Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ဟားခါး-ထန်တလန်ကြား လုံခါရ်တောင်တိုက်ပွဲတွင် CNA ရဲဘော် ၂ ဦးကျဆုံး

ဟားခါး-ထန်တလန်ကြား လုံခါရ်တောင်တိုက်ပွဲတွင် CNA ရဲဘော် ၂ ဦးကျဆုံး

0
By Editor on June 13, 2023 Khonumthung

(04SS)

ချင်းပြည်နယ် ဟားခါး-ထန်တလန်ကြား လုံခါရ်တောင်တိုက်ပွဲတွင် ချင်းအမျိုးသားတပ်မတော် (CNA) က ရဲဘော် ၂ ဦး ယနေ့မနက်ပိုင်းတွင် ကျဆုံးခဲ့သည်ဟု သိရသည်။

ယနေ့ဇွန်လ ၁၂ ရက်နံနက် ၄ နာရီခွဲဝန်းကျင်ကစပြီး လုံခါရ်တောင်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းကာကွယ် ရေးပူးပေါင်းတပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပွါးခဲ့ရာ ထိုတိုက်ပွဲအတွင်း စစ်ကာင်စီတပ်ဘက်မှ လက်နက်ကြီးများဖြင့် အပြင်းအထန်တိုက်ခိုက်ခဲ့ရာမှာ CNA ရဲဘော် ၂ ဦးဖြစ်သည့် ဆလိုင် ဆန်းဦး ( ဟုန်လေး) နှင့် ဆလိုင်း ထောင်နောဟွေး ( ဆုန်ပီး) တို့ ကျဆုံးခဲ့ခြင်းဟု The Zotung Post က ဖော်ပြသည်။

“CNA မှာ တာဝန်ထမ်းဆောင်နေကြသော ZOTUNG လူငယ် နှစ်ဦးသည် ချင်းပြည်နယ် ဟားခါးနဲ့ ထန်တလန်ကြား Timit တိုက်ပွဲ၌ ဇွန်လ ၁၂ ရက် နံနက်ပိုင်းအချိန်တွင် ကျဆုံးသည်’’ ဟု The Zotung Post က ဖော်ပြသည်။

လွန်ခဲ့သည့် မေလ ၂၆ ရက်နေ့ မှစပြီး ဟားခါး- ထန်တလန်ကြား သီမြစ်လွင်ပြင်အနီးတစ်ဝိုက်နှင့် လုံခါရ် တောင်ဖက်တွင် စစ်ကောင်စီတပ် အင်အား ၁၅၀ ခန့် ဖြင့် စစ်ကြောင်းထိုးလာခဲ့ရာ နေ့စဉ်ရက်ဆက် တိုက်ပွဲဖြစ်ပွါးခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲအတွင်း ဟားခါးမြို့ပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့ကလည်း လက်နက်ကြီးများဖြင့် နေ့စဉ်ရက်ဆက် ပစ်ကူခဲ့သည်ဟု သိရသည်။

၃ ပါတ်နီးပါးခန့်ရှိလာပြီဖြစ်သော ယင်းတိုက်ပွဲတွင် စစ်ကောင်စီဘက် အယောက် ၅၀ ဝန်းကျင်ခန့်သေဆုံးခဲ့ပြီး လက်နက်အချို့ကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့နှင့် နီးစပ်သော သတင်းရင်းမြစ်က ဆိုသည်။

ဟားခါး-ထန်တလန်ကြား သီမြစ်လွင်ပြင်တိုက်ပွဲတွင် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဖက်ကလည်း ရဲဘော် ၁၇ ဦးကျဆုံးခဲ့ပြီဖြစ်ကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကနေဒီတောင် တကျော့ပြန်စခန်းသိမ်းတိုက်ပွဲမှာ ဗိုလ်မှူး ၁ ဦးအပါအဝင် စစ်သုံ့ပန်း ၂၀ ဦး ဖမ်းမိ

တီးတိန်မြို့လူနေရပ်ကွက်ထဲ စစ်ကော်မရှင်တပ်က ဒရုန်းဖြင့် ဗုံးကြဲ၊ နေအိမ် (၂) လုံးပျက်စီး

ချင်းမဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော် အနိုင်ရကိုယ်စားလှယ်စာရင်း ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.