Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ကလေးမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ မိုင်းခွဲတိုက်ခိုက်ခံရပြီး ၁၅ ဦးထက်မနည်းသေဆုံးဟု PDF (Kalay) ထုတ်ပြန်

ကလေးမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ မိုင်းခွဲတိုက်ခိုက်ခံရပြီး ၁၅ ဦးထက်မနည်းသေဆုံးဟု PDF (Kalay) ထုတ်ပြန်

0
By Editor on December 9, 2022 Khonumthung

ကလေးမြို့အနောက်တောင်ဘက် အင်ဒိုင်းကုန်းကျေးရွာတွင် ဒီဇင်ဘာလ ၇ ရက်နေ့က လူနေအိမ်ကို မီးရှို့သည့် စစ်ကောင်စီတပ်ဖွဲ့ကို PDF (Kalay) တပ်ဖွဲ့က မိုင်းခွဲတိုက်ခိုက်ရာတွင် စစ်ကောင်စီတပ်သား ၁၅ ဦးထက်မနည်း သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်ဟု PDF (Kalay) က ထုတ်ပြန်သည်။

အင်အား ၁၀၀ ခန့်ရှိသော စစ်ကောင်စီတပ်ဖွဲ့သည် ဒီဇင်ဘာလ ၇ ရက်နေ့က ကလေးမြို့ မြို့လှရပ်ကွက်မှ စစ်ကြောင်း ၂ ကြောင်းခွဲကာ အင်ဒိုင်းကုန်းကျေးရွာဘက်သို့ ရောက်ရှိပြီးနောက် နေအိမ်တစ်လုံးအား မီးရှို့ဖျက်ဆီးခဲ့သည်အပြီးတွင် နောက်ထပ်နေအိမ်တစ်လုံး ထပ်မံမီးရှို့ရန် ပြင်ဆင်နေချိန်တွင် PDF (Kalay) မိုင်းတပ်ဖွဲ့မှ အသင့်တပ်ဆင်ထားသော မိုင်း ၄ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ မိုင်းခွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၁၅ ဦးထက်မနည်း သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ပြီး လူနာတင်ကား ၂ စီးဖြင့် လာရောက်သယ်ဆောင်သွားခဲ့ကြသည်ဟု PDF (Kalay) ကဆိုသည်။

မိုင်းခွဲတိုက်ခိုက်မှုပြုလုပ်သည့်နေရာအနီး၌ ဖြတ်သန်းသွားလာသူ ပြည်သူ ၃ ဦး မိုင်းထိမှန်ခဲ့သည့်အပေါ် အနူးအညွတ်တောင်းပန်ကြောင်းနှင့် ပြည်သူများအနေဖြင့် လုံခြုံရေးအထူးသတိပြု၍ စစ်ကောင်စီကို ဝေးဝေးမှ ကြိုတင်ရှောင်ရှားကြရန်လည်း PDF (Kalay) က မေတ္တာရပ်ခံထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကနေဒီတောင် တကျော့ပြန်စခန်းသိမ်းတိုက်ပွဲမှာ ဗိုလ်မှူး ၁ ဦးအပါအဝင် စစ်သုံ့ပန်း ၂၀ ဦး ဖမ်းမိ

တီးတိန်မြို့လူနေရပ်ကွက်ထဲ စစ်ကော်မရှင်တပ်က ဒရုန်းဖြင့် ဗုံးကြဲ၊ နေအိမ် (၂) လုံးပျက်စီး

ချင်းမဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော် အနိုင်ရကိုယ်စားလှယ်စာရင်း ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.