Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»အိန္ဒိယ-မြန်မာနယ်စပ် လွတ်လပ်စွာလှုပ်ရှားသွားခွင့်ဖျက်သိမ်းပြီး နယ်စပ်ခြံစည်းရိုးကာရံမည့် အိန္ဒိယဗဟိုအစိုးရ၏ အစီစဉ်ကို အတူတကွဆန့်ကျင်ရန် မီဇိုးနှင့် နာဂအရပ်ဖက်အဖွဲ့အစည်းများ လက်တွဲမည်

အိန္ဒိယ-မြန်မာနယ်စပ် လွတ်လပ်စွာလှုပ်ရှားသွားခွင့်ဖျက်သိမ်းပြီး နယ်စပ်ခြံစည်းရိုးကာရံမည့် အိန္ဒိယဗဟိုအစိုးရ၏ အစီစဉ်ကို အတူတကွဆန့်ကျင်ရန် မီဇိုးနှင့် နာဂအရပ်ဖက်အဖွဲ့အစည်းများ လက်တွဲမည်

0
By Editor on March 16, 2024 Khonumthung

(005MK)

အိန္ဒိယ-မြန်မာနယ်စပ် လွတ်လပ်စွာလှုပ်ရှားသွားလာခွင့် FMR ကိုဖျက်သိမ်းပြီး နယ်စပ်ခြံစည်းရိုးကာရံမည့် အိန္ဒိယဗဟို အစိုးရ၏အစီစဉ်ကို အတူတကွဆန့်ကျင်ရန် လက်တွဲဆောင်ရွက်သွားကြမည်ဟု မီဇိုရမ်ပြည်နယ်နှင့် နာဂလဲန်း ပြည်နယ်က အရပ်ဖက်အဖွဲ့အစည်းများက ယနေ့ နားလည်မှုစာချွန်လွှာရေးထိုးကြသည်။

မီဇိုရမ်ပြည်နယ်က အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်သည့် Zo Reunification Organization (ZORO) နှင့် နာဂလဲန်းပြည်နယ်က Nagaland Indigenous People’s Forum (NIPF) တို့သည် အိန္ဒိယဗဟိုအစိုးရ၏ နယ်စပ်အရေး နှင့်ပတ်သက်သောမူ၀ါဒများကို အတူတကွလက်တွဲဆန့်ကျင်သွားကြရန် ယနေ့မတ်လ ၁၆ ရက်နေ့တွင် အိုင်ဇောလ်မြို့ Press Club ၌ သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်။

အိန္ဒိယ-မြန်မာနှစ်နိုင်ငံကြားလွတ်လပ်စွာလှုပ်ရှားသွားလာခွင့် FMR ဖျက်သိမ်းပြီး နယ်စပ်တစ်လျှောက်ကို ခြံစည်းရိုးကာရံရန်စီစဉ်ခြင်းသည် အိန္ဒိယ-မြန်မာ- ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့တွင် နေထိုင်ကြသော ချင်း-ကူကီး-မီဇိုးလူမျိုးများအပြင် အိန္ဒိယနှင့်မြန်မာတို့တွင်နေထိုင်ကြသော နာဂလူမျိုးများအား ကန့်သတ်ပိုင်းခြားမှုဖြစ်စေသည်ဟု ၎င်းတို့၏ ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။

အိန္ဒိယအစိုးရသည် မီဇိုရမ်ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်ကြား နယ်စပ်ခြံစည်းရိုးကာရံခဲ့ခြင်းကြောင့် မီဇိုရမ်ပြည်နယ်အတွင်းက ရွာပေါင်း ၁၅ ရွာနှင့် မြစ်ကမ်းနံဘေးရှိ စိုက်ပျိုးမြေများလည်းဆုံးရှုံးခဲ့ရကြောင်း ၊ နာဂလဲန်းပြည်နယ် မွန်းခရိုင် လွန်၀◌ါးကျေးရွာထဲက အိမ်တချို့မှာလည်း ပိုင်းခြားခံခဲ့ရသောကြောင့် နယ်စပ်နေဌာနေတိုင်းရင်းသားများ၏ အသက်မွေး၀◌မ်းကျောင်း ရှင်သန်ရပ်တည်ရေးမှာ အများကြီးအခက်အခဲကြုံတွေ့စေခဲ့သည်ကို တွေ့မြင်ခဲ့ကြရပြီးပြီဟု ၎င်းတို့ကဆိုသည်။

ထို့အပြင် FMR ကိုဖျက်သိမ်းပြီး နယ်စပ်ခြံစည်းရိုးကာရံမည်ဆိုပါက နယ်စပ်တဖက်တချက်စီတွင်နေထိုင်ကြသော လူမျိုးတူဌာနတိုင်းရင်းသားများသည် အလုပ်အကိုင်၊ သာရေး၊ နာရေးကိစ္စရပ်များတွင်လည်း သွားလာလိုပါက ဗီဇာများလိုအပ် လာမည်ဖြစ်သောကြောင့် အကြီးအကျယ်အခက်ကြုံလာနိုင်သည်ဟု ၎င်းတို့ကပြောဆိုကြသည်။

Zo Reunification Organization (ZORO) နှင့် နာဂလဲန်းပြည်နယ်က Nagaland Indigenous People’s Forum (NIPF) အဖွဲ့တို့သည် အိန္ဒိယ-မြန်မာနယ်စပ် အထိသွားရောက်ကာ အိန္ဒိယအစိုးရ၏ အစီစဉ်များကို ဆန့်ကျင်ကန့်ကွက်ကြောင်း ပြသသည့်လှုပ်ရှားမှုများလည်း လက်တွဲဆောင်ရွက်ကြမည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

သင်္ချိုင်းအုတ်ဂူမှာ မီဇိုးဘာသာစကား မသုံးလိုသူများအတွက် သင်္ဂြိုဟ်ခွင့်မရှိကြောင်း Zokhawthar YMA က အသိပေး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.