Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ဟားခါးနှင့် ဖလမ်းမြို့တွင် စစ်ကောင်စီက စစ်မှုထမ်းရန် ဆင့်ခေါ်မှု စတင်ဆောင်ရွက်လာ

ဟားခါးနှင့် ဖလမ်းမြို့တွင် စစ်ကောင်စီက စစ်မှုထမ်းရန် ဆင့်ခေါ်မှု စတင်ဆောင်ရွက်လာ

0
By Editor on March 18, 2024 Headline

(002MG)

ချင်းပြည်နယ်၊ မြို့တော် ဟားခါးနှင့် ဖလမ်းမြို့ပေါ်တွင် စစ်မှုထမ်းရန် အသက်အရွယ်ရောက်သူအဖြစ် မှတ်ပုံတင်စာရင်းသွင်းရန် ဆင့်ခေါ်မှုများကို စစ်ကောင်စီက စတင်ဆောင်ရွက်နေပြီဟု သိရသည်။

ဟားခါးမြို့ပေါ်၊ ဈေးသစ်ရပ်ကွက်၊ ပြည်တော်သာရပ်ကွက်တို့တွင် ယနေ့ မတ်လ ၁၈ ရက်ကစ၍ ရဲ၊ စစ်သား အပါအဝင် ထွေအုပ်ရုံး၀န်ထမ်းများက တစ်အိမ်တက်ဆင်း အိမ်ထောင်စုစာရင်းများ လိုက်လံကောက်ခံကာ စစ်မူထမ်းရန်ဆင့်ခေါ်သည့် စာရွက် ပုံစံ (၂)၊ ပုံစံ (၅) တို့ကိုပါ ဖြည့်ခိုင်းနေသည်ဟု ဟားခါးမြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။

“လိုက်ကောက်တာတော့ မြို့စွန်မြို့ဖျားဖက်တော့မသွားဘူး မြို့အလယ်ဖက်ရပ်ကွက်တွေကိုကောက်တာ၊ သူတို့ ကောက်ပြီးလို့ရှိရင် စာရွက် (၂) ရွက်ပေးခဲ့တယ်၊ အဲ့စာရွက်မှာ ကိုယ်ရေးအသေးစိတ်ဖြည့်ရမယ် လို့ပြောတယ် အဲဒါဖြည့်ပြီးရင် သူတို့ရုံးကိုသွားပေးရမှာလို့ပြောတယ်” ဟု ဟားခါးမြို့ခံကပြောသည်။

စစ်မှုထမ်းရန် အရွယ်ရောက်သူအဖြစ် မှတ်ပုံတင်စာရင်းသွင်းရန် ဆင့်ခေါ်စာ ပုံစံ (၂) နှင့် ပုံစံ (၅) စာရွက်များကို ဖြည့်စွက်ကာ ၎င်းတို့သတ်မှတ်ထားသော နေ့ရက်တွင် ဟားခါးမြို့နယ်စုပေါင်းရုံးသို့ သွားရောက်သတင်းပို့ရမည်ဟု ဆိုသည်။

ထိုသို့ သွားရောက်သတင်းပေးပို့သည့်အချိန်တွင် မှတ်ပုံတင်များ ယူဆောင်သွားရမည်ဖြစ်ကာ အကယ်၍ သတင်းပို့ရန် ပျက်ကွက်ခဲ့ပါက ပြည်သူ့စစ်မှုထမ်းဉပဒေအရ အရေးယူခံရမည်ဟု ဖော်ပြထားသည်။

ယခုကဲ့သို့ ဟားခါးမြို့ပေါ် ရပ်ကွက်အချို့တွင် စစ်ကောင်စီတပ်ဖွဲ့က တအိမ်တက်ဆင်း အိမ်ထောင်စုစာရင်းနှင့် စစ်မှုထမ်းရန် စာရင်းပြုစုမှု စတင်လာသည့်နောက်တွင် ဟားခါးမြို့ပေါ်၌ သေနတ်ပစ်ခတ်သံများထွက်ပေါ်လာသည်ဟု သိရသည်။

အလားတူ ဖလမ်းမြို့ပေါ် Vankau ရပ်ကွက်ဘက်တွင်လည်း ယနေ့မှစပြီး စစ်ကောင်စီတပ်ကုန်းနှင့် နီးကပ်သည့် နေအိမ်တို့တွင် တအိမ်တက်ဆင်း အိမ်ထောင်စုစာရင်းများ လိုက်လံကောက်ခံနေသည်ဟု သိရသည်။

ချင်းအမျိုးသားအဖွဲ့ချုပ် CNO/CNDF က ဆလိုင်းကျုံးငိုင်က “အိမ်ထောင်စုစာရင်းတွေ လိုက်ကြည့်ပြီးတော့ ကောက်တာ၊ ရဲရယ်ဌာနဆိုင်ရာ လ.ဝ.က တွေ၊ ဟိုဖက်ကတော့ လုံခြုံရေး တွေယူပေးမယ်၊ ပြည်သူလူထုတွေကတော့ စိုးရိမ်ထိတ်လန့် နေကြမှာပဲ၊ သူတို့က စစ်မူမထမ်းမနေရကောက်မှာပဲ မတရားဖမ်းစီးမူတွေရှိလာမယ်ဆိုတော့လေ လူငယ်တွေကို CNDF ထကိုဝင်ကြဖို့ ဖိတ်ခေါ်ချင်ပါတယ်” ဟုပြောသည်။

စစ်ကောင်စီသည် အသက်ပြည့်ပြီးသူ နိုင်ငံသားတိုင်း စစ်မှုမထမ်းမနေရ ဥပဒေကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၀ ရက်က အတည်ပြုကြေညာပြီးတဲ့နောက် လာမည့် ဧပြီလကုန်မှာ အပတ်စဉ် ၁ ခေါ်ယူရန် စီစဉ်လျှက်ရှိကာ နိုင်ငံတ၀န်းလုံး၌ စစ်မှုထမ်းဆင့်ခေါ်မှုများ စတင်ဆောင်ရွက်လျှက်ရှိသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်ကို ဆန့်ကျင်ဆန္ဒပြရန် နယူးဒေလီရောက် မြန်မာဒုက္ခသည်များပြင်ဆင်

CDF – ဟားခါး ဒုဥက္ကဌဟောင်းနှင့် အတွင်းရေးမှူးတို့ အမှုကို အထူးစုံစမ်းစစ်ဆေးရေးကော်မတီ ဖွဲ့စည်းဆောင်ရွက်မည်

ခုခံစစ်ပြင်ဆင်နေစဉ် မင်းတပ်မြို့ပေါ် နေအိမ်ဖောက်ထွင်းမှုများ ဖြစ်ပေါ်လာ၊ ညမထွက်ရ အမိန့်ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.