Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ဖလမ်းမြို့တွင် အာဏာသိမ်းစစ်​ကောင်စီက လူငယ်တစ်ဦးကို ဖမ်းဆီး

ဖလမ်းမြို့တွင် အာဏာသိမ်းစစ်​ကောင်စီက လူငယ်တစ်ဦးကို ဖမ်းဆီး

0
By Editor on April 16, 2021 Khonumthung
#Unicode
မာဂရက် – ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များက ဧပြီလ ၁၅ ရက်နေ့ ယမန်နေ့ညအချိန်တွင် ရှောင်တခင် ဧည့်စာရင်း စစ်ဆေးကာ ဆန္ဒပြရာတွင်အသုံးပြုသော ပစ္စည်းများကို တွေ့ရှိသောကြောင့် လူငယ်တစ်ဦး ဖမ်းဆီးခံရသည်ဟု သိရသည်။
“မနေ့ည သူ့အိမ်မှာပဲ ရှောင်တခင် ဧည့်စာရင်းစစ်ရင်းနဲ့ ဆန္ဒပြတဲ့ ဦးထုပ်တို့၊ အကာတို့ နောက်ပြီးတော့ ကျည်ခွံ ၄၀ တွေ့တာဆိုတော့ အခုက အမှုမဖွင့်သေးပေမဲ့လည်း ကျည်ခွံကိစ္စကြောင့်ပဲ စွဲချက်တင်ခံရမယ်နဲ့တူတယ်၊ ကျွန်တော်တို့ မထုတ်နိုင်တော့ဘူး၊ သက်သေခံ ပစ္စည်းတွေကို လက်ဝယ်တွေ့မှုပေါ့” ဖလမ်းမြို့ခံတစ်ဦးက ပြောသည်။
အဖမ်းခံရသူမှာ ဖလမ်းမြို့၊ ကျင်မွာလ်ရပ်ကွက်တွင်နေထိုင်သော အသက် ၂၄ နှစ်အရွယ် Salai Cung Lian Mang ဖြစ်ပြီး ဖလမ်းမြို့ရဲစခန်းတွင် ထိန်းသိမ်းလျက်ရှိကာ ဘာသာရေးခေါင်းဆောင်များက သွားရောက်ညှိနိုင်းနေကြောင်း သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ကလည်း စစ်ကောင်စီဖက်မှ ဆန္ဒပြသူများကို ဖြိုခွင်းခဲ့ပြီး လူငယ် (၃) ဦးကို ဖမ်းဆီးခံခဲ့ရသည်။
#Zawgyi
မာဂရက္ – ခ်င္းျပည္နယ္၊ ဖလမ္းျမဳိ႕တြင္ အာဏာသိမ္းစစ္ေကာင္စီတပ္ဖြဲ႔ဝင္မ်ားက ဧျပီလ ၁၅ ရက္ေန႔ ယမန္ေန႔ညအခ်ိန္တြင္ ေရွာင္တခင္ ဧည့္စာရင္း စစ္ေဆးကာ ဆႏၵျပရာတြင္အသုံးျပဳေသာ ပစၥည္းမ်ားကို ေတြ႔ရွိေသာေၾကာင့္ လူငယ္တစ္ဦး ဖမ္းဆီးခံရသည္ဟု သိရသည္။
“မေန႔ည သူ႔အိမ္မွာပဲ ေရွာင္တခင္ ဧည့္စာရင္းစစ္ရင္းနဲ႔ ဆႏၵျပတဲ့ ဦးထုပ္တုိ႔၊ အကာတုိ႔ ေနာက္ျပီးေတာ့ က်ည္ခြံ ၄၀ ေတြ႔တာဆုိေတာ့ အခုက အမႈမဖြင့္ေသးေပမဲ့လည္း က်ည္ခြံကိစၥေၾကာင့္ပဲ စြဲခ်က္တင္ခံရမယ္နဲ႔တူတယ္၊ ကြ်န္ေတာ္တုိ႔ မထုတ္ႏုိင္ေတာ့ဘူး၊ သက္ေသခံ ပစၥည္းေတြကုိ လက္ဝယ္ေတြ႔မႈေပါ့” ဖလမ္းျမဳိ႕ခံတစ္ဦးက ေျပာသည္။
အဖမ္းခံရသူမွာ ဖလမ္းျမဳိ႕၊ က်င္မြာလ္ရပ္ကြက္တြင္ေနထုိင္ေသာ အသက္ ၂၄ ႏွစ္အရြယ္ Salai Cung Lian Mang ျဖစ္ျပီး ဖလမ္းၿမိဳ႕ရဲစခန္းတြင္ ထိန္းသိမ္းလ်က္႐ွိကာ ဘာသာေရးေခါင္းေဆာင္မ်ားက သြားေရာက္ညိွႏိုင္းေနေၾကာင္း သိရသည္။
ျပီးခဲ႕သည္႕ ေဖေဖာ္ဝါရီလ ၂၈ ရက္ေန႔ကလည္း စစ္ေကာင္စီဖက္မွ ဆႏၵျပသူမ်ားကုိ ျဖဳိခြင္းခဲ့ျပီး လူငယ္ (၃) ဦးကုိ ဖမ္းဆီးခံခဲ့ရသည္။
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CDF-Hakha အရာရှိအချင်းချင်းအငြင်းပွားရာမှ ပစ်ခတ်မှုဖြစ်ပြီး ဒုဥက္ကဌဟောင်း Salai Sang Ling ကျဆုံး

ထိန်းသိမ်းခံထားရစဉ် ရောဂါအခံဖြင့်သေဆုံးသည်ဟုဆိုသော ဦးထန်ခန်းဒါလ်၏ ရုပ်အလောင်းတွင် ဒဏ်ရာများတွေ့ရှိမှုအပေါ် ဝေဖန်မှုမြင့်တက်

ပြည်သူထံ ငွေညစ်ခြင်း၊ နေအိမ် ဖောက်ထွင်းဓါးပြတိုက်ခြင်း ကျူးလွန်နေသည့် စစ်တပ်ပြည်သူ့စစ် တစ်ဦးကို CDF – ဟားခါး ဖမ်းဆီး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.