Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ဟုမ္မလင်းမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒဖော်ထုတ်သည့် အမျိုးသမီး ၂ ဦးကို စစ်ကောင်စီတပ်ဖွဲ့မှ ဖမ်းဆီး

ဟုမ္မလင်းမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒဖော်ထုတ်သည့် အမျိုးသမီး ၂ ဦးကို စစ်ကောင်စီတပ်ဖွဲ့မှ ဖမ်းဆီး

0
By Editor on May 4, 2021 Khonumthung
#Unicode
မာဂရက် – စစ်ကို်င်းတိုင်း အထက်ပိုင်း၊ ဟုမ္မလင်းမြို့တွင် မေလ ၂ ရက်နေ့ညနေပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒဖော်ထုတ်ခဲ့ကြ သည့် အမျိုးသမီး ၂ ဦးကို အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့မှ ဖမ်းဆီးခဲ့ပြီး ဆိုင်ကယ် တစ်စီးလည်းယူဆောင်သွားသည်ဟု သိရသည်။
“အစ်မ ၂ ယောက်က ချောင်းထဲရဲ့ခြုံပုတ်ထဲမှာ ပုန်းနေရင်းနဲ့ ဖမ်းသွားတာ၊ ဆိုင်ကယ်လည်းယူ သွားတယ် ၂ စီးလို့ပြောကြတယ်၊ ကျမတွေ့တာကတော့ တစ်စီးတွေ့တယ် ၊ သူတို့ကို မနေ့ကတော့ မြို့မရဲစခန်းမှာပဲ ထားတယ်၊ ဒီနေ့တော့ မသိတော့ဘူး၊” ဟု ဟုမ္မလင်းမြို့ခံတစ်ဦးက ပြောသည်။
အဆိုပါအမျိူးသမီးနှစ်ဦးသည် မေလ ၂ ရက်နေ့က ဟုမ္မလင်းမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်တွင် ပါဝင်ခဲ့ကြ သူများဖြစ်ကြပြီး တစ်ဦးမှာ ဟုမ္မလင်းမြို့ နောင်ပကျစ်ရပ်ကွက်တွင် နေထိုင်သူ မချိုလွင် ဖြစ်ပြီး ကျန်တစ်ဦး၏ နာမည် နှင့် မည်သည့် ရပ်ကွက်တွင် နေထိုင်သည်ကို မသိရှိနိုုင်ပေ။
ဟုမ္မလင်း မြို့ ပြည်သူများသည် ၎င်းတို့ ၂ ဦးပြန်လည်လွတ်မြောက်ရေးအတွက် ဟုမ္မလင်း မြို့မ ရဲစခန်းတွင် သွားရောက်ခဲ့ကြသော်လည်း ယနေ့ချိန်ထိ ပြန်လွတ်ပေးခြင်းမရှိသေးကြောင်းသိရသည်။
#Zawgyi
စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ဟုမ္မလင်းမြို့တွင် မေလ ၂ ရက်နေ့ညနေပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒဖော်ထုတ်ခဲ့ကြ သည့် အမျိုးသမီး ၂ ဦးကို အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့မှ ဖမ်းဆီးခဲ့ပြီး ဆိုင်ကယ် တစ်စီးလည်းယူဆောင်သွားသည်ဟု သိရသည်။
အဆိုပါအမျိုးသမီးနှစ်ဦးသည် မေလ ၂ ရက်နေ့က ဟုမ္မလင်းမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်တွင် ပါဝင်ခဲ့ကြ သူများဖြစ်ကြပြီး တစ်ဦးမှာ ဟုမ္မလင်းမြို့ နောင်ပကျစ်ရပ်ကွက်တွင် နေထိုင်သူ မချိုလွင် ဖြစ်ပြီး ကျန်တစ်ဦး၏ နာမည် နှင့် မည်သည့် ရပ်ကွက်တွင် နေထိုင်သည်ကို မသိရှိနိုင်ပေ။
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေးမြို့နယ်၊ နန်းစောင်းပုရွာသစ် တိုက်ပွဲတွင် စစ်ကော်မရှင်အဖွဲ့ဝင် (၄) ဦးသေဆုံး၊ အိန္ဒိယနိုင်ငံသား ကသည်းသူပုန်အပါဝင် (၇) ဦး ဖမ်းဆီးရမိ

အမေရိကန်အခြေစိုက် BACI ၏ CEO နှင့် မလေးရှားရောက် ချင်းအဖွဲ့အစည်းဦးဆောင်သူများ ဒုက္ခသည်အရေးဆွေးနွေး

စစ်ဘေးရှောင်ချင်းအမျိုးသမီးတစ်ဦး ဆိုင်ကယ်တိုက်ခံရ၍ သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.