Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»အမ်းမြို့တွင် စစ်အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြသည့် ချင်းတက္ကသိုလ်ကျောင်းသားအဖွဲ့ဝင် (၂) ဦး ဖမ်းဆီးခံရ

အမ်းမြို့တွင် စစ်အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြသည့် ချင်းတက္ကသိုလ်ကျောင်းသားအဖွဲ့ဝင် (၂) ဦး ဖမ်းဆီးခံရ

0
By Editor on February 11, 2021 Khonumthung

#Unicode

ရခိုင်ပြည်နယ်၊ အမ်းမြို့တွင် တပ်မတော်စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒဖော်ထုတ်မှုတွင်ပါဝင်သော ချင်းတက္ကသိုလ် ကျောင်းသား – ရခိုင်ပြည်နယ် အဖွဲ့ဝင် (၂) ဦးတို့ကို ဖေဖော်ဝါ ရီလ (၈)ရက်နေ့ညက အိမ်းမြို့ ရဲတပ်ဖွဲ့ဝင်များက လာရောက်ဖမ်းဆီးခဲ့ကြောင်းသိရသည်။

ချင်းတက္ကသိုလ်ကျောင်းသား- ရခိုင်ပြည်နယ်အဖွဲ့ (CUSR) ဥက္ကဌ မိုင်ခိုင်ဇင်မေသန်း က “ ဆန္ဒပြပွဲမှာ ပါတ ယ်လို့ကြားတယ်၊ စစ်တပ်အာဏာသိမ်းတာကို မထောက်ခံလို့ ဆန္ဒပြပွဲမှာပါဝင်လို့ ကျမတို့ CUSR အဖွဲ့ထဲက ဖမ်းဆီတဲ့အထဲမှာ (၂) ယောက်ပါသွားတယ်” ဟု ပြောသည်။

ဆန္ဒဖော်ထုတ်မှုကြောင့် အဖမ်းခံရသည့် ချင်းတက္ကသိုလ်ကျောင်းသားအဖွဲ့ဝင် (၂) ဦးမှာ မိုင်ရတာနာအောင် နှင့် ဆလိုင်းမင်းထိုက်အောင်တို့ဖြစ်ကြပြီး ၎င်းတို့ကို ချုပ်ရမန်ယူကာ အမ်းမြို့ရဲစခန်းတွင် ၂ ပတ်ထိန်းသိမ်းထားမည်ဟု သိရသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့က မြန်မာ့တပ်မတော်မှ နိုင်ငံတော်အာဏာသိမ််းယူခဲ့ခြင်းကြောင့် စစ်အာဏာရှင် စနစ်ဆန့် ကျင်ရေးလှုပ်ရှားမှု တစ်နိုင်ငံလုံးတွင် အရှိန်အဟုန်မြင့်တက်လာသည်နှင့်အမျှ ရခိုင်ပြည်နယ် အမ်းမြို့တွင်လည်း ငြိမ်းချမ်းစွာစည်တန်းလှည့်လည်ဆန္ဒဖော်ထုတ်မှုပြုလုပ်ကြသည်။

အဆိုပါ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုတွင် ချင်းတက္ကသိုလ်ကျောင်းသူကျောင်းသား ၂ ဦးအပါအဝင် ဒေါ်လှမေကျော်၊ မစိုးကလျာထွန်း၊ မတင်ချိုချိုထွေး၊ ကိုအောင်မျိုးထွဋ်တို့ကိုလည်း ဖမ်းဆီးထားပြီး လက်ရှိအချိန်ထိ မိသားစုဝင်များနှင့် လည်းတွေ့ခွင့်မပေး ကြောင်းသိရသည်။

လက်ရှိတွင် ဖမ်းဆီးခံထားရသူ (၆) ဦးကို အမ်းမြို့ ရဲစခန်းမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ -၂၅ ဖြင့် အမှုဖွင့် ဖမ်းဆီးအရေးယူထားကြောင်းသိရှိရသည်။

#Zawgyi

ရခုိင္ျပည္နယ္၊ အမ္းျမဳိ႕တြင္ တပ္မေတာ္စစ္အာဏာသိမ္းမႈ ဆန္႔က်င္ဆႏၵေဖာ္ထုတ္မႈတြင္ပါ၀င္ေသာ ခ်င္းတကၠသုိလ္ ေက်ာင္းသား – ရခိုင္ျပည္နယ္ အဖြဲ႔၀င္ (၂) ဦးတုိ႔ကုိ ေဖေဖာ္ဝါ ရီလ (၈)ရက္ေန႔ညက အိမ္းျမဳိ႕ ရဲတပ္ဖြဲ႔ဝင္မ်ားက လာေရာက္ဖမ္းဆီးခဲ့ေၾကာင္းသိရသည္။

