Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»အာဏာသိမ်းပြီးနောက် ၂၂ လအတွင်း စစ်ကောင်စီကြောင့် ချင်းလူမျိုး ၃၅၀ ကျော် သေဆုံးခဲ့ရပြီး အိမ်ခြေ ၁၅၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရ

အာဏာသိမ်းပြီးနောက် ၂၂ လအတွင်း စစ်ကောင်စီကြောင့် ချင်းလူမျိုး ၃၅၀ ကျော် သေဆုံးခဲ့ရပြီး အိမ်ခြေ ၁၅၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရ

0
By Editor on December 5, 2022 Headline

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ၂၂ လအတွင်းမှာ စစ်ကောင်စီကြောင့် ချင်းလူမျိုး ၃၅၀ ကျော် သေဆုံးခဲ့ရပြီး ချင်းပြည်နယ်အတွင်းရှိ အိခြေ ၁၅၀၀ ကျော် မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရသည်ဟု ချင်းရေးရာအဖွဲ့ချုပ် (ICA) က ဒီဇင်ဘာလ ၁ ရက်နေ့က ထုတ်ပြန်သည်။

စစ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၁ ရက်နေ့ကစ၍ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့အထိ (၂၂) လအတွင်း စစ်ကောင်စီကြောင့် ချင်းလူမျိုး (၃၅၅) ဦး အသက်ဆုံးရှုံးခဲ့ရပြီး ချင်ပြည်နယ်အတွင်း၌ အိမ်ခြေစုစုပေါင်း (၁၅၀၅) ကို စစ်ကောင်စီတပ်များက မီးရှို့ဖျက်ဆီးခဲ့ကြသည်ဟု ချင်းရေးရာအဖွဲ့ချုပ်က ဆိုသည်။

“ချင်းပြည်နယ်မှာ လူဦးရေ ၅ သိန်းလောက်ပဲရှိတယ်။ နောက်ပြီးချင်းပြည်နယ်ဟာ မြန်မာနိုင်ငံမှာ အဆင်းရဲဆုံးနဲ့ ဖွံ့ဖြိုးမှုအနည်းဆုံး ပြည်နယ်ဖြစ်တယ်။ ဒါကြောင့် အချိုးအစားအနေနဲ့ တွက်လိုက်ရင် သတ်ခံရတဲ့လူဦးရေက အလွန်မြင့်မားပြီး၊ ဆုံးရှုံးခဲ့ရတဲ့ အိုးအိမ်အအောက်အအိုး ပစ္စည်းတွေရဲ့ တန်ဖိုးကလည်း အရမ်းများပါတယ်” ဟု ICA လက်ထောက်ညွှန်ကြားရေးမှူး Salai Van Sui San က ပြောသည်။

စစ်ကောင်စီကြောင့် အသက်ဆုံးရှုံးသူ (၃၅၅) ဦးထဲတွင် အပြစ်မဲ့ပြည်သူ (၁၆၇) ဦး (ကျား-၁၃၂၊ မ-၃၅) ပါဝင်ပြီး ထိုအထဲတွင် (၁၈) နှစ်အောက် ကလေးသူငယ် ယောကျာ်းလေး (၁၉) ဦးနှင့် မိန်းကလေး (၅) ဦး စုစုပေါင်း (၂၄) ဦးပါဝင်ကာ (၆) လ နှင့် (၇) လသားအရွယ် နို့စို့ကလေးငယ်နှစ်ဦးလည်း ပါဝင်သည့်အပြင် ဓမ္မအမှုတော်ဆောင် ဆရာတော် (၄) ပါးသည်လည်း ဤကာလအတွင်း စစ်ကောင်စီတပ်များ၏ ရက်စက်စွာ သက်ဖြတ်ခြင်းခ့ခဲ့ရသည်ဟု ICA က ဆိုသည်။

ထိုသေဆုံးမှုများထဲတွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၈၆ ဦးလည်း ပါဝင်ပြီး ၎င်းတို့သည် ငြိမ်းချမ်းစွာ ဆန္ဒပြပွဲများကို စစ်ကောင်စီတပ်မှ အကြမ်းဖက်ဖြိုခွင်းပြီးနောက် တောခိုခဲ့ကြသည့် လူငယ်များဖြစ်ကြပြီး၊ စီကောင်စီက အာဏာမသိမ်းခဲ့ပါက ကျောင်းတက်၊ အလုပ်လုပ် (သို့မဟုတ်) မိသားစုကို အေးချမ်းစွာ ပြုစုပျိုးထောင်မည့် လူငယ်များဖြစ်ကြသည်ဟု ICA ၏ ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

