Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ဟားခါး- ထန်တလန်ကြားက တိုက်ပွဲများတွင် ပွိုင့် ၃ စခန်းကုန်းကို ချင်းပြည်အစိုးရ သိမ်းပိုက်

ဟားခါး- ထန်တလန်ကြားက တိုက်ပွဲများတွင် ပွိုင့် ၃ စခန်းကုန်းကို ချင်းပြည်အစိုးရ သိမ်းပိုက်

0
By Editor on November 27, 2024 Headline

ဟားခါးကို လေကြောင်းဖြင့် အင်အား ၂၀၀ ခန့်ဖြည့်ပြီး ထန်တလန်ကို စစ်ကူပို့နိုင်ရန် စစ်ကောင်စီ ကြိုးပမ်း

(006SV)

ချင်းပြည်နယ်၊ ဟားခါးမြို့နှင့် ထန်တလန်မြို့ကြားက တိုက်ပွဲများတွင် ပွိုင့် ၃ စခန်းကုန်းကို ချင်းပြည်အစိုးရ ပူးပေါင်းတပ်က သိမ်းပိုက်လိုက်ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုများ ရှိနေသည်။

ဟားခါး- ထန်တလန်ကြားရှိ စစ်ကောင်စီစခန်းများကို ချင်းပြည်အစိုးရပူးပေါင်းတပ်များက နိုဝင်ဘာလ ၂၂ ရက်မှ စတင်၍ ထိုးစစ်ဆင်တိုက်ခိုက်နေခဲ့ရာ နိုဝင်ဘာလ ၂၅ ရက်တွင် စစ်ရေးအရ အရေးပါသည့် ပွိုင့် – ၃ စခန်းကုန်းကို သိမ်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး CNF/ CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

“ဟားခါး-ထန်တလန်ကြားမှာ ရှိနေတဲ့ စစ်ကောင်စီစခန်းတွေကို ထိုးစစ်ဆင်နေတာပါ။ အခုလ ၂၂ ရက်ကနေ ဒီနေ့အထိပေါ့နော်။ အဲဒီမှာ စခန်းငယ်တစ်ခုပေါ့နော်။ ၂၅ ရက်နေ့ မှာ ကျနော်တို့ ဝင်စီးနိုင်ခဲ့တယ်။ သူတို့ အဓိက အသုံးချတာက လေကြောင်းကနေ ဗုံးကြဲတာက နေ့စဉ်ဆက်တိုက်ပြန်လုပ်နေတယ်” ဟု ဆလိုင်းထက်နီက ပြောသည်။

စခန်းအတွင်း စစ်ကောင်စီ ရုပ်အလောင်း ၆ လောင်းကို တွေ့ရှိခဲ့ပြီး တပ်ဖွဲ့ဝင် ၂၀ ထက်မနည်း ဒဏ်ရာများ ရရှိနိုင်သည်၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုက်ပွဲတွင် ထွက်ပြေးကြသည်ဟု သိရသည်။

လေကြောင်းတိုက်ခိုက်မှု အပြင်းအထန်ကြားမှ စခန်းသိမ်းနိုင်ခဲ့ခြင်းဖြစ်ပြီး ချင်းပြည်အစိုးရပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် ၃ ဦး ကျဆုံးကာ၊ ရဲဘော် ၉ ဦးထက်မနည်း မစိုးရိမ်းရ ထိခိုက်ဒဏ်ရာများရရှိခဲ့သည်ဟု သိရသည်။

တိုက်ပွဲအတွင်း သေနတ် ၂ လက် သိမ်းဆည်းရမိခဲ့ပြီး စခန်းသိမ်းရာတွင် စက်သေနတ် တစ်လက်အပါအဝင် သေနတ် ၇ လက်နှင့် လက်နက်ခဲယမ်းများ ရရှိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ဟားခါး – ထန်တလန်ကြားတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး ယနေ့တွင် လေကြောင်းဖြင့် ၃ ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်သည်ဟု သိရသည်။

ဟားခါး- ထန်တလန်ကြား တိုက်ပွဲများတွင် စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှု နေ့စဉ်နီးပါး ပြုလုပ်နေပြီး ဟားခါးမြို့ မှလည်း လက်နက်ကြီးပစ်ကူများပေးနေသည်ဟု သိရသည်။

နိုဝင်ဘာလ ၂၆ ရက် နေ့လည်ပိုင်းက ဟားခါးမြို့ ခလရ – ၂၆၆ တပ်ရင်းထဲကို လေကြောင်းမှ အင်အား ၁၈၀ ကျော်မှ ၂၀၀ နီးပါးအထိ ဖြည့်တင်းခဲ့ပြီး ထန်တလန်မြို့ကို တပ်အင်အားဖြည့်ရန် ကြိုးပမ်းမှုကို ဖြတ်တောက်နိုင်ခဲ့ သည်ဟု သိရသည်။

“အင်အားက ၁၈၀ ကျော် ၊ ၂၀၀ နီးပါးလောက် လာဖြည့်တယ်။ လေယာဉ်နဲ့ လာချတာ။ သူတို့က အဲဒီဖြည့်တဲ့ တပ်တွေကို ထန်တလန်ဘက်ကို ပို့ဖို့ သူတို့က လုပ်နေတာဖြစ်တယ်။ အဲဒါကို ကျနော်တို့ ဟားခါးမြို့အထွက်မှာ ဖြတ်တောက်နိုင်ခဲ့တယ်။ အဲဒီဘက်ကတော့ အင်အားထပ်ဖြည့်နိုင်တာပေါ့ မရှိသေးဘူး” ဟု ချင်းအမျိုးသားတပ်ဦး CNF/ CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

နိုဝင်ဘာလအတွင်း စစ်ကောင်စီသည် ဟားခါးမြို့ ခလရ – ၂၆၆ တပ်ရင်းကို စစ်အင်အားများ၊ လက်နက်ခဲယမ်းနှင့် ရိက္ခာများ မကြာခဏ ဖြည့်တင်းလျက်ရှိသည်။

ချင်းညီနောင်စစ်ဆင်ရေးအဖြစ် မြို့သိမ်းတိုက်ပွဲဖော်ဆောင်နေသည့် မင်းတပ်မြို့နှင့် ဖလမ်းမြို့တို့တွင်လည်း စစ်ကောင်စီနှင့် ချင်းညီနောင်၊ မဟာမိတ်တို့ကြား တိုက်ပွဲများ ဖြစ်ပွားနေသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.