Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ကလေး-ဂန့်ဂေါလမ်း မှန်တောဘက်တွင် စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွား

ကလေး-ဂန့်ဂေါလမ်း မှန်တောဘက်တွင် စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွား

0
By Editor on February 24, 2022 Khonumthung

ကလေးမြို့နယ်တောင်ပိုင်း ကလေး-ဂန့်ဂေါကားလမ်းမအပေါ်ရှိ မှန်တောကျေးရွာတွင် ဖေဖော်ဝါရီလ ၂၃ ရက်နေ့က စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိက်ပွဲဖြစ်ပွားကာ စစ်ကောင်စီဘက်က အနည်းဆုံး ၆ ယောက်ဒဏ်ရာရရှိပြီး သေဆုံး မှုလည်းရှိနိုင်သည်ဟု CDF – KKG က ထုတ်ပြန်သည်။

ကလေးမြို့နယ်တောင်ပိုင်း ကြံသာရွာနှင့် ဂန့်ဂေါမြို့နယ် ဟံသာဝတီရွာတို့၌တပ်စွဲထားသည့် စစ် ကောင်စီများနှင့် ပျူစောထီးများသည် အင်အား (၇၀) ခန့်ဖြင့် စစ်ကြောင်းနှစ်ကြောင်းခွဲကာ မှန် တောရွာဖက်သို့ထိုးစစ်ဆင်လာကြရာတွင် CDF – KKG၊ CDF – Thantlang၊ PDF – Kalay ၊ RKDF ၊ ပကဖ ပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်များသည် ယခင်စစ်ကြောင်းထိုးရာ၌ အသုံးပြုနေကျ ပြည်ထောင်စုလမ်းမကြီး အတိုင်း မလာဘဲ တောလမ်းမှတဆင့် မှန်တောရွာအနောက်ဖက်မှ ရွာတွင်းသို့ဝင်ရောက်လာကာ ပူးပေါင်း တပ်ဖွဲ့များနှင့် (၂) နာရီကြာခန့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး CDF – KKG တပ်ဖွဲ့ဝင်များ ထောင်ထားသည့် တိုက်မိုင်းများတိုက်မိခြင်း ၊ ပူးပေါင်းအဖွဲ့မှ လက်နက်ကြီး/ငယ်များဖြင့်ပြန်လည်ပ စ်ခတ်မှုများကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပြန်လည်ဆုတ်ခွာသွားခဲ့သည်ဟု ၎င်းတို့ထုတ်ပြန်ချက် တွင်ဖော်ပြထားသည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီဖက်မှ ထိခိုက်သေဆုံးမှုများကို အတည်မပြုနိုင်သေးသော်လည်း (၆) ဦးထက်မနည်း ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရနိုင်ပြီး ပူးပေါင်းတပ်ဖွဲ့ဘက်မှ ထိခိုက်ကျဆုံးမှုမရှိကြောင်း CDF-KKG ကထုတ်ပြန်သည်။

ဖေဖော်ဝါရီ ၂၂ ရက်နေ့ကလည်း၊ ဂန့်ဂေါနှင့် ပျားရွာအကြားရှိ စစ်ကောင်စီတပ်ဖွဲ့တပ်စွဲရာ စက်ယန္တရားကုန်းကို CDF-KKG တပ်ရင်း (၅) မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ကလေးမြို့နယ် ရန်ကြီးအောင် ကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဖေဖော်ဝါရီ ၂၃ ရက်နေ့တွင်ပင် သံဖိုကျေးရွာအတွင်းသို့ ဝင်ရောက်ကာ ဒေသခံ ပြည်သူများ၏ နေအိမ်၊ ဆန်စက်၊ ဆိုင်ကယ် စသည်တို့ကို မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်ဟုလည်း သိရသည်။

CDF-KKG တပ်ရင်း (၃) ရဲဘော်များနှင့် ဒေသခံပြည်သူများ၏ ကြိုးစားငြိမ်းသတ်မှုကြောင့် ဆန်စက်မီးလောင်မှုကို ငြိမ်းသတ်နိုင်ခဲ့သော်လည်း နေအိမ် ၂ လုံးနှင့် ဆိုင်ကယ်တစ်စီး မီးလောင်ပြာကျခဲ့ရသည်ဟု CDF-KKG ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

မြန်မာလိဂ်မှာ ကစားနေသော Chinland FC မှ ချင်းကစားသမား တစ်ပတ်နီးပါးကြာ ပျောက်ဆုံးနေ

ကလေး- တီးတိန်- ဖလမ်း ကားလမ်းပိုင်း ဂိတ်ကြေးပေးဆောင်မှုများသောကြောင့် ကားခမြင့်တက်နေဆဲ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

August 28, 2026

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.