Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»တီးတိန်၊ မြို့မရဲစခန်းရှေ့ ဆိုင်ကယ်ဖြင့် ဖြတ်သွားသော ပြည်သူ ၁ ဦး ပစ်သတ်ခံရ

တီးတိန်၊ မြို့မရဲစခန်းရှေ့ ဆိုင်ကယ်ဖြင့် ဖြတ်သွားသော ပြည်သူ ၁ ဦး ပစ်သတ်ခံရ

0
By Editor on September 13, 2021 Headline

ချင်းပြည်နယ် တီးတိန်မြို့တွင် စက်တင်ဘာလ ၁၁ ရက်နေ့ ည ၉ နာရီဝန်းကျင်ခန့်က မြို့မရဲစခန်းရှေ့တင် ဆိုင်ကယ်ဖြင့် ဖြတ်သွားသူများအား ရဲတပ်ဖွဲ့က သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် တစ်ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိကြောင်း သိရသည်။

“ရဲစခန်းရှေ့က လမ်းကိုသွားတော့ ရဲက သူ့ကိုရပ်ဖို့တားတယ်၊ ရဲစခန်းဖက်က ရပ်ပြီး စစ်ဆေးခံဖို့နဲ့ မရပ်ရင်ပစ်မယ်လို့ ပြောတာ သူကမရပ်တော့ ရဲစခန်းဖက်ကနေပစ်သတ်တာပေါ့ မနေ့ကတော့ သူ့အလောင်းကို ရွာကိုပြန်သယ်ကြတယ်၊ ၂ ယောက်က ဒဏ်ရာရတယ်၊ မိန်းကလေးက သူ့ရဲဲ့ပေါင်မှာ တချက် ယောကျင်္ာလေးက ဘယ်ဖက်ခြေထောက်မှာ ၂ ချက်ဒဏ်ရာရတယ်” ဟု တီး တိ်န်မြို့ဒေသခံတစ်ဦးက ပြောသည်။

ရဲတပ်ဖွဲ့ပစ်ခတ်မှုကြောင့် သေဆုံးသွားသူမှာ တီးတိန်မြို့နယ် ဂေါန်မွှောလ်(Gawngmual) ရွာသားဖြစ်သည်ဟု သိရ သည်။

တီးတိန်မြို့တွင် စက်တင်ဘာလ ၄ ရက်နေ့က မြို့မရဲစခန်းမှ နယ်ထိန်းဒုရဲအုပ်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည့် အပြင် ပြီးခဲ့သည့် သြဂုတ်လတွင်လည်း မြန်မာ့စီးပွားရေးဘဏ်လုံခြုံရေးတာဝန်ကျ ရဲတပ်သား ၃ ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည်။

အမျိုးသားညီညွှတ်ရေး အစိုးရ (NUG) က စက်တင်ဘာလ ၇ ရက်နေ့ မနက်ပိုင်းတွင် စစ်အာရှင် ဆန့်ကျင်ရေး ခုခံတွန်းလှန်တိုက်ပွဲခေါ်သံကို တနိုင်ငံလုံးအတိုင်းအတာဖြင့် အရေးပေါ်အခြေအနေ စတင်ကြေညာပြီးနောက်ပို််င်းတွင် ချင်းပြည်နယ်နှင့် အခြားမြို့ရွာများတွင်လည်း မြို့တွင်းတိုက်ပွဲများ ဆက်လက်ဖြစ်ပွား လာကြောင်းလည်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မတူပီမှာ မိမိဆန္ဒမပါဘဲ စစ်မှုထမ်းစေခိုင်းခြင်းများ ဖြစ်ပွားနေဟုဆို

ချင်းပြည်နယ်မှာ ရွေးကောက်ပွဲ မကျင်းပနိုင်ရေး တားဆီးမည်ဟု ချင်းအင်အားစုများပြော

ပလက်ဝကို ရခိုင်၏ ခရိုင်တစ်ခုအဖြစ် သတ်မှတ်လိုက်ခြင်းကို လက်မခံကြောင်း CC ဒုဥက္ကဌပြော

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

June 28, 2025

ဆလိုင်းတင်မောင်ဦး (သို့မဟုတ်) သမိုင်း‌သွေးကို ရဲရင့်စေသူ

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.