Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ကလေးမြို့တွင်းတိုက်ပွဲ နေအိမ်တစ်လုံးပေါ်လက်နက်ကြီးကျရောက်ပေါက်ကွဲ ၂ ဦးဒဏ်ရာရ၊

ကလေးမြို့တွင်းတိုက်ပွဲ နေအိမ်တစ်လုံးပေါ်လက်နက်ကြီးကျရောက်ပေါက်ကွဲ ၂ ဦးဒဏ်ရာရ၊

0
By Editor on April 11, 2022 Khonumthung

ကလေးမြို့ အင်ဒိုင်းကုန်းနှင့် မြို့လှရပ်ကွက်ဘက်တွင် ယနေ့မနက်ပိုင်း ၁၀ ဝန်းကျင်လောက်ကစ၍ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အင်ဒိုင်းကုန်း(ယခင်မွှန်ထာရွာ)ရပ်ကွပ်ရှိလူနေအိမ်တစ်လုံးပေါ်ကျရောက် ပေါက်ကွဲကာ အိမ်ရှင်လင်မယားထိခိုက်ဒ ဏ်ရာရရှိခဲ့ကြသည်ဟု သိရသည်။

လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အိမ်ရှင်အမျိုးသား၏ ဦးခေါင်း၊ ကျောကုန်းနှင့် ဇနီးသည်၏ လက်မောင်း၊ နောက်ကျောဘက် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများထံမှသိရသည်။

စစ်ကောင်စီတပ်ဖွဲ့သည့် ကလေးမြို့ တောင်ဖီလာတောင်ကုန်းပေါ်တွင် တပ်စွဲထားကြပြီး ထိုနေရာမှတဆင့် လက်နက်ကြီး နှင့် လှမ်းပစ်ကြောင်းယူဆရသည်။

ထို့အပြင် နေ့လယ်ပိုင်း ၂ နာရီလောက်တွင် မြို့လှရပ်ကွက်အကျော် စက္ကန့်ကျေးရွာတွင် အသုဘအိမ်သို့ရောက်ရှိနေကြ သော ဒေသခံရွာသား အယောက် ၅၀ ခန့်ကိုလည်း စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သိရသည်။

ညနေပိုင်း ၄ နာရီဝန်းကျင်ခန့်ကလည်း ကလေးမြို့ စန်းမြို့ရပ်ကွက်ရဲစခန်းအနီးတွင် ပေါက်ကွဲသံနှင့် ပစ်ခတ်သံများ ထပ်မံ ထွက်ပေါ်ခဲ့ပြီး အသေးစိတ်အခြေနေကိုမူ မသိရသေးပေ။

ကလေးမြို့တွင် ဧပြီလ ၇ ရက်နေ့ကစ၍ နေ့စဉ်ဆက်တိုက် မြို့တွင်းစစ်ဆင်တိုက်ခိုက်မှုများဖြစ်ပွားလျှက်ရှိကာ စစ်ကောင်စီ ဘက်ကလည်း လုံခြုံရေးတင်းကြပ်ထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ပြည်သူများကို လိမ်လည်လှည့်ဖြားသည်ဟုဆိုကာ မြန်မာစစ်ဘေးရှောင် ၈ ဦးကို မီဇိုရမ်ပြည်နယ်ကနေ ထွက်ခွာဖို့ YMA ညွှန်ကြား

တမူးဘက် စစ်ဘေးရှောင်နေသည့် ကလေးမြို့၊ ပြည်တော်သာရွာမှ ချင်းလင်မယား သတ်ဖြတ်ခံရ

ခမ်းပတ်မြို့နှင့် ကနန်ရွာကို လေကြောင်းတိုက်ခိုက်မှုအတွင်း ဒေသခံ ၁ ဦး သေဆုံး၊ နေအိမ်အဆောက်အဦးများ ထိခိုက်ပျက်စီး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.