Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»အိန္ဒိယ-မြန်မာနယ်စပ်မှာ သေနတ် ၈ လက်နဲ့ စစ်သုံးပစ္စည်းတွေ ဖမ်းမိ

အိန္ဒိယ-မြန်မာနယ်စပ်မှာ သေနတ် ၈ လက်နဲ့ စစ်သုံးပစ္စည်းတွေ ဖမ်းမိ

0
By Editor on August 31, 2025 Khonumthung

(005MK)

အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင် Saikhumphai ကျေးရွာမှာ အိန္ဒိယနယ်ခြားစောင့်တပ်ဖွဲ့ အာသံရိုင်ဖယ်တပ်ဖွဲ့က သေနတ် ၈ လက်နက် နဲ့ စစ်သုံးပစ္စည်းတချို့ဖမ်းဆီးရမိခဲ့သည်။

အာသံရိုင်ဖယ်တပ်ဖွဲ့သည် သတင်းရရှိချက်အရ Saihumphai ကျေးရွာက နေအိမ်တစ်အိမ်ကို ဩဂုတ်လ ၂၉ ရက်နေ့ က ဝင်ရောက်ရှာဖွေရာမှာ 12 Bore ရိုင်ဖယ်တစ်လက်၊ ပစ္စတိုတစ်လက်နဲ့ ကျည်ဆံတချို့ကို အိမ်ပိုင်ရှင်နှင့်အတူ ဖမ်း ဆီးခဲ့သည်။

ထို့နောက် အာသံရိုင်ဖယ်တပ်ဖွဲ့က ဆက်လက်စုံစမ်းစစ်ဆေးရာမှာ တောထဲမှာဝှက်ထားသော သေနတ် နှင့် စစ်သုံး ပစ္စည်းများကို ထပ်မံဖမ်းဆီးခဲ့သည်ဟု မီဇိုရမ်ဒေသတွင်းသတင်းမှာ ဖော်ပြထားသည်။

အဆိုပါထပ်မံဖမ်းဆီးရမိသည့် သေနတ်များမှာ Heckler & Koch G3 Assault Rifle တစ်လက်၊ Springfield Sniper Rifle နှစ်လက်၊ Shotgun နှစ်လက်၊ MA Assault Rifle တစ်လက် ၊ လက်ပစ်ဗုံး ၂ လုံး၊ ကျည်ကာ၊ မှန်ပြောင်း၊ စနိုက်ပါကျည် ၇၅ တောင့်၊ .303 ထရစ်ဇာကျည် ၉၂ တောင့်၊ 5.56mm ကျည် ၉၁ တောင့်နှင့် တခြားခဲယမ်းအမျိုးမျိုး ပါဝင်သည်။

ဖမ်းဆီးရမိသော လက်နက်ခဲယမ်းများ နှင့် ပိုင်ရှင်ဟုယူဆရသော အိမ်ပိုင်ရှင်ကို Dungtlang ရဲစခန်းထံ လွဲပြောင်း အပ်နှံခဲ့သည်ဟု သိရသည်။

Saikhumphai ကျေးရွာသည် အိန္ဒိယ-မြန်မာ နယ်စပ်မှာတည်ရှိပြီး ချင်းပြည် နယ် ဖလမ်းမြို့နယ် Leilet ကျေးရွာအနီးမှာတည်ရှိသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်မှ တိုက်လေယာဉ် ၁ စီးနှင့် ငှက်တစ်ကောင်တို့ တိုက်မှုဖြစ်ပွားပြီး တိုက်လေယာဉ် ပျက်ကျဟုဆို

ကလေးမြို့တွင် နာရေးမှအပြန် စစ်တပ်ပစ်ခတ်မှုကြောင့် လူငယ်နှစ်ဦး ပြင်းထန်စွာဒဏ်ရာရရှိ

ချင်းတော်လှန်ရေးတပ်ဖွဲ့ CNO/ CNDF နှင့် စစ်အုပ်စုတို့ တွေ့ဆုံဆွေးနွေးခဲ့ဟု ဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 3, 2026

ဒေါ်အောင်ဆန်းစုကြည်ကို ICRC ဌာနေ တာဝန်ခံနှင့် တွေ့ဆုံခွင့် ပြုကြောင်း စစ်တပ်အစိုးရ ထုတ်ပြန်

August 3, 2026

စစ်တပ်မှ တိုက်လေယာဉ် ၁ စီးနှင့် ငှက်တစ်ကောင်တို့ တိုက်မှုဖြစ်ပွားပြီး တိုက်လေယာဉ် ပျက်ကျဟုဆို

August 3, 2026

ကျောင်းသူများအပေါ် လိင်အမြတ်ထုတ်မှုစွပ်စွဲချက် YCW ကျောင်းအုပ်ကြီးငြင်းဆို၊ တရားစွဲမည်ဟုခြိမ်းခြောက်တုံ့ပြန်

August 3, 2026

ကလေးမြို့တွင် နာရေးမှအပြန် စစ်တပ်ပစ်ခတ်မှုကြောင့် လူငယ်နှစ်ဦး ပြင်းထန်စွာဒဏ်ရာရရှိ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.