Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»တမူးမြို့နယ်မှ စစ်​ကောင်စီနှင့် ပူး​ပေါင်းသော အုပ်ချုပ်ရေးမှူးနေအိမ် ပစ်ခတ်ခံရပြီး မိသားစုဝင် ၂ ဦးသေဆုံး

တမူးမြို့နယ်မှ စစ်​ကောင်စီနှင့် ပူး​ပေါင်းသော အုပ်ချုပ်ရေးမှူးနေအိမ် ပစ်ခတ်ခံရပြီး မိသားစုဝင် ၂ ဦးသေဆုံး

0
By Editor on May 5, 2021 Khonumthung
#Unicode
By လားနွန် – စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ် ဝိတုတ်ကျေးရွာရှိ စစ်ကောင်စီနှင့် ပူးပေါင်းသော အုပ်ချုပ်ရေးမှူးနေအိမ် ယမန်နေ့ညပိုင်း ပစ်ခတ်ခံရခြင်းကြောင့် အုပ်ချုပ်ရေးမှူး၏ တူမနှင့် သမီးသေဆုံးကြောင်း တမူးမြို့ဒေသခံတစ်ဦးမှသိရသည်။
“တချို့ကတော့ ဗုံးနဲ့ ပစ်တယ်တဲ့ တချို့ ကတော့ သေနတ်နဲ့ပစ်တယ်တဲ့ တိုက်ခိုက်ခံခဲ့ရတာတော့အမှန်ပဲ အုပ်ချုပ်ရေးမှူးကတော့ လွတ်တယ် သူ့သမီးနဲ့ တူမသေသွားတယ် အမျိုးသမီးကတော့ ဒဏ်ရာအပြင်းအထန်ရတယ်လို့သိပါတယ်” ဟု တမူးမြို့ဒေသခံကပြောသည်။
ဝိတုတ်ကျေးရွာသည် ကလေး – တမူးကြား အာရှလမ်းမပေါ်တည်ရှိပြီး တမူးမြို့နယ်ထဲရှိ ကျေးရွာတစ်ရွာဖြစ်ပြီး တမူးမြို့မှ (၁၈) မိုင်အကွာတွင်တည်ရှိသည့်ကျေးရွာဖြစ်သည်။
စစ်ကောင်စီအဖွဲ့ဝင် အုပ်ချုပ်ရေးမှူးနေအိမ်တိုက်ခိုက်ခံခဲ့ရမှုနှင့် ပတ်သက်ပြီး တမူးမြို့ဒေသခံတစ်ဦးမှ “အဲဒီကျေးရွာမှာရှိတဲ့ အုပ်ချုပ်ရေးမှူးတို့ ရာအိမ်မှူးတို့က အားလုံးကဒလန်တွေပဲ စစ်ကောင်စီအဖွဲ့ တွေနဲ့ ပူးပေါင်းပြီး ဒေသခံ ကျေးရွာနေတဲ့သူတွေကို နှောက်ရှက်တာတို့ အမြဲလုပ်တယ် တိုင်တာတို့လုပ်တတ်တယ် အဲဒါကြောင့် ဒေသခံများကမကျေနပ်လို့လုပ်လိုက်တာဖြစ်မယ်ထင်တယ်” ဟု ​ပြောသည်။
#Zawgyi
By လားႏြန္ – စစ္ကိုင္းတိုင္းေဒသႀကီး တမူးၿမိဳ႕နယ္ ဝိတုတ္ေက်းရြာရွိ စစ္ေကာင္စီႏွင္႔ ပူးေပါင္းေသာ အုပ္ခ်ဳပ္ေရးမွဴးေနအိမ္ ယမန္ေန႔ညပိုင္း ပစ္ခတ္ခံရျခင္းေၾကာင့္ အုပ္ခ်ဳပ္ေရးမွဴး၏ တူမႏွင့္ သမီးေသဆံုးေၾကာင္း တမူးၿမိဳ႕ေဒသခံတစ္ဦးမွသိရသည္။
“တခ်ိဳ႕ကေတာ့ ဗံုးနဲ႔ ပစ္တယ္တဲ့ တခ်ိဳ႕ ကေတာ့ ေသနတ္နဲ႔ပစ္တယ္တဲ့ တိုက္ခိုက္ခံခဲ့ရတာေတာ့အမွန္ပဲ အုပ္ခ်ဳပ္ေရးမွဴးကေတာ့ လြတ္တယ္ သူ႔သမီးနဲ႔ တူမေသသြားတယ္ အမ်ိဳးသမီးကေတာ့ ဒဏ္ရာအျပင္းအထန္ရတယ္လို႔သိပါတယ္” ဟု တမူးၿမိဳ႕ေဒသခံကေျပာသည္။
ဝိတုတ္ေက်းရြာသည္ ကေလး – တမူးၾကား အာရွလမ္းမေပၚတည္ရွိၿပီး တမူးၿမိဳ႕နယ္ထဲရွိ ေက်းရြာတစ္ရြာျဖစ္ၿပီး တမူးၿမိဳ႕မွ (၁၈) မိုင္အကြာတြင္တည္ရွိသည့္ေက်းရြာျဖစ္သည္။
စစ္ေကာင္စီအဖြဲ႕၀င္ အုပ္ခ်ဳပ္ေရးမွဴးေနအိမ္တိုက္ခိုက္ခံခဲ့ရမႈႏွင့္ ပတ္သက္ၿပီး တမူးၿမိဳ႕ေဒသခံတစ္ဦးမွွ “အဲဒီေက်းရြာမွာရွိတဲ့ အုပ္ခ်ဳပ္ေရးမွဴးတို႔ ရာအိမ္မွဴးတို႔က အားလံုးကဒလန္ေတြပဲ စစ္ေကာင္စီအဖြဲ႔ ေတြနဲ႔ ပူးေပါင္းၿပီး ေဒသခံ ေက်းရြာေနတဲ့သူေတြကို ေႏွာက္ရွက္တာတို႔ အၿမဲလုပ္တယ္ တိုင္တာတို႔လုပ္တတ္တယ္ အဲဒါေၾကာင့္ ေဒသခံမ်ားကမေက်နပ္လို႔လုပ္လိုက္တာျဖစ္မယ္ထင္တယ္” ဟု ​ေျပာသည္။
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ပြည်သူများကို လိမ်လည်လှည့်ဖြားသည်ဟုဆိုကာ မြန်မာစစ်ဘေးရှောင် ၈ ဦးကို မီဇိုရမ်ပြည်နယ်ကနေ ထွက်ခွာဖို့ YMA ညွှန်ကြား

တမူးဘက် စစ်ဘေးရှောင်နေသည့် ကလေးမြို့၊ ပြည်တော်သာရွာမှ ချင်းလင်မယား သတ်ဖြတ်ခံရ

ခမ်းပတ်မြို့နှင့် ကနန်ရွာကို လေကြောင်းတိုက်ခိုက်မှုအတွင်း ဒေသခံ ၁ ဦး သေဆုံး၊ နေအိမ်အဆောက်အဦးများ ထိခိုက်ပျက်စီး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.