Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ဝမ္မသူးဆေးရုံ တိုက်ခိုက်ခံရမှု သေဆုံးသူ ၅ ဦးနှင့် ဒဏ်ရာရသူ ၃၀ ဦးအထိ တိုးလာ၊ ကုသရေးပြန်လည်ထူထောင်နိုင်ရန် ကူညီထောက်ပံ့မှုများ အရေးပေါ်လိုအပ်နေ
ပုံစာ - ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ရှိ ဝမ္မသူးဆေးရုံ တိုက်ခိုက်ခံရမှုဖြစ်စဉ်အပြီး။

ဝမ္မသူးဆေးရုံ တိုက်ခိုက်ခံရမှု သေဆုံးသူ ၅ ဦးနှင့် ဒဏ်ရာရသူ ၃၀ ဦးအထိ တိုးလာ၊ ကုသရေးပြန်လည်ထူထောင်နိုင်ရန် ကူညီထောက်ပံ့မှုများ အရေးပေါ်လိုအပ်နေ

0
By Editor on April 27, 2024 Headline

(006SV)

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ထဲက ဝမ္မသူးဆေးရုံ လေကြောင်းတိုက်ခိုက်ခံရမှုတွင် သေဆုံးသူ ၅ ဦးနှင့် ထိခိုက် ဒဏ်ရာရရှိသူ ၃၀ ဦးအထိ တိုးလာပြီး ဆေးရုံတစ်ခုလုံး မီးလောင်ပျက်စီးသွား၍ ကျန်းမာရေးစောင့်ရှောက်မှု ပြန်လည်ပေးနိုင်ရန် ကူညီထောက်ပံ့မှုများ အရေးတကြီး လိုအပ်နေကြောင်း သတင်းရရှိသည်။

ဧပြီလ ၂၅ ရက် ည ၈ နာရီခန့်က စစ်ကောင်စီက ဝမ္မသူး ဆေးရုံကို လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ရာတွင် ပေါင် ၅၀၀ ဗုံး ၄ လုံးကျော်အထိ အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

ပထမအကြိမ်တွင် လူနာများ ကုသနေသည့် အပေါ်ဆေးရုံထိခိုက်ပျက်စီးခဲ့ပြီး လူနာများ၊ လူနာစောင့်များ ၃၀ ဦးခန့် ထိခိုက်ဒဏ်ရာများရရှိခဲ့ကာ အမျိုးသား ၅ ဦး သေဆုံးကြောင်း၊ ဒုတိယအကြိမ်တွင် ဆေးပစ္စည်နှင့် အခြားပစ္စည်းများ သိုလှောင်သည့် အောက်ဆေးရုံ၊ ကျန်းမာရေးဝန်ထမ်း အိမ်ရာများ ထိခိုက်ပျက်စီး မီးလောင်သွားခဲ့ကြောင်း သိရသည်။

လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ခွဲစိတ်ခန်း၊ လူနာဆောင်၊ ဓါတ်ခွဲခန်း၊ ခွဲစိတ်ခန်းသုံး ပစ္စည်းများနှင့်တကွ ဆေးရုံကား၊ ဆီပေပါ၊ ဆေးဝါးနှင့် ခွဲစိတ်ပစ္စည်းများ၊ ကျန်းမာရေးဝန်ထမ်း အိမ်ရာနှင့်တကွ အသုံးအဆောင်ပစ္စည်းပေါင်း ကာလတန်ဖိုး သိန်းတစ်သောင်းခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

ဝမ္မသူး ဆေးရုံးသည် မင်းတပ်မြို့နယ်တစ်ခုလုံးသာမက ချင်းပြည်တောင်ပိုင်း မတူပီ၊ ကန်ပက်လက်၊ ပလက်ဝနှင့်တကွ မကွေးတိုင်းထဲက ဂန့်ဂေါ၊ ထီးလင်း၊ ကျောက်ထု၊ ဆော၊ လောင်းရှည်၊ စေတုတ္တရာ၊ ပွင့်ဖြူ၊ ဆိပ်ဖြူ၊ ပေါက်၊ မြိုင်၊ စစ်ကိုင်းတိုင်းထဲက ပုလဲ၊ ယင်းမာပင်ဒေသတို့က တော်လှန်ရေးရဲဘော်များ၊ ပြည်သူများကို အဓိက ကုသပေးနေသည့် ဆေးရုံးဖြစ်ကြောင်း သိရသည်။

