Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»အိန္ဒိယ-မြန်မာ နယ်စပ် အဝင်/အထွက် ကန့်သတ်မှုကို ဖြေလျှော့ပေးဖို့ ဗဟိုအစိုးရကို ZORO ထပ်မံတောင်းဆို

အိန္ဒိယ-မြန်မာ နယ်စပ် အဝင်/အထွက် ကန့်သတ်မှုကို ဖြေလျှော့ပေးဖို့ ဗဟိုအစိုးရကို ZORO ထပ်မံတောင်းဆို

0
By Editor on January 14, 2025 Headline

(005MK)

အိန္ဒိယဗဟိုအစိုးရက အိန္ဒိယ-မြန်မာ နယ်စပ်အကြား လွတ်လပ်စွာဖြတ်သန်းသွားလာခွင့် FMR စနစ် ဖျက်သိမ်းပြီး နယ်စပ်ဖြတ်ကျော် ဝင်/ထွက်သွားလာခွင့် ကန့်သတ်မှုကို ပြန်လည်ဖြေလျှော့ပေးရန် ZORO အဖွဲ့က ယနေ့ ထပ်မံတောင်းဆိုလိုက်သည်။

မီဇိုရမ်ပြည်နယ်က အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်သည့် Zo Reunification Organization (ZORO) က ယနေ့ ဇန်နဝါရီလ ၁၄ ရက်နေ့တွင် အိုင်ဇောလ်မြို့ Press Club မှာ သတင်းစာရှင်လင်းပွဲကျင်းပပြီး ထပ်မံတောင်းဆိုလိုက်ခြင်း ဖြစ်သည်။

“ဌာနေတိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ကြေညာစာတမ်း (UNDRIP) ကြေညာစာတမ်းက မိမိတို့ကိုပေးထားတဲ့ အခွင့်အရေးတွေကို အိန္ဒိယဗဟိုအစိုးရက ရိုက်ချိုးနေတာဖြစ်တာ၊ မိမိတို့ဌာနေတိုင်းရင်းသားတွေအပေါ် ကျူးလွန်တဲ့ အိန္ဒိယအစိုးရရဲ့လုပ်ရပ်အပေါ် အလွန်စိတ်မကောင်းဖြစ်ရပါတယ်၊ လွတ်လပ်စွာ နယ်စပ်ဖြတ် ကျော်သွားလာခွင့်စနစ် FMR ကို ပြန်လည်အသက်သွင်းပြီး နယ်စပ်ဖြတ်ကျော်တဲ့အခါ Border Pass (နယ်စပ်ဖြတ် ကျော်ခွင့်ကဒ်) မဖြစ်မနေ ယူရမယ်ဆိုတဲ့ အမိန့်ကို ပြန်လည်ဖြေလျှော့ပေးဖို့ တောင်းဆိုပါတယ်၊ ဒီကိစ္စနဲ့ဖြေရှင်းမပေးဘူးဆိုရင် ရတဲ့နည်းနဲ့ အဆုံးတိုင် ဆက်လက်တောင်းဆိုသွားမယ်” ဟု ZORO အဖွဲ့က ဆိုသည်။

အိန္ဒိယ ဗဟိုအစိုးရသည် အိန္ဒိယ-မြန်မာ နယ်စပ်တွင် နှစ်နိုင်ငံပြည်သူများ ဝင်ထွက်သွားလာနိုင်မည့် စစ်ဆေးရေးဂိတ် ၁၈ ခုထားရှိရန် စီစည်ထားပြီး နှစ်နိုင်ငံပြည်သူများသည် ဆွေမျိုးတွေ့ဆုံခြင်း၊ ခရီးသွားခြင်း၊ ကုန်သွယ်ခြင်း၊ အားကစား၊ ကျန်းမာရေး၊ အစည်းအဝေး၊ ယဉ်ကျေးမှုဖလှယ်ခြင်း စသည့် ကဏ္ဍများအတွက် Border Pass များရယူကာ ဖြတ်သန်း သွားလာခွင့်ရှိမည်ဖြစ်သည်ဟု သိရသည်။

Border Pass (နယ်စပ်ဖြတ်ကျော်ခွင့်ကဒ်) ရယူနိုင်သည့်သူများမှာ နယ်စပ်မှ ၁၀ ကီလိုမီတာအကွာတွင် နေထိုင်သူများသာဖြစ်ပြီး ယင်းကဒ်၏ သက်တမ်းမှာလည်း ၇ ရက်သာ အသက်ဝင်မည်ဖြစ်သည်။

၇ ရက်ပြည့်သည့်အခါ ကဒ်ထုတ်ယူခဲ့သည့်နေရာတွင် ပြန်လည်အပ်နှံပြီး မိမိနေရပ်ကို ပြန်သွားရမည်ဖြစ်သည်ဟု သိရသည်။

အဆိုပါ Border Pass ထုတ်ပေးနိုင်သူများသည် အရပ်ဖက်အရာရှိ (သို့မဟုတ်) တရားရေးဆိုင်ရာပုဂ္ဂိုလ်များ ဖြစ်သင့်သော်လည်း ကဒ်ထုတ်ပေးခွင့်ရှိသူမှာ အာသံရိုင်ဖယ်တပ်ဖွဲ့ဖြစ်နေခြင်းမှာ ထူးဆန်းနေသည်ဟု ZORO အဖွဲ့က ဆိုသည်။

အိန္ဒိယဗဟိုအစိုးရသည် နှစ်ပေါင်း ၄၀ ကျော် ကျင့်သုံးလာခဲ့သည့် Free Movement Regime (FMR) ဟုခေါ်သော နှစ်နိုင်ငံပြည်သူများ လွတ်လပ်စွာ ဖြတ်သန်းသွားလာခွင့်ကို ဖျက်သိမ်းလိုက်ပြီးနောက် ဇန်နဝါရီလ ၁ ရက်နေ့ကစ၍ နှစ်နိုင်ငံပြည်သူများ ဝင်/ထွက်သွားလာခွင့်ကို ကန့်သတ်တင်းကြပ်လိုက်ခြင်းဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

ကလေးလူငယ်များကို လက်နက်ကိုင်အဖွဲ့များက အဓမ္မစစ်မှုထမ်းစေခြင်းကို ကန့်ကွက်ကြောင်း ချင်းပညာရေးစီဒီအမ်အဖွဲ့ ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.