Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»စစ်ကောင်စီ၏ တားမြစ်ပိတ်ပင်မှုကြောင့် UNHCR ထောက်ပံ့ပစ္စည်းများ မင်းတပ်မြို့ပေါ် စစ်ဘေးရှောင်အိမ်ထောင်စု ၆၀ ကျော်ကသာ ရရှိကြ

စစ်ကောင်စီ၏ တားမြစ်ပိတ်ပင်မှုကြောင့် UNHCR ထောက်ပံ့ပစ္စည်းများ မင်းတပ်မြို့ပေါ် စစ်ဘေးရှောင်အိမ်ထောင်စု ၆၀ ကျော်ကသာ ရရှိကြ

0
By Editor on July 22, 2021 Headline

စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့် ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများအတွက် ကမ္ဘာ့ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှ ပေးပို့လိုက်သော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို စစ်ကောင်စီ၏ တားမြစ်ပိတ်ပင်မှုကြောင့် မင်းတပ်မြို့ပေါ်ရှိ စစ်ဘေးရှောင်အိမ်ထောင်စု ၆၆ စု လူဦးရေ ၅၀၀ ကျော်ကျော်ခန့်ကသာ ရရှိခဲ့ကြသည်ဟု သိရသည်။

“ဟိုတနေ့က ဖြန့်ဖြူးနေကြပါပြီ၊ သူတို့က လက်ရှိ စခန်းမှာရှိတဲ့ အိမ်ထောင်မိသားစုကိုပဲ ပေးရမယ်ဆိုတဲ့လမ်းညွှန်းချက်နဲ့ အိမ်ထောင်မိသားစု ၆၆ စုထံ ဖြန့်ဝေပေးပါတယ်၊ စစ်ရှောင်စခန်းကျောင်း (၅) ကျောင်းလောက်မှာ ၆၆ မိသားစုကို ဖြန့်ဝေပေးတယ်၊ လူဦးရေအနေနဲ့တော့ ၅ဝဝကျော်လောက်ရှိမှာပါ၊ ကျန်တဲ့ဟာတော့ ဖြန့်ဝေခွင့်မရဘူး၊ ကျန်တဲ့ဟာကျတော့ ဟိုးတောရွာတွေ၊ ကျေးလက်တွေမှာပဲ စခန်းတွေရှိတယ်ဆိုတော့ သွားခွင့်မရှိသေးတဲ့အတွက်ကြောင့် သူတို့ဖက်မှာတော့ မရောက်သေးဘူး” ဟု မင်းတပ်မြို့ မြို့မိ/မြို့ဖတစ်ယောက်က ပြောသည်။

UNHCR အနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး တကိုယ်ရေသုံး အကာအကွယ်ပစ္စည်းကိရိယာများအပါအဝင် အစားအစာမဟုတ်သည့် တာပေါ်လင်၊ ခြင်ထောင်၊ ဖျာ၊ စောင်၊ မီးဖိုချောင်သုံးပစ္စည်း၊ နေရောင်ခြည်စွမ်းအင်သုံးမီးအိမ် စသည့်ပစ္စည်းများကို မင်းတပ်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူ အိမ်ထောင်စုပေါင်း ၁၀၀၀၊ လူဦးရေ ၅၀၀၀ စာအတွက် ထောက်ပံ့ပေးခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း စစ်ကောင်စီက မင်းတပ်မြို့ပေါ်ရှိ ၎င်းတို့ခွင့်ပြုချက်ဖြင့် ဖွင့်လှစ်ထားသည့် စစ်ဘေးရှောင်စခန်းမှာသာ ဖြန့်ဝေခွင့်ပြုခဲ့ပြီး စစ်ဘေးရှောင်အများစုခိုလှုံကြသော ကျေးရွာဘက်နှင့် တောထဲရှိ စစ်ဘေးရှောင်စခန်းများတွင် သွားရောက်ဖြန့်ဝေခွင့်မပြုသည့်အတွက် စစ်ဘေးရှောင်အနည်းကျဉ်းကသာ UNHCR ၏ ထောက်ပံ့ပစ္စည်းကို ရရှိနိုင်ခဲ့ကြခြင်းဖြစ်သည်။

