Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ကလေးမြို့မြောက်ဘက် အောင်ရွာကျေးရွာအနီးတွင် မိုင်း ၃ လုံး ဖြုတ်နိုင်ခဲ့ဟုဆို
ပုံစာ - CNO UCR နှင့် CNDF မိုင်းဆရာများ ဖြုတ်ခဲ့သည့် အောင်ရွာကျေးရွာ သင်္ချိုင်းကုန်းအနီးမှ မိုင်း ၃ လုံး။

ကလေးမြို့မြောက်ဘက် အောင်ရွာကျေးရွာအနီးတွင် မိုင်း ၃ လုံး ဖြုတ်နိုင်ခဲ့ဟုဆို

0
By Editor on August 16, 2023 Khonumthung

ကလေးမြို့နယ် ကလေး-ရာဇဂြိုလ်ကားလမ်းမပေါ်  အောင်ရွာကျေးရွာ သင်္ချိုင်းကုန်းအနီး ပြည်သူများသွားလာသော လမ်း ဘေးတွင် ထောင်ထားကြသော မိုင်း ၃ လုံးကို CNO UCR နှင့် CNDF မိုင်းဆရာများက ယမန်နေ့ ဩဂုတ် ၁၄ ရက် မနက် ၁၁ နာရီတွင် သွားရောက်ကာ အထိအခိုက်မရှိ မိုင်းဖြုတ်နိုင်ခဲ့ကြသည်ဟု CNO UCR က ထုတ်ပြန်သည်။

ဩဂုတ်လ ၁၃ ရက်နေ့ကလည်း ညောင်တောကျေးရွာအနီး တာဟန်း-လက်ပံချောင်း ကားလမ်းမဘေးတွင် ထောင်ထားသော မိုင်းတစ်လုံးကို ဖြုတ်နိုင်ခဲ့သည်ဟု ဆိုသည်။

အဆိုပါမိုင်းများသည် မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းများမှ ထောင်ထားကြသည်ကိုမူ မသိရပေ။

ယမန်နေ့ ဩဂုတ်လ ၁၄ ရက်နေ့ မနက်ပိုင်းတုန်းကလည်း ကလေးမြို့ ဘူတာလမ်းခွဲအနီးတွင် အမှိုက်ရှင်းလင်းနေသူတစ်ဦး မိုင်းနင်းမိ၍ ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့သည်။

ပြီးခဲ့သည့် ဩဂုတ်လ ၈ ရက်နေ့ကလည်း ညောင်တောသင်္ချိုင်းကုန်းအနီးမှာ နွားတစ်ကောင်က မိုင်းနင်းမိ၍ နွားနှင့် ပြည်သူတစ်ဦး သေဆုံးခဲ့ရပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CNF/ CNA ဌာနချုပ်နှင့် အနီးဆုံးမြို့ဖြစ်သည့် ထန်တလန်မြို့ကို အလုံးစုံပြန်သိမ်းပြီဟု စစ်တပ်ထုတ်ပြန်

ရခိုင်ရေဘေးအတွက် မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ MTC / MDF က ကျပ်သိန်း ၅၀ ထောက်ပံ့ကူညီ

မလေးရှားမှာ ချင်းလူမျိုးအပါအဝင် အထောက်အထားမဲ့နိုင်ငံခြားသားအများအပြားဖမ်းဆီးခံနေရ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
July 18, 2026

မံဆောင်းတံတား ပြန်လည်အသုံးပြုဖြတ်သန်းနိုင်ပြီ

July 17, 2026

CNF/ CNA ဌာနချုပ်နှင့် အနီးဆုံးမြို့ဖြစ်သည့် ထန်တလန်မြို့ကို အလုံးစုံပြန်သိမ်းပြီဟု စစ်တပ်ထုတ်ပြန်

July 17, 2026

စစ်တပ်ထိန်းချုပ်သည့် ဖလမ်းမြို့တွင် နေရပ်ပြန်ပြည်သူများ နှိပ်စက်သတ်ဖြတ်ခံရမှုနှင့် အကြောင်းရင်းမသိ သေဆုံးမှုများလာ၍ စိုးရိမ်မှုမြင့်တက်

July 16, 2026

နိုင်ငံ၏ အုပ်ချုပ်ရေးသည် နေပြည်တော်မှာပဲ သီးသန့်မရှိတော့ကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံအပြီး SCEF က ထုတ်ပြန်

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.