(၂၂) လတာအတွင်း စစ်ကောင်စီကြောင့် အသက်ဆုံးရှုံးသည့် ချင်းပြည်သူ (၃၅၅) ဦးထဲတွင် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေစဉ် သေနတ်ဖြင့်ပစ်သတ်ခံရသူ (၁၀) ဦး၊ မုဒိမ်းကျင့်၊ ညှင်းပန်းနှိပ်စက်ပြီး နိုင့်ထက်စီးနင်းပြုကာ သတ်ဖြတ်ခဲ့ရသူ (၃၃) ဦးအထိရှိပြီး ထိုမျှမက အပြစ်မဲ့ပြည်သူ (၉) ဦးကို ဖမ်းဆီးနှိပ်စက်ပစ်သတ်ပြီး မီးရှို့အလောင်းဖျောက်ကာ (၇) ဦးမှာ အလောင်းကိုပင် ပြန်ရှာမရနိုင်တော့ကြောင်း ICA ကဆိုသည်။

စစ်ကောင်စီ၏ အကြမ်းဖက်မှုကို တိမ်းရှောင်ရင်း ဆေးဝါးကုသခြင်း မတတ်စွမ်းနိုင်သောကြောင့် အသက်ဆုံးရှုံးရသူမှာလည်း (၁၇) ဦးအထိရှိပြီး လူသားဒိုင်းကာအဖြစ် (၉) ဦး၊ တိုက်လေယာဉ်ဗုံးကြဲမှုကြောင့် (၃) ဦး၊ အကျဉ်းထောင်ထဲ၌ (၃) ဦး ပစ်သတ်ခံရပြီး၊ နင်းမိုင်းကြောင့် အပြစ်မဲ့ပြည်သူ (၁၇) ဦးအထိ သေဆုံးခဲ့ရသည်ဟုသိရသည်။

ထို့အပြင် ယခုလက်ရှိတွင် ချင်းပြည်နယ်အတွင်း စစ်ဘေးရှောင်ပြည်သူ (၄၀၀၀၀) ကျော်ရှိပြီး အိမ်နီးချင်း အိန္ဒိယနိုင်ငံ မီဇိုရမ်နှင့် မဏိပူရ်ပြည်နယ်တို့တွင် စစ်ဘေးတိမ်းရှောင်သူ စုစုပေါင်း (၅၀၀၀၀) နီးပါးရှိပါသည်ဟု ICA ကဆိုသည်။

စစ်ကောင်စီသည် ၎င်းတို့၏ အာဏာတည်မြဲရေးအတွက် ချင်းပြည်နယ်အပါအဝင် နိုင်ငံတစ်ဝန်းတွင် ပြင်းထန်ဆိုးဝါးလှသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ပြောင်ပြောင်တင်းတင်း ဆက်လက်ကျူးလွန်လျက်ရှိနေကြောင်း မျက်ဝါးထင်ထင် တွေ့မြင်ရသည်ဟု ICA က ဆိုသည်။

ထိုသို့ အရပ်သားပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်အပေါ်ပစ်မှတ်ထားခြင်း၊ အပြစ်မဲ့ပြည်သူများ၊ အထူးသဖြင့် အမျိုးသမီးများနှင့် ကလေးသူငယ်များအပေါ် တိုက်ခိုက်သတ်ဖြတ်ခြင်းများအား ချက်ချင်းရပ်တန့်ရန်နှင့် အရပ်သားများအပေါ် လက်နက်ကြီး၊ လက်နက်ငယ်များအသုံးပြု၍ တိုက်ခိုက်ခြင်းများမှ ရှောင်ကြဉ်ရန် စစ်ကောင်စီအား အလေးအနက် တိုက်တွန်းသည်ဟု ICA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီ၏ ချင်းတိုင်းရင်းသားများအပေါ်သာမက မြန်မာနိုင်ငံရှိ ပြည်သူများအပေါ် စာနာမှုကင်းမဲ့စွာ ပြည်ပရန်သူအလား လေကြောင်း၊ ကုန်းကြောင်းဖြင့် စစ်ဆင်ရေးဆောင်ရွက်မှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများအား ရပ်တန့်စေရန် ကြားဝင်ဆောင်ရွက်နိုင်သည့် ထိရောက်သော အရေးယူမှုအား အမြန်ဆုံး လုပ်ဆောင်ပေးရန်လည်း နိုင်ငံတကာအသိုင်းအဝန်းများကို ICA က တောင်းဆိုထားသည်။

“နိုင်ငံတကာအသိုင်းအဝန်းအနေနဲ့ စိုးရိမ်ပူပန်တဲ့ ကြေညာချက်တွေ ထုတ်ပြန်နေရုံနဲ့ သိသာတဲ့အကျိုးရဖို့နည်းတဲ့အတွက် လက်တွေ့လုပ်ဆောင်ကြဖို့ လိုအပ်နေပြီ” ဟု Salai Van Sui San က ပြောသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

ကလေးလူငယ်များကို လက်နက်ကိုင်အဖွဲ့များက အဓမ္မစစ်မှုထမ်းစေခြင်းကို ကန့်ကွက်ကြောင်း ချင်းပညာရေးစီဒီအမ်အဖွဲ့ ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.