Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ကလေးမြို့နယ်အတွင်း မူးယစ်ဆေးရောင်းဝယ်သူတစ်ဦးနှင့် သုံးစွဲသူ ၈ ဦး ဖမ်းမိ

ကလေးမြို့နယ်အတွင်း မူးယစ်ဆေးရောင်းဝယ်သူတစ်ဦးနှင့် သုံးစွဲသူ ၈ ဦး ဖမ်းမိ

0
By Editor on August 29, 2022 Khonumthung

စစ်ကိုင်းတိုင်း ကလေးမြို့နယ် နတ်ချောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဖမ်းဆီးရမိသော မူးယစ်ဆေးဝါး ရောင်းချသူတစ်ဦးနှင့် မူးယစ်ဆေးဝါးသုံးစွဲသူ ၈ ဦးကို ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်နိုင်ရန် သြဂုတ်လ ၂၄ ရက်နေ့က ၎င်းတို့ထံ လာရောက်လွဲပြောင်းခဲ့သည်ဟု ကလေးမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

မူးယစ်ဆေးဝါးရောင်းချသုံးစွဲသူ ၉ ဦးနှင့်အတူ မူးယစ်ဆေးဝါးပင်နီစလင် ၂ လုံး၊ ဆေးထိုးအပ်တစ်ချောင်းနှင့် မူးယစ်ဆေးဝါးရောင်းချရာတွင်အသုံးပြုသော ဆိုင်ကယ် ၃ စီးလည်းပါဝင်ပြီး ကလေးမြို့နယ် တရားရေးအဖွဲ့သို့ တရားစွဲတင်နိုင်ရေး ဆောင်ရွက်ထားသည်ဟု ကလေးမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

သြဂုတ်လ ၂၂ ရက်နေ့ကလည်း ကလေးမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့နှင့် CDF-KKG တပ်ရင်း ၃ မှ တပ်ဖွဲ့ဝင်များနှင့်အတူ မူးယစ်ဆေးဝါးရောင်ချသူတစ်ဦးအား ဖမ်းဆီးရမိခဲ့ပြီး ၎င်းထံမှ ကာလတန်းကြေး ကျပ် ၈ သိန်းခန့်ရှိသော ဘိန်းဖြူ ဆပ်ပြာခွက် ၂ ခွက်၊ ကျပ်ငွေ သုံးသောင်းခန့်တန်ဖိုးရှိသော ဘိန်းဖြူပင်နီစလင် ၁ လုံး၊ ဆိုင်ကယ်တစ်စီးနှင့် လက်ကိုင်ဖုန်း ၂ လုံးဖမ်းဆီးရခဲ့သည်ဟု ကလေးမြို့နယ် ပြည်သူရဲတပ်ဖွဲ့ကထုတ်ပြန်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မတူပီမှာ CPU/ CPA က ဂိတ်ဆောက်လုပ်ခြင်းကို ဒေသခံရွာသားများ ကန့်ကွက်

လောင်တလိုင်မြို့တွင် ချင်းအမျိုးသားတစ်ဦးနဲ့ စစ်အသုံးအဆောင်ပစ္စည်းများ မီဇိုရမ်ရဲတပ်ဖွဲ့ ဖမ်းဆီး

မီဇိုရမ်ပြည်နယ်က ၁၅ နှစ်အရွယ်ကျောင်းသူကို သတ်ဖြတ်သူ ၂ ဦးကို ရဲတပ်ဖွဲ့ကဖော်ထုတ်ဖမ်းဆီး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

August 24, 2026

မတူပီမှာ CPU/ CPA က ဂိတ်ဆောက်လုပ်ခြင်းကို ဒေသခံရွာသားများ ကန့်ကွက်

August 24, 2026

ဆလိုင်းရိုးချင်း ကျဆုံးမှုသည် ချင်းအမျိုးသားတော်လှန်ရေးအတွက် အစားထိုးမရသော ဆုံးရှုံးမှုဟု CNF ပြော

August 22, 2026

လောင်တလိုင်မြို့တွင် ချင်းအမျိုးသားတစ်ဦးနဲ့ စစ်အသုံးအဆောင်ပစ္စည်းများ မီဇိုရမ်ရဲတပ်ဖွဲ့ ဖမ်းဆီး

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.