Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ကလေးမြို့မြောက်ဘက် အောင်ရွာကျေးရွာအနီးတွင် မိုင်း ၃ လုံး ဖြုတ်နိုင်ခဲ့ဟုဆို
ပုံစာ - CNO UCR နှင့် CNDF မိုင်းဆရာများ ဖြုတ်ခဲ့သည့် အောင်ရွာကျေးရွာ သင်္ချိုင်းကုန်းအနီးမှ မိုင်း ၃ လုံး။

ကလေးမြို့မြောက်ဘက် အောင်ရွာကျေးရွာအနီးတွင် မိုင်း ၃ လုံး ဖြုတ်နိုင်ခဲ့ဟုဆို

0
By Editor on August 16, 2023 Khonumthung

ကလေးမြို့နယ် ကလေး-ရာဇဂြိုလ်ကားလမ်းမပေါ်  အောင်ရွာကျေးရွာ သင်္ချိုင်းကုန်းအနီး ပြည်သူများသွားလာသော လမ်း ဘေးတွင် ထောင်ထားကြသော မိုင်း ၃ လုံးကို CNO UCR နှင့် CNDF မိုင်းဆရာများက ယမန်နေ့ ဩဂုတ် ၁၄ ရက် မနက် ၁၁ နာရီတွင် သွားရောက်ကာ အထိအခိုက်မရှိ မိုင်းဖြုတ်နိုင်ခဲ့ကြသည်ဟု CNO UCR က ထုတ်ပြန်သည်။

ဩဂုတ်လ ၁၃ ရက်နေ့ကလည်း ညောင်တောကျေးရွာအနီး တာဟန်း-လက်ပံချောင်း ကားလမ်းမဘေးတွင် ထောင်ထားသော မိုင်းတစ်လုံးကို ဖြုတ်နိုင်ခဲ့သည်ဟု ဆိုသည်။

အဆိုပါမိုင်းများသည် မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းများမှ ထောင်ထားကြသည်ကိုမူ မသိရပေ။

ယမန်နေ့ ဩဂုတ်လ ၁၄ ရက်နေ့ မနက်ပိုင်းတုန်းကလည်း ကလေးမြို့ ဘူတာလမ်းခွဲအနီးတွင် အမှိုက်ရှင်းလင်းနေသူတစ်ဦး မိုင်းနင်းမိ၍ ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့သည်။

ပြီးခဲ့သည့် ဩဂုတ်လ ၈ ရက်နေ့ကလည်း ညောင်တောသင်္ချိုင်းကုန်းအနီးမှာ နွားတစ်ကောင်က မိုင်းနင်းမိ၍ နွားနှင့် ပြည်သူတစ်ဦး သေဆုံးခဲ့ရပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကာကီကျေးရွာမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ကလေးငယ်တစ်ဦးထပ်မံသေဆုံး

ပလက်ဝစစ်ဘေးရှောင်စခန်းမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ၄ ဦးသေဆုံး

သိုင်းငင်းရွာကို ဝင်ရောက်လာသော စစ်ကော်မရှင်တပ်စစ်ကြောင်း ထိခိုက်သေဆုံးမှုများပြား

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.