ခ်င္းတကၠသုိလ္ေက်ာင္းသား- ရခိုင္ျပည္နယ္အဖြဲ႔ (CUSR) ဥကၠဌ မိုင္ခုိင္ဇင္ေမသန္း က “ ဆႏၵျပပြဲမွာ ပါတ ယ္လုိ႔ၾကားတယ္၊ စစ္တပ္အာဏာသိမ္းတာကုိ မေထာက္ခံလုိ႔ ဆႏၵျပပြဲမွာပါဝင္လုိ႔ က်မတုိ႔ CUSR အဖြဲ႔ထဲက ဖမ္းဆီတဲ့အထဲမွာ (၂) ေယာက္ပါသြားတယ္” ဟု ေျပာသည္။

ဆႏၵေဖာ္ထုတ္မႈေၾကာင့္ အဖမ္းခံရသည့္ ခ်င္းတကၠသိုလ္ေက်ာင္းသားအဖြဲ႔၀င္ (၂) ဦးမွာ မိုင္ရတာနာေအာင္ ႏွင့္ ဆလိုင္းမင္းထိုက္ေအာင္တို႔ျဖစ္ၾကၿပီး ၎တို႔ကို ခ်ဳပ္ရမန္ယူကာ အမ္းၿမိဳ႕ရဲစခန္းတြင္ ၂ ပတ္ထိန္းသိမ္းထားမည္ဟု သိရသည္။

ေဖေဖာ္ဝါရီလ ၁ ရက္ေန႔က ျမန္မာ့တပ္မေတာ္မွ ႏုိင္ငံေတာ္အာဏာသိမ္္းယူခဲ့ျခင္းေၾကာင့္ စစ္အာဏာရွင္ စနစ္ဆန္႔ က်င္ေရးလႈပ္ရွားမႈ တစ္ႏိုင္ငံလံုးတြင္ အရွိန္အဟုန္ျမင့္တက္လာသည္ႏွင့္အမွ် ရခိုင္ျပည္နယ္ အမ္းၿမိဳ႕တြင္လည္း ၿငိမ္းခ်မ္းစြာစည္တန္းလွည့္လည္ဆႏၵေဖာ္ထုတ္မႈျပဳလုပ္ၾကသည္။

အဆိုပါ ျငိမ္းခ်မ္းစြာ ဆႏၵထုတ္ေဖာ္မႈတြင္ ခ်င္းတကၠသိုလ္ေက်ာင္းသူေက်ာင္းသား ၂ ဦးအပါအ၀င္ ေဒၚလွေမေက်ာ္၊ မစုိးကလ်ာထြန္း၊ မတင္ခ်ဳိခ်ဳိေထြး၊ ကုိေအာင္မ်ဳိးထြဋ္တို႔ကိုလည္း ဖမ္းဆီးထားၿပီး လက္ရွိအခ်ိန္ထိ မိသားစုဝင္မ်ားႏွင့္ လည္းေတြ႔ခြင့္မေပး ေၾကာင္းသိရသည္။

လက္ရွိတြင္ ဖမ္းဆီးခံထားရသူ (၆) ဦးကုိ အမ္းျမဳိ႕ ရဲစခန္းမွ သဘာဝေဘးအႏၱရာယ္ဆုိင္ရာ စီမံခန္႔ခြဲမႈ ဥပေဒ ပုဒ္မ -၂၅ ျဖင့္ အမႈဖြင့္ ဖမ္းဆီးအေရးယူထားေၾကာင္းသိရွိရသည္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မင်းတပ်မြို့ကို စစ်တပ်ကအပြင်းအထန် ဗုံးကြဲ၊ နေအိမ် ၁၀ လုံးကျော် ထပ်မံပျက်စီး

စစ်တပ်အတွက် လော်ဘီလုပ်ပေးနေသော ဝါရှင်တန်ဒီစီအခြေစိုက် လော်ဘီလုပ်ငန်းကုမ္ပဏီကို အမေရိကန်အထက်လွှတ်တော် အမတ်ဟောင်း ဝေဖန်

တိုက်ပွဲများ ပြင်းထန်နေသာ ချင်းပြည်တောင်ပိုင်းသို့ ပဥ္စမကြိမ်အဖြစ် စစ်တပ်က အင်အားရာချီ ထပ်မံဖြည့်နေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
October 30, 2026

CDF – ဟားခါးစခန်းဟောင်းကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်

October 30, 2026

မင်းတပ်မြို့ကို စစ်တပ်ကအပြင်းအထန် ဗုံးကြဲ၊ နေအိမ် ၁၀ လုံးကျော် ထပ်မံပျက်စီး

October 29, 2026

စစ်တပ်အတွက် လော်ဘီလုပ်ပေးနေသော ဝါရှင်တန်ဒီစီအခြေစိုက် လော်ဘီလုပ်ငန်းကုမ္ပဏီကို အမေရိကန်အထက်လွှတ်တော် အမတ်ဟောင်း ဝေဖန်

October 29, 2026

CDF – ဟားခါး၏ စစ်သုံ့ပန်းစခန်း ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခံရ ၊ စစ်အုပ်စုတပ်ဖွဲ့ဝင် စစ်သုံ့ပန်း ၁၀ ဦးအထိ အစုအပြုံလိုက်သေဆုံး၊ ၅ ဦး ထိခိုက်ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.