Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»နှစ်ပတ်ကျော်ကြာ ပိတ်ထားသည့် တမူး-ကလေး အာရှလမ်းမကြီး ပြန်ဖွင့်

နှစ်ပတ်ကျော်ကြာ ပိတ်ထားသည့် တမူး-ကလေး အာရှလမ်းမကြီး ပြန်ဖွင့်

0
By Editor on November 30, 2022 Khonumthung

ရက်သတ္တပတ် (၂) ပတ် ကျော်ကြာ ဖြတ်သန်းသွားလာခြင်းမပြုရန် (ယာယီ) ပိတ်ပင်ထားသည့် တမူး-ကလေး အာရှလမ်းမကြီးကို ပြန်လည်ဖွင့်ပေးလိုက်ပြီဟု PDF-Tamu တပ်ရင်း ၃ က ယနေ့နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

ကလေး-တူမး အာရှလမ်းမကြီးပေါ်တွင် ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်း၊ တပ်ဖွဲ့များနှင့် စစ်ကောင်စီတို့ကြား စစ်ရေးတင်းမာမှု အ‌ခြေအနေများ ဖြစ်ပွားခဲ့မှုကြောင့် မိဘပြည်သူများထိခိုက်နစ်နာမှုမရှိစေရန် ခမ်းပတ်မြို့မှ ကလေးမြို့အထိ အာရှလမ်းမကြီးကို အသုံးပြု ဖြတ်သန်းသွားလာခွင့်ကို PDF-Tamu က နှစ်ပတ်ကျော်ခန့် ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။

ယခုအခါ တမူးမြို့မှ ကလေးမြို့အထိ အာရှလမ်းပိုင်းမှာတော့ စစ်ကောင်စီ၏ လက်အောက်ခံများ နယ်မြေလှုပ်ရှားမှု လျော့နည်းလာသဖြင့် မိဘ ပြည်သူများ၏ စားဝတ်နေရေး၊ လူမှုရေး၊ ကျန်းမာရေးနှင့် ကုန်စည်စီးဆင်းမှုများနှင့် အခြားသော မြန်မာနိုင်ငံအောက်ပိုင်း မြို့ကြီးများအထိ ယနေ့ (၂၉.၁၁.၂၀၂၂) ရက်နေ့မှစတင်ကာ ပြန်လည်၍ ကုန်သွယ်စီးဆင်း ဖြတ်သန်းသွားလာနိုင်ပြီဟု အသိပေးကြေညာအပ်သည်ဟု PDF-Tamu တပ်ရင်း ၃ ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မလေးရှားရောက် ဒုက္ခသည်များ ကိုရီးယားတွင် Master ဘွဲ့တက်ရောက်ရန် GKS ပညာတော်သင်ဆု အခွင့်အလမ်းစတင်

ကလေး-ဖလမ်းကြားတိုက်ပွဲအတွင်း CDF-Zophei ရဲဘော် တစ်ဦးကျဆုံး

ချင်းပြည် (Chinland) အစိုးရ ပညာရေးနှင့် ကျန်းမာရေးဌာနက ဝန်ထမ်းသစ်များ ခေါ်ယူနေ

Leave A Reply Cancel Reply

The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.