်တက်လာပြီးမှ ပေါက်ကွဲတာဖြစ်ပါတယ်။

• ဘာကြောင့် ပိုအန္တရာယ်ရှိသလဲ ဆိုရင် သူက မြေပြင်ပေါ်မှာ ပေါက်ကွဲတာမဟုတ်ဘဲ လေထဲမှာ ပေါက်ကွဲတာဖြစ်တဲ့အတွက် အစအနတွေဟာ မြေကြီးထဲ နစ်ဝင်မသွားဘဲ လူ့ခန္ဓာကိုယ်ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတွေ (ဦးခေါင်း၊ ရင်ဘတ်၊ ဝမ်းဗိုက်) ရှိရာ အမြင့်ကို တိုက်ရိုက်လွင့်စင်လာပါတယ်။ ဒါကြောင့် ခြေထောက်ပြတ်ရုံတင်မကဘဲ တခြားခန္ဓာကိုယ်ထိပါ ထိခိုက်နိုင်သလို အသက်သေဆုံးစေဖို့အထိ ရည်ရွယ်တာဖြစ်ပါတယ်။

• အသွင်အပြင်နှင့် အမှတ်အသား တွေကတော့ များသောအားဖြင့် သံဗူးပုံစံ (ဆလင်ဒါပုံစံ) ရှိပြီး သံနဲ့ ပြုလုပ်ထားပါတယ်။ မြေကြီးပေါ်မှာ “ဦးမှို” လို့ခေါ်တဲ့ သံချောင်းလေးတွေ ဒါမှမဟုတ် အာရုံခံတံလေးတွေ ပြူထွက်နေတာကိုပဲ မြင်ရတတ်ပါတယ်။ မြေကြီး ဒါမှမဟုတ် သစ်ရွက်ခြောက်တွေကြားထဲက သံစူးလေးတွေ ပြူထွက်နေရင် ဒါဟာ ကြွမိုင်းဖြစ်နိုင်ပါတယ်။

လူသတ် ရှေ့ထွက်/ဦးတည်မိုင်း

• ရှေ့ထွက် ဒါမှမဟုတ် ဦးတည်မိုင်းပါ။ တခြားမိုင်းတွေက ဘေးပတ်ပတ်လည်ကို ပေါက်ကွဲပေမယ့် ဒီမိုင်းကတော့ သတ်မှတ်ထားတဲ့ လမ်းကြောင်းအတိုင်း ရှေ့တည့်တည့်ကိုပဲ ဦးတည်ပေါက်ကွဲအောင် ပြုလုပ်ထားတာဖြစ်ပါတယ်။ သူ့ကို အများဆုံး တွေ့မြင်ရတတ်တဲ့ နေရာတွေကတော့ မြေကြီးပေါ်မှာ ဒေါက်တိုင်လေးတွေနဲ့ ထောင်ထားတာ ဒါမှမဟုတ် သစ်ပင်တွေမှာ ကပ်ပြီး တပ်ဆင်ထားတာ ဖြစ်ပါတယ်။

• ပေါက်ကွဲမှု သဘောသဘာဝ – မိုင်းရဲ့ အတွင်းဘက်မှာ သံလုံးလေးပေါင်း ရာနဲ့ချီ စီထည့်ထားပါတယ်။ ပေါက်ကွဲတဲ့အခါ အဲ့ဒီသံလုံးလေးတွေဟာ အရှိန်ပြင်းပြင်းနဲ့ ရှေ့ကို လွင့်စင်သွားတာကြောင့် မီတာ ၅၀ ကနေ ၁၀၀ အကွာအဝေး အတွင်းမှာရှိတဲ့ ရန်သူ ဒါမှမဟုတ် ပစ်မှတ်ကို အစုလိုက်အပြုံလိုက် ထိခိုက်သေဆုံးစေပါတယ်။

• ပေါက်ကွဲစေသည့် နည်းလမ်း – သူကို ကြိုးနဲ့သွယ်တန်းထားပြီး အဲဒီကြိုးကို ထိမိတဲ့အခါ ပေါက်ကွဲစေနိုင်သလို၊ လူကိုယ်တိုင် ခလုတ်နှိပ်ပြီး Remote Control နဲ့ ဖောက်ခွဲတာမျိုးလည်း လုပ်နိုင်ပါတယ်။ မြေပြင်အထက်မှာ ရှိနေတာကြောင့် သူ့ရဲ့ အကွေးပုံသဏ္ဍာန်ကို မမြင်ရအောင် သစ်ရွက်တွေ၊ ပိုက်ကွန်တွေနဲ့ ဖုံးအုပ်ထားတတ်ပါတယ်။

• မြန်မာနိုင်ငံမှာ လက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ တစ်ဖက်နဲ့တစ်ဖက် ရန်သူများ ကျဆုံးစေရန် ရည်ရွယ်ပြီး မိုင်းဆွဲတိုက်ခိုက်တဲ့အခါ ဒီလိုမိုင်းအမျိုးအစားတွေကို အများဆုံး အသုံးပြုနေတာကို တွေ့ရှိရပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မိဘများ ကိုယ့်ကလေးကိုသင်ပေးပါ (မိုင်းအန္တရာယ် ကာကွယ်ရေး)

“အိမ်ပြန်ရောက်လို့ ဝမ်းသာပေမယ့်၊ ခြေလှမ်းတိုင်းမှာ သတိထားပါ”

လုံခြုံဘေးကင်းသော တောင်ယာလုပ်ငန်းခွင်နှင့် ခရီးသွားပြည်သူများ မိုင်းအန္တရာယ် သတိပြုရန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.