Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»အိန္ဒိယ-မြန်မာ နယ်စပ် လွတ်လပ်စွာ ဖြတ်သန်းသွားလာခွင့် FMR ဖျက်သိမ်းပြီး နယ်စပ် အဝင်/အထွက်ကန့်သတ်မှု ပြန်သုံးသပ်ရန် အိန္ဒိယဗဟိုအစိုးရကို ZORO တောင်းဆို

အိန္ဒိယ-မြန်မာ နယ်စပ် လွတ်လပ်စွာ ဖြတ်သန်းသွားလာခွင့် FMR ဖျက်သိမ်းပြီး နယ်စပ် အဝင်/အထွက်ကန့်သတ်မှု ပြန်သုံးသပ်ရန် အိန္ဒိယဗဟိုအစိုးရကို ZORO တောင်းဆို

0
By Editor on January 7, 2025 Headline

(005MK)

အိန္ဒိယဗဟိုအစိုးရက အိန္ဒိယ-မြန်မာ နယ်စပ်အကြား လွတ်လပ်စွာြဖတ်သန်းသွားလာခွင့် FMR စနစ်ဖျက်သိမ်းမှုကြောင့် နယ်စပ်ဖြတ်ကျော်ဝင်ထွက်သွားလာမှု ကန့်သတ်တင်းကြပ်လိုက်သည့်အပေါ် ပြန်လည်သုံးသပ်ပေးရန် ZORO အဖွဲ့က တောင်းဆိုလိုက်သည်။

မီဇိုရမ်ပြည်နယ်က အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်သည့် ZO RE-UNIFICATION ORGANISATION (ZORO) အဖွဲ့က အိန္ဒိယ-မြန်မာနယ်စပ်အရေးနှင့်ပတ်သက်၍ ယမန်နေ့က ကြေညာချက်တစ်စောင်ထုတ်ပြန်ပြီး အိန္ဒိယဗဟို အစိုးရအနေဖြင့် ယခုကဲ့သို့ဆောင်ရွက်ခြင်းသည် ဌာနတိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကို ချိုးဖောက်ခြင်းဖြစ် သည်ဟု ဖော်ပြထားသည်။

“အိန္ဒိယဗဟိုးအစိုးရက FMR ကိုဖျက်သိမ်းပြီး နယ်စပ်ဖြတ်ကျော်ဖို့ ခွင့်ပြုချက်ယူဖို့လိုအပ်လာတဲ့အပေါ် မိမိတို့အနေနဲ့ စိတ်မကောင်းဖြစ်ရပါတယ်၊ ဌာနေတိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ကြေညာစာတမ်း (UNDRIP) ကြေညာ စာတမ်း အပုဒ် ၃၆ ပုဒ်မ ၁ နဲ့ ၂ မှာဖော်ပြထားတဲ့ မိမိတို့ရဲ့ အခွင့်အရေး ရပိုင်တွေ ချိုးဖောက်ခံ ရတာ ဖြစ်ပါတယ်၊ ဒါကြောင့် FRM ကိုပြန်လည်ခွင့်ပြုပေးဖို့တောင်းဆိုပါတယ်၊ မိမိတို့ရဲ့အခွင့်အရေး ရပိုင်ခွင့်တွေ ပြန်လည်ရရှိ ဖို့အတွက် နောက်ဆုံးအထိဆက်လက်တိုက်ပွဲဝင်သွားမယ်’’ ဟု ZORO ၏ ထုတ်ပြန်ချက်တွင်ဖော် ပြထားသည်။

အိန္ဒိယသည် ဌာနေတိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ကြေညာစာတမ်း ကို လက်မှတ်ထိုး ထားသောနိုင်ငံဖြစ်ပြီး ယင်းကြေညာ စာတမ်း အပုဒ် ၃၆ တွင် ဌာနေတိုင်းရင်းသားလူမျိုးများ အထူးသဖြင့် နိုင်ငံတကာ နယ်စပ်များဖြင့် ပိုင်းခြားခြင်း ခံရသော လူမျိုးများသည် ၎င်းတို့အချင်းချင်းအပြင် နယ်စပ်တဘက်ခြားရှိ အခြားလူမျိုးများ နှင့်ပါ ဝိညာဉ်ရေးရာ၊ ယဉ်ကျေးမှု ဆိုင်ရာ၊ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာရည်ရွယ်ချက်များအတွက် ဆောင်ရွက် မှုများအပါအဝင် ဆက်သွယ်မှု များ၊ ဆက်ဆံရေးများနှင့် ပူပေါင်းဆောင်ရွက်ခြင်းများကို ထိန်းသိမ်း၍ဖန်တီးဖွံ့ဖြိုး စေပိုင် ခွင့်ရှိသည်” ဟု ဖော်ပြထားသည်။

အိန္ဒိယ-မြန်မာနှစ်နိုင်ငံကြား လွတ်လပ်စွာသွားလာခွင့် Free Movement Regime ကို ၁၉၆၈ ခုနှစ်တွင် ပြဌာန်း ခဲ့ခြင်း ဖြစ်ပြီး ယင်းဥပဒေအရ အိန္ဒိယ-မြန်မာ နယ်စပ်တလျှောက်ရှိ ဒေသခံများအနေဖြင့် တဘက်တချက်စီ၏ နိုင်ငံ အတွင်းကို ပြည်ဝင်ခွင့်ဗီဇာမလိုဘဲ ၁၆ ကီလိုမီတာအထိ အတားအဆီးမရှိဝင်ရောက် သွားလာခွင့် ပြုထားခြင်းဖြစ်သည်။

