Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»“မတူပီမြို့နယ်၊ ဖနိုင်ကျေးရွာ အနီးတွင် အကြမ်းဖက် CDF များနှင့်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက် CDF များထံမှ ပဒတ်ကင် ၁ ကင်၊ လက်လုပ်တစ်တောင့်ထိုးသေနတ် ၁ လက်၊ တစ်တောင့်ထိုးကျည် ၈ တောင့်တို့အား သိမ်းဆည်ရမိခဲ့” ဆိုတဲ့ သတင်းအမှား

“မတူပီမြို့နယ်၊ ဖနိုင်ကျေးရွာ အနီးတွင် အကြမ်းဖက် CDF များနှင့်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက် CDF များထံမှ ပဒတ်ကင် ၁ ကင်၊ လက်လုပ်တစ်တောင့်ထိုးသေနတ် ၁ လက်၊ တစ်တောင့်ထိုးကျည် ၈ တောင့်တို့အား သိမ်းဆည်ရမိခဲ့” ဆိုတဲ့ သတင်းအမှား

0
By Editor on July 27, 2022 Khonumthung

FiftyTwoNews စစ်ကောင်စီဝါဒဖြန့် Facebook Account ကနေ“မနေ့က (ဇူလိုင် ၂၅) နေ့ လယ် ၂ နာရီခန့်တွင် ချင်းပြည်နယ် မတူပီမြို့နယ်အတွင်း နယ်မြေရှင်း လင်းရေးဆောင်ရွက်နေသော လုံခြုံရေးပူးပေါင်းအဖွဲ့များသည် မတူပီမြို့နယ်၊ ဖနိုင်ကျေးရွာ အနီးတွင် အကြမ်းဖက် CDF များနှင့်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက် CDF များထံမှ ပဒတ်ကင် ၁ ကင်၊ လက်လုပ်တစ်တောင့်ထိုးသေနတ် ၁ လက်၊ တစ်တောင့်ထိုးကျည် ၈ တောင့်တို့အား သိမ်းဆည်ရမိခဲ့ကြောင်း သိရှိရသည်။” လို့ရေးသာဖော်ပြထားတာဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး CDF-Matupi ပြန်ကြားရေးတာဝန်ခံတစ်ဦးမှ “အဲ့ဒါ ၂၅ ရက်နေ့က တိုက်ပွဲဖြစ်တာ.. တိုက်ပွဲမှာတော့ စစ်ကောင်စီဘက်က (၅) ယောက်သေပြီး (၄) ယောက်ဒဏ်ရာရတာ..ကျနော်တို့ CDF-Matupi ဘက်ကတော့ အထိခိုက်မရှိပြန်ဆုတ်ခွာနိုင်တာ သူတို့ဘက်ကတော့ ဘာလက်နက်မှ သိမ်းဆည်းရမိတယ်ဆိုတာမရှိဘူး…အဲ့ဒါသတင်းအမှားပါ” လို့ပြောကြားခဲ့ပါတယ်။

တပင်ရွှေထီး အကောင့်မှလည်း“ ချင်းပြည်နယ် မတူပီမြို့နယ် လေမျိုချောင်း တံတားနားမှာ စစ်ကောင်စီနှင့် PDF များတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား (၂) မစိုးရိမ်ရဒဏ်ရာရရှိခဲ့ပြီး PDF များဘက်မှ PDF အလောင်း (၁) လောင်းနှင့် သေနတ် (၁) လက်တို့အား စစ်ကောင်စီတပ်သားများမှ သိမ်းဆည်းမိသွားကြောင်းသိရပါတယ်။” လို့ရေးသားဖော်ပြထားပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး Chinland Defense Force – Matupi မှ “၂၀၂၂ခုနှစ်၊ ဇူလိုင် ၂၅ ရက်၊ ၁၁ နာရီခန့်တွင် CDF-Matupi တပ်ဖွဲ့ဝင်များနှင့် အကြမ်းဖက်စစ် ကောင်စီတပ်ဖွဲ့ဝင်များအကြား လေမျိုချောင်းတံတား အနီးတစ်ဝိုက် ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ( ၅) ဉီးကျဆုံးပြီး ( ၄) ဦးခန့် ဒဏ်ရာရရှိကြောင်း။ ၄င်းထိတွေ့ပစ်ခတ်မှုဖြစ်စဉ်မှ CDF-Matupi တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိပြန် လည်ဆုတ်ခွါနိုင်ကြောင်း နှင့် CDF-Matupi လှုပ်ရှားရာဒေသအတွင်း ထိတွေ့ပစ်ခတ်မှုများ ဆက်လက်ဖြစ်ပွားနိုင်ကြောင်း သတင်းထုတ်ပြန်ထားသည်။

Chinland Defense Force – Matupi Link>>> https://bit.ly/3oxMYLV

CDF-မတူပီ ရဲ့ ပြန်ကြားရေးတာဝန်ခံဆလိုင်းချင်းက “အဲဒီစစ် (…) တွေက ၂ ယောက်လောက်ပဲ ကျန်တော့တာဗျ။ ကျနော်တို့တပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်တဲ့ အသံကြားတော့ စစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်ပြီး တပ်ကူလိုက်လာလို့ လက်နက်ခဲယမ်းတွေကိုတော့ မသိမ်းနိုင်ခဲ့ဘူး။ ကျနော်တို့ဘက်က ရဲဘော်တွေတော့ အထိခိုက်အကျဆုံးမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြတယ်။” လို့ DVB သတင်းဌာနရဲ့ မေးမြန်းချက်မှာဖြေဆိုထားပါတယ်။

DVB Link>>https://bit.ly/3vevzvq

စာဖတ်ပြည်သူများအနေနဲ့ မှန်တဲ့သတင်းဌာနမှာဖော်ပြထားတဲ့ သတင်းတွေကိုသာဖတ်ရှဖို့ တိုက်တွန်းလိုက်ပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင် ဦးဆောင်အဖွဲ့များကို CYMA ခေါ်တွေ့

ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက်တွင် ချင်းအမျိုးသားတပ်ဦးက ကောင်စီမှာ ကိုယ်စားလှယ်ပါဝင်မှု လျော့ချ

ဘုံရန်သူကို ဦးစားပေးတော်လှန်ပြီး နယ်မြေဒေသ/မျိုးနွယ်စုအရေးကို တော်လှန်ရေးကာလအလွန်မှာ အဖြေရှာရန် ချင်းတော်လှန်ရေးအင်အားစု ၁၈ ဖွဲ့ ပူးတွဲထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.