Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ဟားခါးတွင် စစ်ကောင်စီမှ ဖမ်းဆီးမှုကြောင့် Pu Khamh Bawi လည်း သေဆုံးခဲ့ကြောင်း ယနေ့ညနေပိုင်းမှ မိသားစုထံအကြောင်းကြား

ဟားခါးတွင် စစ်ကောင်စီမှ ဖမ်းဆီးမှုကြောင့် Pu Khamh Bawi လည်း သေဆုံးခဲ့ကြောင်း ယနေ့ညနေပိုင်းမှ မိသားစုထံအကြောင်းကြား

0
By Editor on May 13, 2021 Khonumthung
ချင်းပြည်နယ် ဟားခါးမြို့တွင် စစ်ကောင်စီ၏ ဖမ်းစီးမှုကြောင့် သေဆုံးခဲ့သူမှာ နှစ်ဦးဖြစ်ကြောင်း ယနေ့ညနေပိုင်းမှသာ မိသားစုထံ အကြောင်းကြားခဲ့ပြီး နောက်တစ်ဦးမှာ Thang Zang ကျေးရွာမှ ဟားခါးသို့ ခေတ္တ အလည်လာသူ Pu Khamh Bawi ဖြစ်ကြောင်း သိရသည်။
“ဒီညနေပိုင်းလောက်မှာ တပ်ဘက်ကနေ ပါစတာတစ်ယောက်ကိုဖုန်းဆက်တယ်၊ Pu Tler Ling သေပြီး သိပ်မကြာခင်မှာ ဆုံးသွားတာကြောင့် အတူတူမီးရှို့လိုက်တယ်လို့ပြောတယ်၊ သူက Thang Zang ဘက်ကနေ ဒီကိုခဏလာတာလို့ပြောတယ်၊ သူ့အမေကတော့ ဒီမှာဘဲ၊ သူတို့အိမ်က ဟားခါးသာရ် ခြောက်လမ်းစုံဘက်မှာ၊ စစ်သားတွေက အဲဘက်မှာ ဟိုးသွားဒီသွားလုပ်နေတော့ သူတို့အိမ်ကို ရပ်ကွက်က အသုဘ စောင့်ပေးဖို့လည်း မသွားရဲကြဘူးပြောတယ်” ဟု ဒေသခံတစ်ဦးမှပြောသည်။
စစ်ကောင်စီ၏ ဝါဒဖြန့်သတင်းစာဖြစ်သည့် မြန်မာ့အလင်း သတင်းစာမှ ဟားခါးမြို့တွင် မေလ ၁၀ ရက်နေ့က မသင်္ကာဖွယ် အမျိုးသားနှစ်ဦးအား ဖမ်းဆီးခဲ့ပြီး ဦးကီလ်လိန်းမှာ သွေးတိုးရောဂါနှင့် သေဆုံးပြီး ကျန်တစ်ဦးဖြစ်သည့် ဦးဘွေအားမှာ ပြင်းထန်အဆုတ်ရောင်ရောဂါဖြင့် သေဆုံးခဲ့ကြောင်း ထုတ်ပြန်ထားသည်။
တစ်ကယ့်ဖြစ်စဉ်မှာ Pu Khamh Bawi အား မေလ ၉ ရက်နေ့မနက်ပိုင်း ၉ နာရီခန့်တွင် ဟားခါးမြို့ ဂေါက်ကွင်းအနီးရှိ နေအိမ်တွင်ဖမ်းဆီးခဲ့ပြီး Pu Tler Ling အား ညနေပိုင်းတွင် နွယ်ချောင်းဘက်ရှိ ၄င်း၏ ယာတဲထဲတွင်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီ၏ ဖမ်းဆီးမှုကြောင့်သေဆုံးခဲ့ရသည့် Pu Tler Ling နှင့် Pu Khamh Bawi တို့၏ အလောင်းများအား မိသားစုထံ ပြန်လည် ပေးအပ်ခြင်းမရှိဘဲ စစ်ကောင်စီမှ မီးရှို့ပြီးကြောင်းသာ အကြောင်းကြားထားကြောင်းသိရသည်။
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ပြည်သူများကို လိမ်လည်လှည့်ဖြားသည်ဟုဆိုကာ မြန်မာစစ်ဘေးရှောင် ၈ ဦးကို မီဇိုရမ်ပြည်နယ်ကနေ ထွက်ခွာဖို့ YMA ညွှန်ကြား

တမူးဘက် စစ်ဘေးရှောင်နေသည့် ကလေးမြို့၊ ပြည်တော်သာရွာမှ ချင်းလင်မယား သတ်ဖြတ်ခံရ

ခမ်းပတ်မြို့နှင့် ကနန်ရွာကို လေကြောင်းတိုက်ခိုက်မှုအတွင်း ဒေသခံ ၁ ဦး သေဆုံး၊ နေအိမ်အဆောက်အဦးများ ထိခိုက်ပျက်စီး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.