Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ကလေးမြို့နယ် သာယာကုန်းကျေးရွာတွင် စစ်ကောင်စီမှ နေအိမ် ၄ လုံး မီးရှို့ဖျက်ဆီးခဲ့ပြီး ရွာသား ၃ ဦး ဖမ်းဆီးခံရ

ကလေးမြို့နယ် သာယာကုန်းကျေးရွာတွင် စစ်ကောင်စီမှ နေအိမ် ၄ လုံး မီးရှို့ဖျက်ဆီးခဲ့ပြီး ရွာသား ၃ ဦး ဖမ်းဆီးခံရ

0
By Editor on October 12, 2021 Khonumthung

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ နည်းပညာတက္ကသိုလ် (GTC) ကျောင်းအနီးရှိ သာယာကုန်းကျေးရွာတွင်် အောက်တိုဘာလ ၈ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကျေးရွာအတွင်းဝင်ရောက်လာကာ လူနေအိမ် ၄ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ရွာသား ၃ ဦးကိုလည်း ဖမ်းဆီးခံခဲ့ရကြောင်းသိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက သာယာကုန်းရွာသားများကို ဖမ်းဆီးခြင်းနှင့် လူနေအိမ်များ မီးရှို့ဖျက်ဆီးခြင်းတို့ကြောင့် ပြည်သူများ စိုးရိမ်ကြောက်ရွပြီး ရွာ၏အနောက်ဖက်ရှိ ကျေးရွာ၊ တောထဲနှင့် ကလေးမြို့တွင်ရှိသော ဆွေးမျိုးများထံ ထွက်ပြေးခိုလှုံနေကြရသည်ဟု သာယာကုန်းကျေးရွာမှ ကလေးမြို့တွင် ထွက်ပြေးတိမ်းရှောင်လာသူတစ်ဦးက ပြောသည်။

“ဒီမနက်ပိုင်း စစ်သားတွေရွာထဲဝင်လာတယ်၊ အိမ်တွေလည်းမီးရှို့တယ် ရွာအပြင်က အိမ် ၃ လုံး၊ ရွာထဲက ၁ လုံး၊ အသိ ၁ ယောက်လည်း အဖမ်းခံရတယ်၊ ကျန်အဖမ်းခံရတာ အတိအကျတော့မသိဘူး။ ကျမတို့လည်း ကလေးမြို့ ဆွေမျိုးတွေစီမှာ ပြောင်းပြီးလာနေတယ်၊ အိမ်မှာ ပစ္စည်း တွေ ဒီအတိုင်းပဲထားခဲ့ရတယ်။” ဟု ပြောသည်။

အဆိုပါမီးလောင်မှုကြောင့် ပျက်ဆီးသည့်အိမ်မှာ ကလေး-ဂန့်ဂေါကားလမ်းဘေးတွင်ရှိသော ဆိုင်ကယ်ပြင်ဆိုင် ၁ ဆိုင်၊ သီဟထွန်း ဆန်စက် ၂ ပိုင်ရှင်၏ တိုက်အိမ် ၁ အိမ်၊ အလုပ်သမားအဆောင်၊ အလုပ်သမားများနေအိမ်နှင့် အိမ်သာအပြင် ဆိုင်ကယ် ၂ စီး ခိုးယူသွားကြသည်ဟု သိရသည်။

အာဏာသိမ်းစစ်ကောင်စီက စက်တင်ဘာလ ၂၅ ရက်နေ့တွင် ၂ ပတ်အတွင်း ချင်းပြည်နယ်အားလုံး ကို စစ်ရေးအပြတ်ချေမှုန်းမည်ဟု အမိန့်ပေးထားခြင်းကြောင့် စစ်ကောင်စီတပ်ဖွဲ့များက တပ်အင်အား တိုးချဲ့ခြင်းများပြားလာပြီး အောက်တိုဘာလ ၈ ရက်နေ့တွင်လည်း သံချပ်ကား (၂) စီးအပါအဝင် စစ်ကား ၄၀ စီးဝင်ရောက်လာကာ လက်ရှိတွင် ၎င်းသံချပ်ကား ၂ စီးနှင့် စစ်ကား ၅၅ စီးတို့သည် ဖလမ်းမြို့နယ် လုမ်းဘန်ကျေးရွာ အထက်တန်ကျောင်းတွင် တပ်စွဲထားကြောင်းလည်း သိရသည်။

စစ်ကောင်စီမှ တပ်အင်အားအများအပြား ဖြည့်တင်းလာခြင်းမှာ ချင်းလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်သည့် ချင်းအမျိုးသားတပ်ဦး (CNF) ၏ စစ်ဌာနချုပ်အား ဝင်ရောက်တိုက်ခိုက်ရန်အတွက် ဖြစ်နိုင်ကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) Twitter စာမျက်နှာတွင် သုံးသပ်ထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မီဇိုရမ်လွှတ်တော်ကအတည်ပြုလိုက်သည့် မီဇိုးလက်ထပ်ထိမ်းမြားခြင်းနှင့် အမွေဆက်ခံခြင်းဆိုင်ရာဥပဒေကို ပြန်ရုပ်သိမ်းရန် မီဇိုးအမျိုးသမီးများအသင်း (MHIP) တောင်းဆို

လောင်တလိုင်နှင့် ချင်းပြည်နယ်ဆက်သွယ်သည့်နယ်စပ်လမ်းကြောင်းပြန်ဖွင့်

နွေရာသီရောက်ရှိတော့မည်ဖြစ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရန် တော်လှန်ရေးအဖွဲ့များ အသိပေးနှိုးဆော်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.