“ဝမ္မသူးဆေးရုံဟာ တော်လှန်ရေးရဲဘော်တွေ၊ ပြည်သူတွေရဲ့ အားထားရာ ဆေးရုံတစ်ခုဖြစ်ပြီး လက်ရှိတော်လှန်ရေး ကာလတလျှောက်မှာ အသေးစား၊ အကြီးစား ခွဲစိတ်မှုနှင့်တကွ ပြည်သူတွေကို အခမဲ့နီးပါး (တော်လှန်ရေးရဲဘော်တွေကို အခမဲ့) ကျန်းမာရေးဝန်ဆောင်မှုပေးနေတဲ့ ပြည်သူ့ဆေးရုံတစ်ခုဖြစ်ပါတယ်” ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်သည်။

ထို့ကြောင့် တော်လှန်ရေးနှင့် ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရန် လိုအပ်သောကြောင့် ကုသရေး ပြန်လည် ထူထောင်လည်ပတ်နိုင်ရန် ကူညီထောက်ပံ့မှုများ အရေးတကြီး လိုအပ်လျက်ရှိကြောင်း သိရသည်။

ဝမ္မသူးဆေးရုံသည် CDM ကျန်းမာရေးဝန်ထမ်းများအပါအဝင် ဆရာဝန်များ၊ သူနာပြုများနှင့် အခြားကျန်းမာရေးဝန်ထမ်းများဖြင့် ကျန်မာရေးစောင့်ရှောက်မှုပေးနေပြီး ဗုံးကြဲတိုက်ခိုက်မှုတွင် ကံကောင်းစွာဖြင့် ထိခိုက်ဒဏ်ရာ မရရှိခဲ့ကြောင်း သိရသည်။

၂၀၂၃ နှင့် ၂၀၂၄ အတွင်း ဝမ္မသူးဆေးရုံကို ဦးတည်၍ မင်းတပ်မြို့ပေါ်ရှိ ခလရ (၂၇၄) တပ်ရင်းမှ ဟောင်ဝစ်ဇာဖြင့် အကြိမ်ပေါင်း ၂၀ နီးပါးတွင် လက်နက်ကြီး အလုံးရေ ၆၀ ခန့်ပစ်ခတ်ခဲ့ပြီး ကျေးရွာနေပြည်သူများ၊ အိုးအိမ်များ ထိခိုက်၊ ပျက်စီးခဲ့ရကြောင်း သိရသည်။

၂၀၂၄ ဇန်နဝါရီလ ၁၅ ရက်တွင် ဝမ္မသူးရွာကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ရာမှာ သက်ကြီးရွယ်အို အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှုများလည်းရှိခဲ့ကြောင်း၊ ကျေးရွာလူနေအိမ်များလည်း ပျက်စီးခဲ့ကြောင်း သိရသည်။

၂၀၂၃ ဖေဖော်ဝါရီလ ၁၅ ရက်ကလည်း စစ်ကောင်စီက စစ်ကြောင်းထိုးလာပြီး ဝမ္မသူး ဆေးရုံတစ်ခုလုံံးကို မြေလှန်ဖျက်စီးခဲ့ကာ ဆေးဝါး၊ ထိုင်ခုံ၊ ဗီရို၊ ခွဲစိတ်ပစ္စည်း၊ ဓာတ်မှန်စက်၊ စားပွဲ၊ သောက်ရေပုံး စသဖြင့် ပစ္စည်းအားလုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ၏ မြေပြင်စစ်ကြောင်းအပါအဝင် လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှု အကြိမ်ကြိမ် ခံရသော ဝမ္မသူးဆေးရုံသည် လက်ရှိ လေကြောင်းတိုက်ခိုက်မှုတွင် ဆေးရုံတစ်ခုလုံး အကြီးအကျယ် မီးလောင်ပျက်စီးခဲ့သောကြောင့် ကူညီထောက်ပံ့မှုများကို အောက်ပါ ဖုန်းနံပါတ်နှင့် အကောင့်များမှတစ်ဆင့် လှူဒါန်းနိုင်ကြောင်း သိရသည်။

ဆက်သွယ်ရန်
09428886829
09400302630
09447072412

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

လက်ရှိတော်လှန်ရေးအတွင်း ချင်းပြည်သူ ၁၃၀၀ ကျော် သေဆုံးဟု ICA ထုတ်ပြန်

ပရော်ဖက်ရှင်နယ်တပ်မတော်အဖြစ် ချင်းပြည်အစိုးရတပ်ဖွဲ့ (CGF) ဖွဲ့စည်းနိုင်ရေး ပြင်ဆင်နေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 16, 2026

ဆိုင်းဇန်ရွာတွင် နှစ်ထပ်အိမ် မီးလောင်ပြာကျ၊ ကျပ်သိန်း ၁၀၀၀ ကျော် ဆုံးရှုံး

September 16, 2026

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

September 16, 2026

လုံခြုံရေးအခြေအနေကြောင့် တီးတိန်-ရိဒ် လမ်းပိုင်းကို CDF-Hualngoram ပိတ်ထား

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.