Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မတူပီမြို့ လူငယ် (၅) ဦးကို ဇူလိုင် ၂၆ ရက် ရုံးပြန်ချိန်းပြီး မိသားစုဝင်က ပြည်နယ်စစ်ကောင်စီထံ အသနားခံစာတင်ရန်စီစဉ်ဟုဆို

မတူပီမြို့ လူငယ် (၅) ဦးကို ဇူလိုင် ၂၆ ရက် ရုံးပြန်ချိန်းပြီး မိသားစုဝင်က ပြည်နယ်စစ်ကောင်စီထံ အသနားခံစာတင်ရန်စီစဉ်ဟုဆို

0
By Editor on July 13, 2021 Headline

ချင်းပြည်နယ်၊ မတူပီမြို့တွင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခဲ့သော လူငယ်(၅) ဦးကို ယနေ့ ၁ နာရီိတွင် ရုံးထုတ်ခဲ့ပြီး လာမည့် ဇူလိုင် ၂၆ ရက်နေ့တွင် ရုံးပြန်ချိန်းကာ မိသားစုဝင်များက ပြည်နယ် စစ်ကောင်စီထံအသနားခံစာ တင်ရန်စီစဉ်​နေ​ကြောင်း သိရသည်။

“ဒီနေ့တော့ ၁ နာရီ ရုံးထုတ်ဖြစ်တယ်၊ မိဘတွေနဲ့ ပေးတွေ့ရပေမယ့် နီးနီးကပ်ကပ် မနေရဘူး.. ခပ်ခပ်ခွာခွာ စကားပြောဆိုရတယ်၊ သူတို့တော့ ကျန်းမာရေးတော့ ကောင်းကြပါတယ်၊ တရားရုံးမှာ အရင်ကဆိုရင် အထဲ မှာ မိသားစုဝင်တွေက ဝင်နားထောင်လို့ရတယ်၊ အခုတော့ မဝင်ခိုင်းတော့ဘူးဆိုတော့ ဘာပြောလဲဆို တာလည်း မသိရတော့ဘူး၊ ကိုဗစ်ကြောင့် ပေးမဝင်တော့ဘူးဆိုတော့၊ အခု သူတို့က ကလေး (၅) ဦးကို အသနားခံစာတင်ခိုင်းတယ်၊ ပြည်နယ်မှာ ဟားခါးကို တင်ခိုင်းတယ်၊ သူတို့ပြန်လွတ်ပေးဖို့ပေါ့လေ” ဟု အမည်မဖော်လိုသည့် ဆွေးမျိုး​တော်စပ်သူတစ်ဦးက ပြောသည်။

၎င်းတို့ (၅) ဦးကို ဧပြီလ ၇ ရက် ၈ ရက်နေ့တွင် ရဲနှင့်စစ်တပ်က စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုနှင့် CDM လှုပ်ရှားမှုတို့တွင် ပါဝင်ကြသည်ဟု သံသယရှိသောကြောင့် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

မတူပီမြို့တွင် အဖမ်းခံရသူ (၅) ဦးမှာ တက္ကသိုလ်ကျောင်းသား Salai Timothy, Salai Titus, Salai Jahn, Salai Naung Naung နှင့် (Joshep Oxygen) ပရဟိတအသင်းဥက္ကဌ ဦးထွန်းလင်းဦးတို့ဖြစ်ကြပြီး ၎င်းတို့ကို ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ကာ မတူပီ မြို့မရဲစခန်းအချုပ်တွင် ဆက်လက်ထိန်းသိမ်းထားကြောင်းလည်း သိရသည်။

မတူပီမြို့တွင် အာဏာသိမ်းစစ်ကောင်စီက ပုဒ်မ ၅၀၅(က) ဖြင့် အမှုဖွင့်ပြီး ဖမ်းဆီးခံထားရသူ (၈) ဦး ရှိသည်ဟုလည်းသိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မရာလက်နက်ကိုင်နှစ်ဖွဲ့ တိုက်ပွဲကြောင့် စစ်ဘေးရှောင်နေရသော ပြည်သူများကို ချင်းပြည် (Chinland) အစိုးရက ငွေကြေးထောက်ပံ့

ကန်ပက်လက်မြို့နယ်ထဲကို စစ်ကော်မရှင်က ပေါင် ၅၀၀ ဗုံးများဖြင့် တိုက်ခိုက်

ကလေးမြို့တွင် စစ်မှုထမ်းရန် နေအိမ်ထဲထိ ညအချိန် ဝင်ရောက်ဖမ်းဆီးမှုများရှိနေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.