ချင်းပြည်နယ်၊ တီးတိန်မြို့အခြေစိုက် ခလရ ၂၆၉ တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသည် လက်နက်ခဲယမ်းနှင့်အတူ PDF-Zoland တပ်ဖွဲ့ထံ မေလ ၃၁ ရက်နေ့က ခိုလှုံခဲ့သည်ဟု သိရသည်။
ချင်းကာကွယ်ရေးတပ်ဖွဲ့ထံ ခိုလှုံလာသူသည် တီးတိန်မြို့တပ်ကုန်း၊ ခြေလျင်တပ်ရင်း ခလရ ၂၆၉ မှ တပ်သားဖြစ်ကာ ၎င်းနှင့်အတူ MA-1 သေနတ်တစ်လက်၊ ကျည်ဘောက် ၄ ခု၊ ကျည်ဆံ ၂၆၀ ကျော်ပါလာပြီး မြန်မာကျပ်ငွေ သိန်း ၅၀ ချီးမြှင့်ကာ ဘေးကင်းလုံခြုံရာသို့ ပို့ဆောင်ခဲ့သည်ဟု Zoland Voice TV ဖော်ပြသည်။
ပြီးခဲ့သည့် မေလ ၁၃ ရက်နေ့ကလည်း တွန်းဇံမြို့မှာ တာဝန်ကျသော ဖလမ်းမြို့အခြေစိုက် ခလရ ၂၆၈ မှ တပ်သား လမင်းအောင် (ကိုယ်ပိုင်အမှတ် တ-၅၇၃၉၅၀) နှင့် တပ်သား မျိူးချစ် (ကိုယ်ပိုင်အမှတ် တ-၅၇၂၂၃၅) တို့နှစ်ဦးသည် တပ်ထဲမှ ထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီးနောက် PDF-Zoland မှ လုံခြုံရာသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။