Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ထန်တလန်မြို့ မီးလောင်မှုနဲ့ပတ်သက်ပြီး ဒေသခံလူငယ်ခေါင်းဆောင်တစ်ဦးနဲ့ ဆက်သွယ်မေးမြန်းချက်

စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ထန်တလန်မြို့ မီးလောင်မှုနဲ့ပတ်သက်ပြီး ဒေသခံလူငယ်ခေါင်းဆောင်တစ်ဦးနဲ့ ဆက်သွယ်မေးမြန်းချက်

0
By Editor on September 20, 2021 Headline

ချင်းပြည်နယ် ထန်တလန်မြို့ပေါ်တွင် အာဏာသိမ်းစစ်ကောင်စီက လက်နက်ကြီးတွေပစ်ခတ်မှုကြောင့် စက်တင်ဘာလ ၁၈ ရက်နေ့ ညနေပိုင်း ၃ နာရီခွဲလောက်ကစပြီး လူနေအိမ် ၁၉ အိမ်လောင်းကျွမ်းပြာကျခဲ့သလို မီးငြိမ်းသတ်ဖို့သွားတဲ့ ခရစ်ယာန်အမှုတော်ဆောင်ပါစတာတစ်ဦးလည်း စစ်ကောင်စီရဲ့ပစ်ခတ်မှုကြောင့်သေဆုံးခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ထန်ထလန်မြို့က လူငယ်ခေါင်းဆောင်တစ်ဦးကို ခိုနူမ်းသုန်သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ စက်တင်ဘာလ ၁၈ ရက်နေ့ညနေပိုင်းက ထန်တလန်မြို့ မီးလောင်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီး အရင်ဆုံးပြောပြစေချင်ပါတယ်၊ ဘာကြောင့် ဘယ်လို မီးစတင်လောင်းကျွမ်းရတာပါလဲ။

ဖြေ။ ။ မနေ့ကတော့ မြို့တွင်းလှုပ်ရှားမှုလည်း နည်းနည်းရှိတာပေါ့နော်၊ CNA/CDF တို့ ပူးပေါင်းပြီးမှ လုပ်ထားတဲ့ ဟာရှိတယ်၊ မနက် ၁၀ နာရီကနေ ညနေ ၄ နာရီထိပေါ့ မြို့တွင်းမှာ ပစ်ခတ်မှု တွေရှိတယ်၊ ဒီလိုမျိုး အပြန်အလှန်ပစ်ခ တ်မှုတွေရှိတယ်၊ ဒီပစ်ခတ်မှုမှာတော့ စကစ ဖက်ကအယောက် ၃၀ လောက်တော့သေတယ်လို့သိရတယ်၊ CNA/CDF ဖက်က ဘာမှထိခိုက်မှုမရှိပဲ ပြန်သွားနိုင်တယ်။ အဲ့နောက်ပိုင်းမှာ သူတို့ (စကစ) က ထင်ရာစိုင်းပြီး မသင်္ကာတဲ့နေရာတွေကို အကုန်ရမ်းသမ်းပစ်တာပေါ့ သူတို့ရဲ့ လက်နက်ကြီးတွေကြောင့် လူနေအိမ်တွေထိပြီး မီးထလောင်တာပေါ့၊ လောင်တဲ့နေရာက အမှတ် (၁) ရပ်ကွက်၊ အရင်းတုန်းက ကျောင်းရပ်ကွက်လို့ခေါ်တယ်။

မေး။ ။ အဲဒီမီးလောင်မှုကြောင့် လူနေအိမ်ဘယ်နှစ်လုံးပျက်စီးသွားလဲ။ လူတွေရော ထိခိုက်သေဆုံးမှုတွေရှိလား။

ဖြေ။ ။ အိမ်က ၁၉ အိမ်လောင်တာပေါ့၊ အမျိုးသမီးတယောက် နည်းနည်းဒဏ်ရာရ ထိမိတဲ့ပြည်သူတစ်ယောက်ရှိထားတယ်၊ သူကတော့ စိုးရိမ််ရလားဆိုတော့ ဒဏ်ရာကိုလည်း ကျွန်တော်တို့က တိတိကျကျ စုံးစမ်းလို့မရသေးဘူး၊ မီးလောင်တဲ့အချိန်မှာ ပြည်သူကလည်း တယောက်မှ မထွက်ရဲကြဘူး၊ မီးလောင်တဲ့ အချိန်မှာလည်း ဆက်တိုက်ပစ်ခတ်မှုတွေရှိတယ်ဆိုတော့။

မေး။ ။ မီးလောင်တဲ့အချိန်မှာ မီးသတ်ကားတွေရောက်လာတာမျိူးမရှိမဘူလား။

ဖြေ။ ။ မီးလောင်တဲ့အချိန်မှာ မီးသတ်ကားကိုခေါ်တယ်၊ မီိးသတ်ဌာနကလည်း CDM တော်တော်များများ လုပ်တယ်ဆိုတော့၊ CDM မလုပ်တဲ့သူတစ်ယောက်ရှိတာပေါ့ သူ့ရဲ့ အမျိုးသမီးက ဒီမီးလောင်တဲ့အချိန်မှာ ရမ်းသမ်းပစ်ခတ်မှုတွေကြောင့်ညဒဏ်ရာရတဲ့ အချိန်ဖြစ်တော့ သူကလည်း မဆင်မပြေဘူးအဲ့လိုမျိုးပုံစံဖြစ်နေတာ၊ မီးသတ်ကားက မရောက်လာလို့လည်း ဆက်တိုက်ကိုလောင်တာပေါ့၊ မီးသတ်ကားတော့ရှိတယ်။

