Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»လေကြောင်းရန်ကာကွယ်ရေးတပ်မှ ခွာစစ်ဆင်လာသော စစ်ယာဉ်တန်းကို CDF – အရှို တိုက်ခိုက်၊ စစ်ကောင်စီဘက် ၇ ဦးသေဆုံး

လေကြောင်းရန်ကာကွယ်ရေးတပ်မှ ခွာစစ်ဆင်လာသော စစ်ယာဉ်တန်းကို CDF – အရှို တိုက်ခိုက်၊ စစ်ကောင်စီဘက် ၇ ဦးသေဆုံး

0
By Editor on February 24, 2025 Headline

ရခိုင်-မကွေး အစပ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ နည်းမျိုးစုံဖြင့် ဆက်သွယ်လက်နက်ချနိုင်ဟု CDF နှင့် PDF ပူးပေါင်းထုတ်ပြန်

(006SV)

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးတပ်မှ လက်နက်ခဲယမ်းများတင်ဆောင်ပြီး ဆုတ်ခွာစစ်ဆင်လာသည့် စစ်ကောင်စီယာဉ်တန်းကို တိုက်ခိုက်ရာ စစ်ယာဉ် ၂ စီးပျက်စီးကာ ထိခိုက်သေဆုံးမှုများပြားကြောင်း ချင်းကာကွယ်ရေးတပ် – အရှို (CDF–Asho) ထံမှ သိရသည်။

ဖေဖော်ဝါရီလ ၂၂ ရက် နေ့လည် ၁ နာရီခန့်တွင် နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးတပ်မှ လက်နက်ခဲယမ်များ တင် ဆောင်လာသည့် စစ်ယာဉ်တန်းနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၀၀ ကျော်ခန့်ကို တိုက်ခိုက်ရာ တိုက်ပွဲမှာ တနာရီဝန်းကျင်ခန့် ဖြစ်ပွားသည်ဟု CDF – အရှို့မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းရိုးရှင်းက ပြောသည်။

“ဆုတ်ခွာလာတယ်ဆိုတာက တစခန်းလုံး ဆုတ်ခွာလာတာ မဟုတ်ပဲနဲ့ လက်နက်ခဲယမ်းတွေကို မြေပြန့်ဘက်က တပ်ရင်းတွေကို ရွေ့တာမျိုးလို့ ယူဆရပါတယ်။ အခုက တိုက်ပွဲဖြစ်ပြီးတဲ့ နေရာအဝန်းအဝိုင်းရော၊ နတ်ရေကန်လမ်းဟောင်း တလျှောက်လုံး မှာရော နေရာတော်တော်များများမှာ စကစတွေက တပ်စွဲထားပြီးမှ လမ်းကြောင်းမှာ လုံခြုံရေးအခိုင်အမာ ယူထားပြီးမှ လက်နက်ခဲယမ်းတွေကို ရွေ့ပြောင်းနေတာ ဖြစ်ပါတယ်” ဟု ဆလိုင်းရိုးရှင်းက ပြောသည်။

ငဖဲမြို့နယ်၊ ပျဉ်းဝစစ်ဆေးရေးဂိတ်အနောက်ဘက် မီတာ ၃၀၀၀ ခန့်အကွာ နတ်ရေကန် လမ်းဟောင်းတွင် စစ်ကောင်စီယာဉ် တန်းကို ဖြတ်တောက်တိုက်ခိုက်ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာများ များပြားသည်ဟု သိရသည်။

စစ်ကောင်စီစစ်ယာဉ်တန်းမှ စစ်ကား ၂ စီး ပျက်စီးခဲ့ပြီး လက်နက်ငယ် ၄ လက်နှင့် ခဲယမ်းတချို့ကို သိမ်းဆည်းရမိသည်ဟု သိရသည်။

စစ်ကောင်စီယာဉ်တန်းကို ရှင်းလင်းရေး ဆောင်ရွက်စဉ် CDF – အရှို့မှ ရဲဘော် ၁ ဦးထိခိုက်သေဆုံးပြီး ရဲဘော် ၁ ဦးမှာ မစိုးရိမ်းရ ထိခိုက်ဒဏ်ရာများ ရရှိသည်ဟု သိရသည်။

