Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»အိန္ဒိယ-မြန်မာနယ်စပ်က စစ်ဘေးရှောင်စခန်းတွင် ဝမ်းပျက်ဝမ်းလျှောရောဂါအဖြစ်များနေ
ပုံစာ - ကာကီကျေးရွာ

အိန္ဒိယ-မြန်မာနယ်စပ်က စစ်ဘေးရှောင်စခန်းတွင် ဝမ်းပျက်ဝမ်းလျှောရောဂါအဖြစ်များနေ

0
By Editor on May 17, 2024 Headline

(004SS)

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ အိန္ဒိယ-မြန်မာနယ်စပ်သို့ တိမ်းရှောင်လာကြသော စစ်ဘေးရှောင်ပြည်သူများ ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားကာ ဆေးဝါးများ အကူအညီလိုအပ်နေကြောင်း သိရသည်။

မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင် ကာကီကျေးရွာ စစ်ဘေးရှောင်စခန်းတွင်နေထိုင်ကြသော စစ်ဘေးရှောင်များသည် ယခင်ပတ်ကစ၍ ကလေးနှင့် လူကြီးများပါမကျန် ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားနေကြသည်ဟု ကာကီရွာစစ်ဘေးရှောင်စခန်းတွင် နေထိုသူတစ်ဦးပြောသည်။

“အခု ကာကီရွာမှာ ဝမ်းပျက်ဝမ်းလျှောဖြစ်နေတာဗျ၊ ဆေးဝါးကမလုံလောက်ဘူးဖြစ်နေတာ၊ လက်ရှိတော့ ကလေး တိုင်းလိုလိုဖြစ်နေတာ၊ ဖြစ်နုန်းကတော့ ကလေးရော လူကြီးရော အယောက် ၄၀၀ မှာ ၁၀၀ လောက်ဖြစ်မယ်ဗျ ကောင်းသွားလိုက် ပြန်ဖြစ်လိုက်ပေါ့နော်၊ ဝမ်းပျက်တယ်၊ အော့အန်တာလဲရှိတယ် ပြီးတော့ နုံးခွေတာပေါ့နော်” ဟု ကာကီရွာ က စစ်ဘေးရှောင် အမျိုးသားတစ်ဦးက ပြောသည်။

ကာကီကျေးရွာက စစ်ဘေးရှောင်စခန်းတွင် ချင်းပြည်နယ် ပလက်ဝမြို့နယ်က စစ်ဘေးရှောင်ပြည်သူ အယောက် ၄၀၀ ခန့်ရှိကြပြီး ယင်းအနက် ကလေး လူကြီးအယောက် ၁၀၀ ဝန်းကျင်ခန့် ဝမ်းပျက်ဝမ်းလျှောဖြစ်နေကြသည်ဟု ဆိုသည်။

ထိုသို့ဖြစ်ရခြင်းမှာ ‌သောက်ရေမသန့်ခြင်းနှင့် ရေလောင်းအိမ်သာမလုံလောက်ခြင်း ကြောင့်ဖြစ်နိုင်သည်ဟု သိရသည်။

“ကျွန်တော်တို့သောက်သုံးနေတာ စမ်းရေပေါ့ အခုမိုးတွင်းဆိုတော့ ရေကမသန့်နိုင်‌တော့ဘူးပေါ့၊ ပြီးတော့ ရေစိမ်းသောက် ကြတာ များလို့ထင်တယ်၊ နောက် အိမ်သာပေါ့၊ လေး ငါး ဆယ်အိမ်မှ တစ်လုံးဆိုတော့ ဝမ်းပျက်ဝမ်းလျှော ဖြစ်တဲ့သူလည်း သုံး မဖြစ်တဲ့သူလဲသုံးဆိုတော့ ကူးစက်တာမြန်တာပေါ့နော်” ဟု ကာကီကျေးရွာက စစ်ဘေးရှောင်တစ်ဦးက ပြောသည်။

ထို့အပြင် စစ်ဘေးရှောင်ပြည်သူများသည် ရာသီတုတ်ကွေးနှင့် ငှက်ဖျားရောဂါပါဖြစ်ပွားနေကြပြီး ဆေးဝါးကုသမှုများမရရှိကြကြောင်းသိရသည်။

“ဒီမှာ ဆေးခန်းလည်းမရှိတဲ့အပြင် ဆေးဝါးလည်းမရှိ၊ ရွာမှာ ဓါတ်ဆားကအစ မရှိတာ ဆေးဝယ်ဖို့ကလည်းပို က်ဆံလှဲနှုန်း နဲ့ဆို ဈေးမြင့်လွန်းတယ်။ မတတ်နိုင်ဘူး ခက်တယ်။ လောလောဆယ်မှာတော့ စစ်ဘေးရှောင်ထဲက ဆေးဘက် အတွေ့ အကြုံရှိတဲ့သူတစ်ယောက်ပါလာတယ်၊ သူ့ကိုပဲ အားကိုးရတာပေါ့၊ သူကတော့ ဆေးဖိုးလောက်ပဲယူတယ်၊ အဲလိုပဲ ဖြေရှင်းနေရတယ်” ဟု စစ်ဘေးရှောင်အမျိုးသားတစ်ဦးက ပြောသည်။

ကာကီရွာ စစ်ဘေးရှောင်စခန်းအပြင် အနီးအနားရှိ စစ်ဘေးရှောင်များနေထိုင်သော အချို့ကျေးရွာများတွင်လည်း ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်း၊ ရာသီတုတ်ကွေးဖြစ်ခြင်းနှင့် ငှက်ဖျားရောဂါများဖြစ်ပွားကာ ဆေးဝါးအကူအညီများ လိုအပ်လျက်ရှိနေကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မြန်မာနိုင်ငံက စစ်ရှောင်များဆက်တိုက်ဝင်ရောက်လာမှု မီဇိုရမ်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်လာဟု ပြည်နယ်ဝန်ကြီးချုပ်ပြော

အသစ်ပေါ်ထွက်လာသော ခူမီးတပ်မတော် KPF/ KNCP က ပလက်ဝမြို့နယ်ရှိ ကျေးရွာ ၃ ရွာမှာ လူငယ် ၄၀ နီးပါးကို တပ်သားစုဆောင်း

မင်းတပ်မြို့ကို ထိုးစစ်ဆင်နေသော စစ်တပ်စစ်ကြောင်းသည် ကျောင်းသား ၁ ဦးအပါအဝင် ဒေသခံပြည်သူ ၂ ဦးကို သတ်ဖြတ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.