Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မီဇိုရမ်တက္ကသိုလ်တွင် မြန်မာဘာသာရပ် စတင်သင်ကြား

မီဇိုရမ်တက္ကသိုလ်တွင် မြန်မာဘာသာရပ် စတင်သင်ကြား

0
By Editor on October 17, 2022 Khonumthung

အိန္ဒိယနိုင်ငံအရှေ့မြောက်ဒေသ မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့က မီဇိုရမ်တက္ကသိုလ် (Mizoram University) တွင် မြန်မာဘာသာရပ် ဒီပလိုမာတန်းကို အောက်တိုဘာလ ၁၂ နေ့က စတင်သင်ကြားနေပြီဖြစ်ကြောင်း သိရသည်။

ယခုလက်ရှိတွင် မြန်မာဘာသာရပ်ကို သင်ကြားသူ ၇ ဦးရှိပြီး ၎င်းတို့တွင် အိန္ဒိယလူမျိုး၊ နာဂလူမျိုးနှင့် တက္ကသိုလ်ကျောင်းတွင် ပါမေက္ခအဆင့်ရှိသူများလည်း တက်ရောက်သင်ကြားကြသည်ဟု သိရသည်။

မီဇိုရမ်တက္ကသိုလ်မှ ပါမောက္ခတစ်ဦးဖြစ်သော Pu Lalnilawma က “မြန်မာဘာသာ သင်ကြားပေးတဲ့ဆရာမက နေမကောင်းဖြစ်နေတာကြောင့် လာမယ့်အပတ်မှ အတန်းကိုပြန်စတက်နိုင်မှာဖြစ်တယ်။ လက်ရှိအမည်စရင်းပေးထားတဲ့ ကျောင်းသား/သူ ၁၀ ယောက်ရှိရှိသည့်အနက် ၃ ယောက်ကပြန်မတက်တော့ လောလောဆယ်မှာ မြန်မာဘာသာကို သင်ကြားလေ့လာသူ ကျောင်းသား/သူ စုစုပေါင်း ၇ ယောက်ပဲရှိသေးတယ်၊ အခြား စိတ်ဝင်စားတဲ့ ကျောင်းသား/ သူတွေအတွက် အချိန်ဇာယားပိုင်းမှာ နည်းနည်းအခက်ခဲရှိကြတယ်၊ ဥပမာ စနေနေ့ တွေမှာ ဒီမြန်မာဘာသာရပ်ကို သင်မယ်ဆိုရင် တက်ချင်တဲ့ကျောင်းသား/သူ တွေပိုများများတက်လာနိုင်ကြမှာ” ဟု ပြောသည်။

ယခုအစီစဉ်ကို ချင်းရေးရာအဖွဲ့ချုပ် (ICA) နင့် မီဇိုရမ်တက္ကသိုလ် (MZU) တို့၏ပူးပေါင်းဆောင်ရွက်မှုဖြင့် စတင်အကောင် အထည်ဖော်ဆောင်ခြင်းဖြစ်သည်။

မြန်မာစာပေသင်ကြားပေးသည့် ဆရာမမှာ မြန်မာစာဘာသာရပ်ဖြင့် Ph.D ဘွဲ့ရရှိထားသူ Dr. Elis Thangi ဖြစ်ပြီး မြန်မာဘာသာနင့် မီဇိုးဘာသာစကားကို ကျွမ်းကျင်ပိုင်နိုင်သူဖြစ်သည်။

အဆိုပါတက္ကသိုလ်တွင် ကျောင်းသူ/ကျောင်းသားများအနေဖြင့် မြန်မာအက္ခရာ၊ ဝေါဟာရ၊ သဒ္ဒါဖွဲ့စည်းပုံနှင့် စကားပြော၊ စကားပြေအရေးအသားတို့ကို လေ့ကျင့်သင်ကြားပေးသွားမည်ဟု သိရသည်။

သင်ကြားမည့်ကာလသည် ၁၀ လကြာမြင့်မည်ဖြစ်ကာ နာရီပေါင်း ၁၂၀ ကို စသင်ခန်းအတန်းတွင် သင်ကြားပို့ချမည်ဖြစ်ပြီး ကျန် ၃၀ နာရီအား မိမိကိုယ်ကိုလက်တွေ့ လေ့လာသင်ယူရန် ဖြစ်ကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင် ဦးဆောင်အဖွဲ့များကို CYMA ခေါ်တွေ့

ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက်တွင် ချင်းအမျိုးသားတပ်ဦးက ကောင်စီမှာ ကိုယ်စားလှယ်ပါဝင်မှု လျော့ချ

ဘုံရန်သူကို ဦးစားပေးတော်လှန်ပြီး နယ်မြေဒေသ/မျိုးနွယ်စုအရေးကို တော်လှန်ရေးကာလအလွန်မှာ အဖြေရှာရန် ချင်းတော်လှန်ရေးအင်အားစု ၁၈ ဖွဲ့ ပူးတွဲထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.