Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ကလေးတောင်ပိုင်းဒေသ တိုက်ပွဲဖြစ်ပွားမှု စကစဘက်က အရာရှိတစ်ဦးသေဆုံးပြီး ဒဏ်ရာရရှိသူအများအပြားရှိနိုင်ဟုဆို

ကလေးတောင်ပိုင်းဒေသ တိုက်ပွဲဖြစ်ပွားမှု စကစဘက်က အရာရှိတစ်ဦးသေဆုံးပြီး ဒဏ်ရာရရှိသူအများအပြားရှိနိုင်ဟုဆို

0
By Editor on February 9, 2023 Khonumthung

ကလေးမြို့နယ်တောင်ပိုင်းဒေသမှ ဂန့်ဂေါမြို့ဘက်သို့ တပ်ချိန်းရန် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့နှင့် CDF-KKG တပ်ဖွဲ့တို့ ဖေဖော်ဝါရီလ ၆ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး စကစ ဘက်က အရာရှိတစ်ဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိနိုင်သည်ဟု CDF-KKG က ယနေ့ထုတ်ပြန်သည်။

ကလေးမြို့တောင်ပိုင်းဒေသ စစ်ကောင်စီတပ်ဖွဲ့များတပ်စွဲထားသော ရန်ကြီးအောင်စခန်းနှင့် မြောက်စည်းရဲစခန်းတို့မှ စကစနှင့် ပျူစောထီး အင်အား ၂၀ ခန့်တို့သည် တပ်ချိန်းရန်အတွက် ဂန့်ဂေါမြို့ဘက်သို့ ဖေဖော်ဝါရီလ ၆ ရက်နေ့မနက်ပိုင်းက စစ်ကြောင်းထိုးလာရာ ချင်းကင်းရွာအနီးမှာ CDF-KKG တပ်ဖွဲ့နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြခြင်းဖြစ်သည်။

အဆိုပါပစ်ခတ်မှုတွင် ဂန့်ဂေါမြို့နယ်မြောက်ပိုင်းရှိ ပျူရွာများမှ စကစနှင့် ပျူစောထီးအင်အား ၁၀၀ ကျော်က ကမ္ဘာနီတံတားဘက်မှတဆင့် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ကူကာ CDF-KKG တပ်ဖွဲ့ကို နှစ်ဖက်ညှပ်တိုက်ခဲ့ကြသည်ဟု ဆိုသည်။

သို့သော်လည်း ယင်းတိုက်ပွဲတွင် CDF-KKG ဘက်က တစ်စုံတစ်ရာထိခိုက်မှုမရှိခဲ့ပဲ စစ်ကောင်စီဘက်က အရာရှိတစ်ဦး သေဆုံးခဲ့သည့်အပြင် အများအပြား ဒဏ်ရာရရှိနိုင်သည်ဟု CDF-KKG က ဆိုသည်။

သေဆုံးသွားသော စကစ ဘက်က အရာရှိမှာ မြောက်စည်းရဲစခန်းမှူး နှစ်ပွင့်ဗိုလ် ဟန်ထက်ဖြစ်သည်ဟု ဒေသခံများက ပြောဆိုကြသော်လည်း သီခြားအတည်ပြုနိုင်ခြင်းမရှိကြောင်း CDF-KKG က ဆိုသည်။

တိုက်ပွဲအတွင်း အထိနာနေသော စစ်ကောင်စီတပ်ဖွဲ့သည် ၎င်းတို့တပ်စွဲရာစခန်းများသို့ ပြန်လည်ဆုတ်ခွါသွားကြသည်ဟု သိရသည်။

ကလေးမြို့နယ်တောင်ပိုင်းနှင့် ဂန့်ဂေါမြို့နယ်မြောက်ပိုင်းတို့သည် ပြည်ထောင်စုလမ်းမကြီးအတိုင်း နယ်နိမိတ်ချင်းထိစပ်နေပြီး မြို့နယ်ချင်းစပ်ရှိ ကျေးရွာအမြောက်အများတွင် စစ်ကောင်စီတပ်များ တပ်စွဲထားကြကာ ဒေသခံပြည်သူများအား စစ်သင်တန်းများပေးခြင်း၊ လက်နက်များတပ်ဆင်ပေးခြင်းတို့ကြောင့် စစ်ကောင်စီလက်ကိုင်တုတ် ပျူစောထီးများ အင်အားများလာနေကြောင်းသိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဆိုင်းဇန်ရွာတွင် နှစ်ထပ်အိမ် မီးလောင်ပြာကျ၊ ကျပ်သိန်း ၁၀၀၀ ကျော် ဆုံးရှုံး

လုံခြုံရေးအခြေအနေကြောင့် တီးတိန်-ရိဒ် လမ်းပိုင်းကို CDF-Hualngoram ပိတ်ထား

အိန္ဒိယ- မြန်မာနယ်စပ်က မရာလူငယ်အဖွဲ့၏စစ်ဆေးရေးဂိတ်ကို မီးရှို့သည့် ရခိုင်ကုန်သည်တချို့ကို အရေးယူပေးရန် ULA/AA ထံ IFM တောင်းဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 16, 2026

ဆိုင်းဇန်ရွာတွင် နှစ်ထပ်အိမ် မီးလောင်ပြာကျ၊ ကျပ်သိန်း ၁၀၀၀ ကျော် ဆုံးရှုံး

September 16, 2026

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

September 16, 2026

လုံခြုံရေးအခြေအနေကြောင့် တီးတိန်-ရိဒ် လမ်းပိုင်းကို CDF-Hualngoram ပိတ်ထား

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.