ယခုအခါ Free Movement Regime (FMR) ဟုခေါ်သော နှစ်နိုင်ငံပြည်သူများ လွတ်လပ်စွာဖြတ်သန်းသွားလာခွင့်ကို အိန္ဒိယဗဟို အစိုးရက ဖျက်သိမ်းလိုက်ပြီးနောက် ယခုနှစ်သစ် ဇန်နဝါရီလ ၁ ရက်နေ့ကစ၍ ချင်းပြည်နယ် ရိခေါဒါရ် နှင့် မီဇိုရမ်ပြည်နယ် ဇိုခေါဒါရ် နယ်စပ်ကတဆင့် ဝင်ထွက်သွားလာမှုကို အိန္ဒိယဗဟိုအစိုးရက တင်းကြပ်လိုက်ခြင်း ဖြစ် သည်။

နှစ်နိုင်ငံပြည်သူများသည် ယင်းအမှတ် ၂ အိန္ဒိယ-မြန်မာနယ်စပ်လမ်းကြောင်းကတဆင့် ဝင်ထွက် သွားလာမည်ဆိုပါက နယ်စပ်ဖြတ်ကျော်ခွင့်ကဒ် (Border Pass) ယူရမည်ဖြစ်ပြီး ထို Border Pass မရှိပါ က နယ်စပ်ဖြတ်ကျော်ဝင်ထွက် ခွင့်ရမည်မဟုတ်ပေ။

အိန္ဒိယဗဟိုအစိုးရ ပြည်ထဲရေးဝန်ကြီးဌာန၏ ညွန်ကြားချက်အရ နှင့် မီဇိုရမ်ပြည်နယ် ပြည်ထဲရေးဝန်ကြီးဌာနတို့၏ ညွန်ကြားချက်အရ နယ်စပ်ဖြတ်ကျော်သူများအနေဖြင့် Border Pass ရှိရမည်ဖြစ်ပြီး ထို Border Pass ရယူမည့်သူများ သည် နယ်စပ်ကနေ ၁၀ ကီလိုမီတာအတွင်းနေထိုင်သူများဖြစ်ရမည်ဟုသိရသည်။

ဆိုလိုသည်မှာ နယ်စပ်မှ ၁၀ ကီလိုမီတာအကွာတွင်နေထိုင်သူများသာ Border Pass ရယူနိုင်ပြီး Border Pass ရယူမည် ဆိုပါက နယ်စပ်မှ ၁၀ ကီလိုမီတာအတွင်းနေထိုင်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး၊ တာဝန်ရှိသူများ၏ သက်သေ အထောက်အထားများနှင့်တကွ ရဲတပ်ဖွဲ့၊ အာသံရိုင်ဖယ်တပ်ဖွဲ့များထံ သွားရောက်တောင်းခံရမည်ဖြစ်သည်။

Border Pass ၏ သက်တမ်းမှာ ၇ ရက်သာဖြစ်ပြီး ၇ ရက်မတိုင်ခင်မှာ Border Pass ထုတ်ယူသည့်နေရာတွင် ပြန်အပ်ပြီး နောက် မိမိနေရပ်သို့ ပြန်သွားရမည်ဟု နယ်စပ်အရေးနှင့်ပတ်သက်၍ မီဇိုရမ်ပြည်နယ် ကျန်ဖိုင်ခရိုင် ရဲတပ်ဖွဲ့က ဇန်နဝါရီလ ၃ ရက်နေ့ကထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Zo Reunification Organization (ZoRO) အဖွဲ့သည် ဗြိတိသျှအစိုးရ၏ နယ်နိမိတ်ပိုင်းခြားသတ်မှတ်မှုကြောင့် အိန္ဒိယ-မြန်မာ-ဘဂ်လားဒေရှ့် စသည့် ၃ နိုင်ငံတွင် ပြန့်နှံ့နေထိုင်ခဲ့ကြသော ဇိုး(ချင်း) မျိုးနွယ်စုများ ပြန်လည်ပေါင်းစည်းနေထိုင် ရေးလိုလားသောအဖွဲ့ဖြစ်ပြီး ယင်းအတွက် လှုပ်ရှားဆောင်ရွက်နေသောအဖွဲ့အစည်းဖြစ်သည်။

၂၀၂၄ ခုနှစ် မေလ ၁၆ ရက်နေ့တုန်းကလည်း အိန္ဒိယ-မြန်မာနှစ်နိုင်ငံကြား လွတ်လပ်စွာလှုပ်ရှားသွားလာခွင့် FMR စနစ် ဖျက်သိမ်းမှုနှင့် နယ်စပ်ခြံစည်းရိုးခတ်မည့် အိန္ဒိယ ဗဟိုအစိုးရအစီစဉ်ကို ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် ZORO အဖွဲ့က အိန္ဒိယ-မြန်မာနယ်စပ်တွင် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

ကလေးလူငယ်များကို လက်နက်ကိုင်အဖွဲ့များက အဓမ္မစစ်မှုထမ်းစေခြင်းကို ကန့်ကွက်ကြောင်း ချင်းပညာရေးစီဒီအမ်အဖွဲ့ ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.