မေး။ ။ ခရစ်ယာန်အမှုတော်ဆောင်ပါစတာတစ်ဦး မီးငြိမ်းသတ်ဖို့သွားအချိန်မှာ စစ်ကောင်စီဘက်က ပစ်သတ်လိုက်တယ်လို့သိရပါတယ်။ အဲဒီဖြစ်စဉ်ကိုလည်း ပြောပြလို့ရမလား။

ဖြေ။ ။ မီးလောင်တဲ့အချိန်မှာ ပြည်သူတွေကလည်း တယောက်မှ မထွက်ရဲဘူး၊ ဒါပေမယ့် မီးလောင်တာကို မီးငြိမ်းဖို့ TCBC ပါစတာတယောက် ကျွန်တော်တို့ ထန်တလန်က အရမ်းအားကိုးရတဲ့ လူငယ်လည်း ဖြစ်တာပေါ့ ပါစတာ ကျုံးဗျက်ဟုမ်းက မီးလောင်တာကို မီးငြိမ်းဖို့ လူတွေကို ဆော်သြပြီးမှ သူတို့အဖွဲ့တွေနဲ့ သွားကြတယ်၊ ထန်တလန်လမ်းဆုံကနေ စစ်ကောင်စီတွေက အော်တိုသေနတ်နဲ့ ပစ်တာပေါ့။ တမင်သက်သက်ပစ်တာပေါ့၊ ကျည်ဆံထိမှန်ပြီး ဆုံးသွားတယ်၊ စစ်ကောင်စီတပ်သားတွေက သူ့ရဲ့လက်ချောင်းကိုဖြတ်ပြီး လက်ထပ်လက်စွပ်ကို ခိုးယူသွားကြတယ်၊ ပြည်သူလူထု ကတော့ တော်တော်လေးကို ရင်နာတယ်၊ တော်တော်လေးကို ခံပြင်းတယ်ဒီကိစ္စအပေါ်မှာ။

မေး။ ။ အခုဒီနေ့ အခြေအနေ ဘယ်လိုရှိလဲ၊ နောက်ဆက်တွဲ ဘယ်လိုမျိုး ဖြစ်ပျက်တာတွေရှိလဲ။

ဖြေ။ ။ ဒီနေ့တော့ စစ်ကောင်စီရဲ့ လူသားမဆန်စွာလုပ်ရပ်တွေကြောင့် ထန်တလန်မြို့ပေါ်ဒေသခံအားလုံးနီးပါး၊ စာရင်းတော့ တိတိကျကျ အခုထိမရနိုင်သေးဘူး၊ ရွာဖက်တွေကို ထပ်ပြီးတော့ စစ်ဘေးတိမ်းရှောင်ကြတယ်။

မေး။ ။ အခု မြို့တွင်းတိုက်ပွဲတွေကြောင့် ထန်တလန်မြို့ပေါ်က စစ်ဘေးရှောင်နေရတဲ့သူ ဘယ်လောက်ရှိပြီလဲ။

ဖြေ။ ။ အခုက စစ်ဘေးရှောင် ၅ထောင်ကျော်နဲ့ ၆ ထောင်ဝန်းကျင်လောက်ရှိပြီ။ ထန်တလန်အနီးအနား ကရွာတစ်ဝိုက်နဲ့ တောင်ကြောအလိုက်နဲ့ သူ့ရဲ့နီးစပ်ရာတောင်ကြောတွေမှာ စစ်ဘေးရှောင်ကြရတယ်။ မနေ့က အဖြစ်အပျက်ကိုကြည့်မယ်ဆိုရင် ထန်တလန်ကနေ မြို့ပြင်ကို ထွက်ဖို့တောင် တော်တော်လေးအ ခက်အခဲတွေ့တာပေါ့၊ အလံဖြူတွေကိုရှေ့ကနေထောင်ပြီးမှ ထွက်ပြေးသူတွေလည်းအများကြီးရှိတယ်၊ ခြေလျှင်နဲ့လည်း ထွက်တဲ့ သူတွေလည်းအများကြီးရှိတယ်။ မနေ့က အဖြစ်အပျက်ကိုကြည့်မယ်ဆိုရင် ရုတ်တရက်ကြီးဖြစ်တယ်ဆိုတော့ စစ်ပြေးရှောင်တွေက သူတို့နေရာထိုင်ခင်းအတွက်လည်း အခက်အခဲဖြစ်တာပေါ့။ အစားသောက်အပိုင်းမှာလည်း မတူကြဘူး တချို့က နည်းနည်းပါးပါး ယူနိုင်တဲ့ဟာယူကြတယ်၊ အများကြီးမသယ်နိုင်ကြဘူး၊ တောင်ကြောအလိုက်ရွာက တာဝန်ခံတွေကပဲ တတ်နိုင်သလောက်မျှပြီးမှ စားသောက်နေကြရတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

လက်ရှိတော်လှန်ရေးအတွင်း ချင်းပြည်သူ ၁၃၀၀ ကျော် သေဆုံးဟု ICA ထုတ်ပြန်

ပရော်ဖက်ရှင်နယ်တပ်မတော်အဖြစ် ချင်းပြည်အစိုးရတပ်ဖွဲ့ (CGF) ဖွဲ့စည်းနိုင်ရေး ပြင်ဆင်နေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 16, 2026

ဆိုင်းဇန်ရွာတွင် နှစ်ထပ်အိမ် မီးလောင်ပြာကျ၊ ကျပ်သိန်း ၁၀၀၀ ကျော် ဆုံးရှုံး

September 16, 2026

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

September 16, 2026

လုံခြုံရေးအခြေအနေကြောင့် တီးတိန်-ရိဒ် လမ်းပိုင်းကို CDF-Hualngoram ပိတ်ထား

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.