Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»“တမူးမြို့နယ်တွင် ပီဒီအက်(ဖ်) အကြမ်းဖက်သမားများက သားအမိ ၃ ဦးကို သေနတ်ဖြင့်ပစ်ခတ်သွား” ဆိုတဲ့သတင်းအမှား

“တမူးမြို့နယ်တွင် ပီဒီအက်(ဖ်) အကြမ်းဖက်သမားများက သားအမိ ၃ ဦးကို သေနတ်ဖြင့်ပစ်ခတ်သွား” ဆိုတဲ့သတင်းအမှား

0
By Editor on January 31, 2023 Khonumthung

FactCheck

ဒီသတင်းအမှားကို ယိမ်းနွဲ့ပါး ဆိုတဲ့အကောင့်ကနေပြီး “စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၊ စော်ဘွား (၇) ရပ်ကွက်တွင် ဇန်နဝါရီလ ၅ ရက်နေ့ ည ၉ နာရီ ၄၀ မိနစ်အချိန်၌ ပီဒီအက်(ဖ်) အကြမ်းဖက်သမားများက အဆိုပါရပ်ကွက်နေ သားအမိ ၃ ဦးကို သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားကြောင်းသိရသည်။” လို့ရေးသားထားပါတယ်။

ဆက်လက်ပြီး “အဆိုပါရပ်ကွက်နေ ဒေါ်စန်းစန်းဝင်း (၄၅) နှစ် နှင့် ၎င်း၏သားများဖြစ်ကြသည့် ကိုမင်းခန့်ကျော် (၂၀) နှစ်၊ ကိုမင်းဇော် (၁၈) နှစ်တို့သည် နေအိမ်ခြံဝန်းအတွင်းရှိနေစဉ် ပီဒီအက်(ဖ်) အကြမ်းဖက်သမားများရောက်လာပြီး သေနတ်ဖြင့် ပစ်ခတ် ထွက်ပြေးသွားခဲ့သဖြင့် ဒေါ်စန်းစန်းဝင်းပါ ၃ ဦးတို့တွင် သေနတ်ထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် ဆေးကုသမှုခံယူနေရကြောင်းသိရသည်။” လို့ဖော်ပြထားတာဖြစ်ပါတယ်။

ဒီသတင်းအမှားနဲ့ပတ်သက်ပြီး ဖြစ်စဉ်ကိုရှာဖွေကြည့်တဲ့အခါ “စစ်ကိုင်းတိုင်း၊ တမူးမြို့စောဘွားအင်းရပ်ကွက်မှာ ဇန်နဝါရီ ၅ ရက် ည ၉ နာရီကျော်အချိန်က ကင်းလှည့်နေတဲ့ ပျူစောထီးတွေက လူနေရပ်ကွက်ထဲ ပစ်ခတ်ရာကဒေသခံ ပြည်သူသုံးဦးကျည်ထိပြီး ဒဏ်ရာတွေရခဲ့တယ်လို့ တမူးမြို့ခံတွေဆီကသိရပါတယ်။” လို့ DeltaNewsAgency သတင်းဌာနမှာဖော်ပြထားပါတယ်။

Link>>>https://bit.ly/3kUuEy9

တမူးမြို့ ဒေသခံတစ်ဦးက “အဲ့ဘက်က ပျူစောထီးပိုများတဲ့နေရာပေါ့ဗျာ၊ မြို့အနေနဲ့ဆို၊ညနေမိုးချုပ်တာနဲ့အပြင်မထွက်ကြတော့ဘူး၊ ညအ ပေါ့သွားချင်လို့ အိမ်ထဲကနေထွက်တာမှာ ပျူစောထီးတွေက လှန့်ပြီးပစ်တဲ့သဘောပဲ” လို့ပြောပါတယ်။

အိမ်ထဲကနေအိမ်ပြင်ထွက်လာတဲ့ ဒေသခံတဦးကို ပျူစောထီးတွေက ပစ်ခတ်လို့ထိမှန်ခဲ့တဲ့အပြင် သေနတ်သံ ကြားလို့ အိမ်အပြင်ဘက် ပြေးထွက်လာတဲ့ အမျိုးသားနှစ်ဦးလည်း ထပ်ပြီး အပစ်ခံရကာ ကျည်ထိဒဏ်ရာ တွေရခဲ့ကြတာလို့ ဆိုပါတယ်။

“သားအဖတွေလို့ပြောကြတယ်၊ဘယ်သူကအရင်ထွက်ပြီးဘယ်သူကအရင်မှန်တယ်တော့မသိဘူး” လို့ မြို့ခံတဦးကဆိုပါတယ်။

တမူးမြို့စောဘွားအင်းရပ်ကွက်ဟာ ပျူစောထီးတွေစိုးမိုးထားတဲ့နေရာဖြစ်ပြီး သွားလာသူတွေကိုစစ်ဆေးတာ၊ ညကင်းလှည့်တာတွေကိုအမြဲလုပ်ဆောင်နေတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။

ဒါကြောင့် ယိမ်းနွဲ့ပါး အကောင့်မှာ ရေးသားဖော်ပြထားသလို “စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၊ စော်ဘွား (၇) ရပ်ကွက်တွင် ဇန်နဝါရီလ ၅ ရက်နေ့ ည ၉ နာရီ ၄၀ မိနစ်အချိန်၌ ပီဒီအက်(ဖ်) အကြမ်းဖက်သမားများက အဆိုပါရပ်ကွက်နေ သားအမိ ၃ ဦးကို သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားကြောင်းသိရသည်။” ဆိုတဲ့သတင်းဟာ သတင်းအမှားတစ်ပုဒ်သာဖြစ်ပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ပြည်သူများကို လိမ်လည်လှည့်ဖြားသည်ဟုဆိုကာ မြန်မာစစ်ဘေးရှောင် ၈ ဦးကို မီဇိုရမ်ပြည်နယ်ကနေ ထွက်ခွာဖို့ YMA ညွှန်ကြား

တမူးဘက် စစ်ဘေးရှောင်နေသည့် ကလေးမြို့၊ ပြည်တော်သာရွာမှ ချင်းလင်မယား သတ်ဖြတ်ခံရ

ခမ်းပတ်မြို့နှင့် ကနန်ရွာကို လေကြောင်းတိုက်ခိုက်မှုအတွင်း ဒေသခံ ၁ ဦး သေဆုံး၊ နေအိမ်အဆောက်အဦးများ ထိခိုက်ပျက်စီး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.