Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»“ဒီဇင်ဘာလ ၂၄ ရက်နေ့ ကလေးမြို့၊ တာဟန်းရပ်ကွက် ဗိုလ်ချုပ်လမ်းနှင့် ဝယ်စလီဆေးရုံလမ်းထောင့်တွင် စကစတပ်ဖွဲ့ဝင်များမှ ပြည်သူ ၂ ဦးအား ပစ်ခတ်ဖမ်းဆီးတဲ့ဖြစ်စဉ် မရှိဟုဆိုကာ စစ်ကောင်စီဝါဒဖြန့်အကောင့်ကနေ သတင်းအမှားဖြန့်ဝေ”

“ဒီဇင်ဘာလ ၂၄ ရက်နေ့ ကလေးမြို့၊ တာဟန်းရပ်ကွက် ဗိုလ်ချုပ်လမ်းနှင့် ဝယ်စလီဆေးရုံလမ်းထောင့်တွင် စကစတပ်ဖွဲ့ဝင်များမှ ပြည်သူ ၂ ဦးအား ပစ်ခတ်ဖမ်းဆီးတဲ့ဖြစ်စဉ် မရှိဟုဆိုကာ စစ်ကောင်စီဝါဒဖြန့်အကောင့်ကနေ သတင်းအမှားဖြန့်ဝေ”

0
By Editor on December 29, 2022 Khonumthung

FactCheck

ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၄ ရက်နေ့ နံနက် ၁၁ နာရီအချိန် ကလေးမြို့၊ တာဟန်းရပ်ကွက် ဗိုလ်ချုပ်လမ်းနှင့် ဝယ်စလီဆေးရုံ လမ်းထောင့်တွင် စစ်ဆေးရေးဂိတ်ချထားသော စစ်ကောင်စီတပ်က ပြည်သူ ၂ ဦး စီးနင်းလာသော ဆိုင်ကယ်တစ်စီးကို အကြောင်းမဲ့ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦးသေဆုံးမှုရှိခဲ့သည်ကို စစ်ကောင်စီဝါဒဖြန့် Fact Check ဆိုတဲ့ အကောင့်ကနေ အဲဒီဖြစ်စဉ်ဟာ လုပ်ကြံသတင်းသာဖြစ်ပြီး သေဆုံးမှုမရှိခဲ့ဘူးလို့ သတင်းအမှားကို ဖော်ပြခဲ့ပါတယ်။

Fact Check အကောင့်မှာ ခုလိုဖော်ပြထားပါတယ် “လုပ်ကြံသတင်းတစ်ခုသာဖြစ်ပါတယ်။ ဒီဇင်ဘာလ ၂၄ ရက်နေ့ ကလေးမြို့၊ တာဟန်းရပ်ကွက် ဗိုလ်ချုပ်လမ်းနှင့် ဝယ်စလီဆေးရုံလမ်းထောင့်တွင် စကစတပ်ဖွဲ့ဝင်များမှ ပြည်သူ ၂ ဦးအား ပစ်ခတ်ဖမ်းဆီးတဲ့ဖြစ်စဉ်မရှိကြောင်း ဒေသခံသတင်းများအရ သိရှိရပါတယ်။” လို့ ရေးသားထားတာဖြစ်ပါတယ်။

ကလေးမြို့နယ် ပျဉ်းခုံကြီးကျေးရွာမှာနေထိုင်တဲ့ ပြည်သူနှစ်ဦးဟာ တာဟန်းဈေးအနီးမှာ နာရီပြင်ဖို့အသွား တာဟန်းရပ်ကွက် ဗိုလ်ချုပ်လမ်းနဲ့ ဝယ်စလီဆေးရုံအနီး တောင်ဖီလာလမ်းခွဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကနေ အကြောင်းမဲ့ ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။

အဲဒီဖြစ်စဉ်ကြောင့် ပျဉ်းခုံကြီးကျေးရွာက အသက် ၃၈ နှစ်အရွယ် U Thian Zei Thang ပွဲချင်းသေဆုံးခဲ့ပြီး သူငယ်ချင်းဖြစ်သူ ဦးရာမ်လွေမှာ လက်မောင်းမှာဒဏ်ရရှိခဲ့တယ်လို့ ဦးရာမ်လွေကိုယ်တိုင်က ပြောပါတယ်။