“ရန်သူရဲ့ ကားတွေ ကျနော်တို့ ရှေ့ကို ရောက်လာပြီး အနီးကပ်ပစ်ခတ်ပြီးတော့ ကားတစီး မီးလောင်သွားတယ်။ တစီးပျက်စီးသွားတဲ့အချိန်မှာ ကျနော်တို့ ရှင်းလင်းဖို့ ကားအနားကို ကပ်တဲ့အချိန်မှာ မီတာ ၂၀၀ ကျော်အဝေးမှာ ရှိနေတဲ့ ကျနော်တို့ မပစ်ရသေးတဲ့ ကား ၂စီးအနားက စကစတွေက ပြန်လည်ပစ်ခတ်လို့ တဦးကို မှန်ပြီး ကျဆုံးသွားတယ်။ တဦးကတော့ အဲဒီပစ်ခတ်မှုမှာပဲ ဒဏ်ရာရရှိသွားတာဖြစ်ပါတယ်”ဟု ဆလိုင်းရိုးရှင်းက ပြောသည်။

ရခိုင်- မကွေးအစပ်က အမ်း- ပဒါန်းလမ်းပေါ်ရှိ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်နေသည့် အာရက္ခတပ်တော် AA ထိုးစစ်ဆင်မှုသည် နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးစခန်းအနီးသို့ ရောက်လာပြီဖြစ်ကြောင်း သိရသည်။

ငဖဲမြို့နယ်၊ အမ်း- ပဒါန်းလမ်းပေါ်ရှိ ဂုတ်စီးရိုးကျေးရွာအနီးတွင် စစ်ကောင်စီ၏ တမခ – ၉၉ လက်အောက်ခံ ခမရ ၄၁၉၊ ခမရ ၁၄ တပ်ရင်း ပူးပေါင်းတပ်များနှင့် အာရက္ခတပ်တော်တို့သည် ဇန်နဝါရီလ ၂၇ ရက်က တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီက ဆုတ်ခွာနေရကြောင်း အာရက္ခတပ်တော် ထုတ်ပြန်ထားသည်။

အမ်း- ပဒါန်းလမ်းတွင် စစ်ကောင်စီစခန်းများမှ ပုံစံမျိုးစုံဖြင့် ထွတ်ပြေးလာသူများသည် ထွက်ပြေးရာလမ်းတွင် တော်လှန်ရေး တပ်ဖွဲ့များကို အမြင်မှားလျက် ကြောက်လန့်ကာ ပြန်လည်ပစ်ခတ်မှုများကြောင့် မိမိတို့မှ ပြန်လည်ပစ်ခတ်ကာ တုံ့ပြန်နေရ ကြောင်း မဟာမိတ်ပူးပေါင်းတပ်ဖွဲ့က ဖေဖော်ဝါရီလ ၂၃ ရက်မှာ ထုတ်ပြန်သည်။

ရခိုင်- မကွေးအစပ်က စစ်ကောင်စီတပ်ဖွဲ့များမှ စခန်စွန့်ခွာထွက်ပြေးပြီး တော်လှန်ရေးတပ်ဖွဲ့နှင့် ပူးပေါင်းလိုပါက မိမိတို့ တော်လှန်ရေးတပ်ဖွဲ့ထံ ဖုန်း၊ အင်တာနက်စသည့် နည်းမျိုးစုံ ဆက်သွယ်၍ ဖြစ်စေ၊ မိမိတို့ထံ ဆက်သွယ်၍ မရပါက ထွက်ပြေးလာစဉ် ထိတွေ့တိုက်ပွဲဖြစ်ချိန်မှာ အလံဖြူ အချက်ပြခြင်း၊ လက်နက်ချမည့်အကြောင်း အသံပြုခြင်းတို့ ပြုလုပ်နိုင်ကြောင်း သိရသည်။

ယင်းသို့ တော်လှန်ရေးတပ်ဖွဲ့များ၊ ပြည်သူများနှင့် ပူးပေါင်းလုပ်ဆောင်ပါက အသက်အန္တရာယ် တစုံတရာ မဖြစ်စေဘဲ လူသား ချင်းစာနာစွာ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ရခိုင်- မကွေးအစပ်မှာ စစ်ရေးလှုပ်ရှားနေသော အရှိုချင်းကာကွယ်ရေးတပ် – ACDF ၊ PDF – မင်းလှ နှင့် ပြည်သူ့လွတ်လပ်ရေးတပ်တော် – PIA တို့က ပူးပေါင်းထုတ်ပြန်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

ကလေးလူငယ်များကို လက်နက်ကိုင်အဖွဲ့များက အဓမ္မစစ်မှုထမ်းစေခြင်းကို ကန့်ကွက်ကြောင်း ချင်းပညာရေးစီဒီအမ်အဖွဲ့ ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.