Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»“ထိုင်း-မြန်မာနယ်စပ်မြို့ မြဝတီ ဝေါ်လေလမ်းကြီး ပွင့်သွားခဲ့ပါပြီ။ တိုက်ပွဲရှောင်ပြည်သူများကိုလည်း ကိုယ့်အိမ်ကိုယ့်ယာကို အရောက်ပို့ပေးနိုင်ခဲ့ပါပြီ” ဆိုတဲ့သတင်းအမှား

“ထိုင်း-မြန်မာနယ်စပ်မြို့ မြဝတီ ဝေါ်လေလမ်းကြီး ပွင့်သွားခဲ့ပါပြီ။ တိုက်ပွဲရှောင်ပြည်သူများကိုလည်း ကိုယ့်အိမ်ကိုယ့်ယာကို အရောက်ပို့ပေးနိုင်ခဲ့ပါပြီ” ဆိုတဲ့သတင်းအမှား

0
By Editor on November 30, 2022 Khonumthung

FactCheck

ဒီသတင်းအမှားကို La Yaung ဆိုတဲ့အကောင့်ကနေပြီး“ထိုင်း-မြန်မာနယ်စပ်မြို့ မြဝတီ ဝေါ်လေလမ်းကြီး ပွင့်သွားခဲ့ပါပြီ။ ဝေါ်လေလမ်းပိုင်းကို ဒုက္ခပေးနေတဲ့ KNU တို့ရဲ့ သေ့ဘောဘိုးစခန်းလည်း ကျသွားခဲ့တဲ့အတွက် ကူးသန်းရောင်းဝယ်ရေးကုန်စည်ပို့ဆောင်ရေးတွေလည်း ကောင်းကောင်းလုပ်နိုင်ပါပြီ… ဒီလိုဖြစ်လာဖို့ နယ်စပ်ဒေသရှိ အကြမ်းဖက်သမားများချုပ်ငြိမ်းရေး မြန်မာနဲ့ ထိုင်းနိုင်ငံတို့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွေလုပ်ခဲ့တယ်လို့လည်း သိရပါတယ်..ထိုင်းနိုင်ငံကလည်း သူတို့ရဲ့ အိမ်နီးချင်းကောင်း ပီသမှုကို ပြသပြီး နှစ်နိုင်ငံချစ်ကြည်ရေးကိုဆက်လက်ခိုင်မြဲစေခဲ့ပါပြီ.. လမ်းပြန်ပွင့်သွားတဲ့အတွက် ဒီလမ်းကနေ စားဝတ်နေရေး၊ စီးပွားရေးလုပ်ငန်းတွေ ဆက်တိုက်လုပ်နိုင်တော့မှာ ဖြစ်ပါတယ်..ပြည်သူတွေအတွက် အခုလို ပျော်ရွှင်မှုတွေယူဆောင်လာပေးတဲ့အတွက် နစကအစိုးရနဲ့ ထိုင်းနိုင်ငံအစိုးရကို ကျေးဇူးအထူးတင်မိပါတယ်.. တိုက်ပွဲရှောင်ပြည်သူများကိုလည်း ကိုယ့်အိမ်ကိုယ့်ယာကို အရောက်ပို့ပေးနိုင်ခဲ့ပါပြီ” ဆိုပြီး Video နဲ့တကွရေသားဖော်ပြထားတာဖြစ်ပါတယ်။

Video Link>>https://www.facebook.com/100088472161190/videos/847060909749512/

ဒီသတင်းနဲ့ပတ်သက်ပြီး VOA သတင်းဌာနမှာရေးသားဖော်ပြထားတာက “ပြီးခဲ့တဲ့ မေလက လက်လွှတ်ခဲ့ရတဲ့ ကရင်ပြည်နယ် ကေအန်ယူတပ်မဟာ (၆) ထိန်းချုပ်ရာ ဒူးပလာယာခရိုင်ထဲက သေဘောဘိုးစခန်းနေရာကို ဒီရက်ပိုင်း ပြန်လည်ထိန်းချုပ်လိုက်တဲ့အကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားသလို သေဘောဘိုးနဲ့ အနီးတဝိုက် ကျေးရွာတွေကနေ စစ်ဘေးတိမ်းရှောင်နေသူတွေ နေရပ်ပြန်လာကြဖို့ ပြောဆိုထားပါတယ်။ ဒါပေမဲ့ နေရပ်ပြန်တဲ့ပြည်သူ အနည်းအကျဉ်းသာရှိပြီး အများစုကတော့ တည်ငြိမ်မှုမရှိသေးတဲ့အတွက် မပြန်ရဲကြဘူးလို့ ပြောပါတယ်။”