“ကျွန့်တော့သူငယ်ချင်းက မောင်းတာ တားသံ၊အော်သံကြားတော့ ရပ်တာ မသွားခိုင်းတော့ဘူးထင်တယ်ဆိုပြီး သူတို့ကလှမ်းခေါ်တာမျိုးမရှိတော့ သူတို့နဲ့လည်း နည်းနည်း အလှမ်းဝေးသေးတယ် ခေါ်လည်းမခေါ်ဘူးဆိုတော့ နောက်ပြန်လှည့်မယ်ဆိုပြီး လုပ်တဲ့အချိန်မှာ လှမ်းပစ်တာ ကျွန်တော်ရှေ့မှာပဲ ပွဲချင်းဆုံးတာဘာမှလုပ်လို့မရဘူး။ သူတို့မိသားစုရယ် ကျန်ခဲ့တဲ့သားသမီးတွေအတွက် အရမ်းလည်း ဝမ်းနည်းသွားတယ်။ ဘာမှလည်း မလုပ် ပေးနိုင်ဘူး စိတ်တော့ဘယ်တော့မှ ကောင်းမှာမဟုတ်ဘူး။” လို့ ဦးရာမ်လွေကပြောပါတယ်။

ကလေးမြို့ဒေသခံပြည်သူတစ်ဦးကလည်း “ကလေးမြို့ပေါ်မှာ စစ်တပ်က အဲဒီလိုပဲ မကြာခဏ ရမ်းကားပစ်ခတ်လေ့ရှိပါတယ်။ အခုကလည်း ဆိုင်ကယ်ကို အကြောင်းမဲ့ ရမ်းသမ်းပစ်တာပါ ကလေးမြို့ပေါ်မှာ အခြေအနေဆိုးပါတယ်။ စစ်ကောင်စီတပ်သားတွေက စိတ်မထင်ရင် မထင်သလို လုပ်နေပါတယ်” ပြောပါတယ်။

ဒါကြောင့် ဒီဇင်ဘာလ ၂၄ ရက်နေ့က ကလေးမြို့၊ တာဟန်းရပ်ကွက် ဗိုလ်ချုပ်လမ်းနှင့် ဝယ်စလီဆေးရုံလမ်းထောင့်မှာ စစ်ကောင်စီတပ်ဖွဲ့ရဲ့ အကြောင်းမဲ့ပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူတစ်ဦးသေဆုံးခဲ့တာ သတင်းအမှန်ဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ရဲ့ လုပ်ရပ်ကို ဖုံးဖိကာကွယ်လိုတဲ့ စကစ ဝါဒဖြန့် Fact Check အကောင့်ကနေ သတင်းအမှား ပါဆိုပြီး ရည်ရွယ်ချက်ရှိရှိနဲ့ ပြည်သူတွေကိုလိမ်ဖို့ကြိုးစားနေတာသာဖြစ်ပါတယ်။

အဲဒီ Fack Check ဆိုတဲ့အကောင့်ဟာ ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာ ရေးသားထုတ်လွှင့်တဲ့ မှန်ကန်တဲ့သတင်းတွေကို သတင်းအမှားပါဆိုပြီး တန်ပြန်တိုက်ခိုက်နေတဲ့ အကောင့်သာဖြစ်ပါတယ်။

ဒါကြောင့် ပြည်သူတွေအနေနဲ့ သတင်းဖတ်တဲ့နေရာမှာ စဉ်းစားချင့်ချိန်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကာကီကျေးရွာမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ကလေးငယ်တစ်ဦးထပ်မံသေဆုံး

ပလက်ဝစစ်ဘေးရှောင်စခန်းမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ၄ ဦးသေဆုံး

သိုင်းငင်းရွာကို ဝင်ရောက်လာသော စစ်ကော်မရှင်တပ်စစ်ကြောင်း ထိခိုက်သေဆုံးမှုများပြား

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.