Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»တမူးမြို့နယ်မှ စစ်​ကောင်စီနှင့် ပူး​ပေါင်းသော အုပ်ချုပ်ရေးမှူးနေအိမ် ပစ်ခတ်ခံရပြီး မိသားစုဝင် ၂ ဦးသေဆုံး

တမူးမြို့နယ်မှ စစ်​ကောင်စီနှင့် ပူး​ပေါင်းသော အုပ်ချုပ်ရေးမှူးနေအိမ် ပစ်ခတ်ခံရပြီး မိသားစုဝင် ၂ ဦးသေဆုံး

0
By Editor on May 5, 2021 Khonumthung
#Unicode
By လားနွန် – စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ် ဝိတုတ်ကျေးရွာရှိ စစ်ကောင်စီနှင့် ပူးပေါင်းသော အုပ်ချုပ်ရေးမှူးနေအိမ် ယမန်နေ့ညပိုင်း ပစ်ခတ်ခံရခြင်းကြောင့် အုပ်ချုပ်ရေးမှူး၏ တူမနှင့် သမီးသေဆုံးကြောင်း တမူးမြို့ဒေသခံတစ်ဦးမှသိရသည်။
“တချို့ကတော့ ဗုံးနဲ့ ပစ်တယ်တဲ့ တချို့ ကတော့ သေနတ်နဲ့ပစ်တယ်တဲ့ တိုက်ခိုက်ခံခဲ့ရတာတော့အမှန်ပဲ အုပ်ချုပ်ရေးမှူးကတော့ လွတ်တယ် သူ့သမီးနဲ့ တူမသေသွားတယ် အမျိုးသမီးကတော့ ဒဏ်ရာအပြင်းအထန်ရတယ်လို့သိပါတယ်” ဟု တမူးမြို့ဒေသခံကပြောသည်။
ဝိတုတ်ကျေးရွာသည် ကလေး – တမူးကြား အာရှလမ်းမပေါ်တည်ရှိပြီး တမူးမြို့နယ်ထဲရှိ ကျေးရွာတစ်ရွာဖြစ်ပြီး တမူးမြို့မှ (၁၈) မိုင်အကွာတွင်တည်ရှိသည့်ကျေးရွာဖြစ်သည်။
စစ်ကောင်စီအဖွဲ့ဝင် အုပ်ချုပ်ရေးမှူးနေအိမ်တိုက်ခိုက်ခံခဲ့ရမှုနှင့် ပတ်သက်ပြီး တမူးမြို့ဒေသခံတစ်ဦးမှ “အဲဒီကျေးရွာမှာရှိတဲ့ အုပ်ချုပ်ရေးမှူးတို့ ရာအိမ်မှူးတို့က အားလုံးကဒလန်တွေပဲ စစ်ကောင်စီအဖွဲ့ တွေနဲ့ ပူးပေါင်းပြီး ဒေသခံ ကျေးရွာနေတဲ့သူတွေကို နှောက်ရှက်တာတို့ အမြဲလုပ်တယ် တိုင်တာတို့လုပ်တတ်တယ် အဲဒါကြောင့် ဒေသခံများကမကျေနပ်လို့လုပ်လိုက်တာဖြစ်မယ်ထင်တယ်” ဟု ​ပြောသည်။
#Zawgyi
By လားႏြန္ – စစ္ကိုင္းတိုင္းေဒသႀကီး တမူးၿမိဳ႕နယ္ ဝိတုတ္ေက်းရြာရွိ စစ္ေကာင္စီႏွင္႔ ပူးေပါင္းေသာ အုပ္ခ်ဳပ္ေရးမွဴးေနအိမ္ ယမန္ေန႔ညပိုင္း ပစ္ခတ္ခံရျခင္းေၾကာင့္ အုပ္ခ်ဳပ္ေရးမွဴး၏ တူမႏွင့္ သမီးေသဆံုးေၾကာင္း တမူးၿမိဳ႕ေဒသခံတစ္ဦးမွသိရသည္။
“တခ်ိဳ႕ကေတာ့ ဗံုးနဲ႔ ပစ္တယ္တဲ့ တခ်ိဳ႕ ကေတာ့ ေသနတ္နဲ႔ပစ္တယ္တဲ့ တိုက္ခိုက္ခံခဲ့ရတာေတာ့အမွန္ပဲ အုပ္ခ်ဳပ္ေရးမွဴးကေတာ့ လြတ္တယ္ သူ႔သမီးနဲ႔ တူမေသသြားတယ္ အမ်ိဳးသမီးကေတာ့ ဒဏ္ရာအျပင္းအထန္ရတယ္လို႔သိပါတယ္” ဟု တမူးၿမိဳ႕ေဒသခံကေျပာသည္။
ဝိတုတ္ေက်းရြာသည္ ကေလး – တမူးၾကား အာရွလမ္းမေပၚတည္ရွိၿပီး တမူးၿမိဳ႕နယ္ထဲရွိ ေက်းရြာတစ္ရြာျဖစ္ၿပီး တမူးၿမိဳ႕မွ (၁၈) မိုင္အကြာတြင္တည္ရွိသည့္ေက်းရြာျဖစ္သည္။
စစ္ေကာင္စီအဖြဲ႕၀င္ အုပ္ခ်ဳပ္ေရးမွဴးေနအိမ္တိုက္ခိုက္ခံခဲ့ရမႈႏွင့္ ပတ္သက္ၿပီး တမူးၿမိဳ႕ေဒသခံတစ္ဦးမွွ “အဲဒီေက်းရြာမွာရွိတဲ့ အုပ္ခ်ဳပ္ေရးမွဴးတို႔ ရာအိမ္မွဴးတို႔က အားလံုးကဒလန္ေတြပဲ စစ္ေကာင္စီအဖြဲ႔ ေတြနဲ႔ ပူးေပါင္းၿပီး ေဒသခံ ေက်းရြာေနတဲ့သူေတြကို ေႏွာက္ရွက္တာတို႔ အၿမဲလုပ္တယ္ တိုင္တာတို႔လုပ္တတ္တယ္ အဲဒါေၾကာင့္ ေဒသခံမ်ားကမေက်နပ္လို႔လုပ္လိုက္တာျဖစ္မယ္ထင္တယ္” ဟု ​ေျပာသည္။
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေးမြို့နယ်၊ နန်းစောင်းပုရွာသစ် တိုက်ပွဲတွင် စစ်ကော်မရှင်အဖွဲ့ဝင် (၄) ဦးသေဆုံး၊ အိန္ဒိယနိုင်ငံသား ကသည်းသူပုန်အပါဝင် (၇) ဦး ဖမ်းဆီးရမိ

အမေရိကန်အခြေစိုက် BACI ၏ CEO နှင့် မလေးရှားရောက် ချင်းအဖွဲ့အစည်းဦးဆောင်သူများ ဒုက္ခသည်အရေးဆွေးနွေး

စစ်ဘေးရှောင်ချင်းအမျိုးသမီးတစ်ဦး ဆိုင်ကယ်တိုက်ခံရ၍ သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.