မင်းတပ်မြို့ပေါ်တွင် စစ်ကောင်စီခွင့်ပြုချက်ဖြင့် ဖွင့်လှစ်ထားသော စစ်ဘေးရှောင်စခန်း ယခင်က ၁၀ ခုထိရှိခဲ့ပြီး လက်ရှိ UNHCR ကထောက်ပံ့သော ပစ္စည်းများကို မြို့ပေါ်စစ်ဘေးရှောင်စခန်း ၅ ခုကသာရရှိပြီး ကျန်စစ်ဘေးရှောင်စခန်း ၅ ခုမှာ နေထိုင်သည့်ဒေသခံများသည် မိမိတို့နေအိမ်ပြန်သွားကြပြီဖြစ်သည်အတွက် ထောက်ပံ့ပစ္စည်းများ ရရှိနိုင်ခြင်းမရှိကြပေ။

“မင်းတပ်မြို့ပေါ်မှာက စစ်ဘေးရှောင်စခန်း ၁၀ ခုရှိတယ်၊ ၅ ခုက (မြို့ဦး) ကျောင်း၊ (ဗဟိုကျောင်း)၊ မြို့မနှစ်ခြင်းကျောင်း၊ ဖရက်စ်ဘုရားကျောင်း၊ တောင်ပုလုကျောင်းတွေကရပေမယ့် ကျန် ၅ ခုမှာတော့ လူမရှိတော့ဘူး၊ အိမ်ပြန်သွားကြပြီ အားလုံးက၊ နေအိမ်ပြန်တဲ့သူတွေကို စစ်ကောင်စီက ပေးခွင့်မပြုတော့ သူတို့မရကြဘူး” ဟု မင်းတပ်မြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်းတခုက တာဝန်ရှိသူတစ်ဦးကပြောသည်။

ချင်းပြည်နယ် မင်းတပ်မြို့တွင် ဧပြီလကုန်ပိုင်းကစ၍ စစ်အာဏာသိမ်းမှု ဆန့်ကျင်ကန့်ကွက်ဆန္ဒဖော်ထုတ်ကြသည့် ပြည်သူများအား စစ်ကောင်စီက အကြမ်းဖက်ဖမ်းဆီး ပစ်ခတ်မှုရှိလာခြင်းကြောင့် မင်းတပ်မြ်ို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Mindat-CDF) ဖွဲ့စည်းကာ စစ်ကောင်စီတပ်ဖွဲ့နှင့် တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့မှုကြောင့် ဒေသခံတစ်သောင်းကျော်သည် ကျေးရွာများနှင့် တောထဲသို့ အိုးအိမ်စွန်ခွါကာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရခြင်းဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်ကော်မရှင်ရွေးကောက်ပွဲအပြီး ချင်းပြည်နယ်လွှတ်တော် ပြန်လည်ဖွင့်လှစ်ရန် ဟားခါးမြို့တွင် ပြင်ဆင်နေ

ဖလမ်းတိုက်ပွဲများတွင် စစ်ကော်မရှင်တပ် အထိနာ၊ စစ်အင်အားထပ်မံဖြည့်တင်းကာ ဖလမ်းမြို့မှ ၁၃ မိုင်အကွာမှာ အခိုင်အမာခြေကုတ်ယူ၍စစ်ပြင်ဆင်နေဟု ဆို

ကလေးမြို့နယ်တောင်ပိုင်းက စစ်ဘေးရှောင်ပြည်သူများ စားနပ်ရိက္ခာနှင့် ဆေးဝါးအကူအညီများလိုအပ်နေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.