ကရင်ပြည်နယ် မြဝတီမြို့ တောင်ဘက်က သေ့ဘောဘိုးနဲ့ဘလယ်ဒိုကျေးရွာအနီးမှာ စစ်ကောင်စီတပ်တွေနဲ့ KNLA ကရင်အမျိုးသားလွတ်မြောက်ရေးတပ်၊ KNDO ကရင်အမျိုးသားကာကွယ်ရေးတပ်နဲ့ PDF ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့စတဲ့ ပူးပေါင်းတပ်တွေဟာ မေလ ၁၇ ရက်နေ့က တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး ကရင်အမျိုးသားအစည်းအရုံး ပူးပေါင်းတပ်တွေက မေလ ၁၈ ရက်နေ့မှာ သိမ်းယူခဲ့ပါတယ်။” လို့ VOA သတင်းဌာနမှာရေးသားထားပါတယ်။

အခုအခါမှာတော့ သေ့ဘောဘိုးစခန်းကို စစ်ကောင်စီတပ်တွေကပြန်လည်ထိန်းချုပ်ခဲ့သလို KNU/PDF ပူးပေါင်းတပ်ဖွဲ့တွေဘက်ကတော့ ပျောက်ကျားနည်းနဲ့ပဲတိုက်နေတာကြောင့် ဗျူဟာအရ လက်တလောဆုတ်ခွါပေးတာဖြစ်တယ်လို့ ဆိုပါတယ်။ ဒေသခံတွေကတော့ အဲဒီဒေသမှာ တည်ငြိမ်မှုရှိမရှိ ဘယ်သူမှ အာမမခံနိုင်တာကြောင့် မပြန်ရဲကြဘူးလို့လည်း ဆိုပါတယ်။

ဒေသခံတစ်ဦးက “စစ်ဘေးရှောင်တွေကတော့ ကိုယ့်ရပ်ကိုယ်ဒေသမှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့နေချင်တော့ ပြန်ချင်တာပေါ့ဗျာ။ ဒါပေမဲ့လည်းသူတို့မှာ နယ်မြေဒေသမငြိမ်းချမ်းတော့ မပြန်နိုင်ကြဘူး။ သူတို့က ကလေးတွေ စာသင်ကျောင်းတွေမှာ မတက်ရ။ ထိုင်းနိုင်ငံသားလုပ်ငန်းရှင်တွေရဲ့စိုက်ခင်းတွေမှာပြောင်းစိုက်ကြ၊ စားဝတ်နေရေးကလည်းမပြည်စုံ၊ ကျန်းမာရေးတွေလည်းမကောင်း၊ အိမ်ပြန်တော့လည်း သူတို့ရဲ့အသုံးအဆောင်ပစ္စည်းတွေလည်း အလေအလွင့် အပျောက်အရှတွေရှိနေတော့လည်း… ပြန်ချင်ကြတာပေါ့။ ဒါပေမယ့် ပြန်ဖို့ကလည်းသင့်တော်တဲ့အနေအထားမဟုတ်တော့လည်း မပြန်ရဲကြဘူးပေါ့။ တချို့ကျတော့လည်းစိုက်ပျိုးထားတဲ့သီးနှံတွေ ပြန်ရိတ်သိမ်းဖို့တွေကလည်းရှိတော့ တချို့တလေတော့လည်း ပြန်ကြသူတွေလည်းရှိပါတယ်။” VOA သတင်းဌာနကိုပြောပါတယ်။

ဒါကြောင့် La Yaung ဆိုတဲ့အကောင့်ကနေပြီးရေးသားဖော်ပြထားသလို “တိုက်ပွဲရှောင်ပြည်သူများကိုလည်း ကိုယ့်အိမ်ကိုယ့်ယာကို အရောက်ပို့ပေးနိုင်ခဲ့ပါပြီ” ဆိုတာ သတင်းအမှားသာဖြစ်ပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကနေဒီတောင် တကျော့ပြန်စခန်းသိမ်းတိုက်ပွဲမှာ ဗိုလ်မှူး ၁ ဦးအပါအဝင် စစ်သုံ့ပန်း ၂၀ ဦး ဖမ်းမိ

တီးတိန်မြို့လူနေရပ်ကွက်ထဲ စစ်ကော်မရှင်တပ်က ဒရုန်းဖြင့် ဗုံးကြဲ၊ နေအိမ် (၂) လုံးပျက်စီး

ချင်းမဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော် အနိုင်ရကိုယ်စားလှယ်စာရင်း ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.