Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»တော်လှန်ရေးလှုပ်ရှားမှုကို စောင့်ကြည့်ရန် စစ်ကောင်စီက ဟားခါးမြို့ပေါ်အနှံ့ လုံခြုံရေးကင်မရာများ တပ်ဆင်
ပုံစာ- ဟားခါးမြို့တွင်းတနေရာ(ယခင်ပုံဟောင်း)

တော်လှန်ရေးလှုပ်ရှားမှုကို စောင့်ကြည့်ရန် စစ်ကောင်စီက ဟားခါးမြို့ပေါ်အနှံ့ လုံခြုံရေးကင်မရာများ တပ်ဆင်

0
By Editor on September 13, 2023 Khonumthung

(003PT/ 004SS/ 006SV)

ချင်းပြည်နယ် စစ်ကောင်စီရုံးစိုက်ရာ ဟားခါးမြို့တွင် စစ်ကောင်စီသည် ဒေသကာကွယ်ရေးတပ်ဖွဲ့နှင့် တော်လှန်ရေးအင်အားစု များ၏ လှုပ်ရှားမှုများကို စောင့်ကြည့်နိုင်ရန် လုံခြုံရေးကင်မရာများ မြို့ပေါ် (၅) နေရာထက်မနည်းတွင် တပ်ဆင်အသုံးပြုလာ သည်ဟု ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့တို့က ပြောသည်။

“အဓိကက ဟားခါးမြို့တွင်းမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက စစ်ကောင်စီတပ်စခန်းတွေ၊ ရဲစခန်းတွေ၊ သူတို့ ကင်းစောင့်တဲ့ နေရာတွေကို အချိန်မရွေး၊ ဟားခါးမြို့မှာ တိုက်ပွဲတွေဖြစ်တယ်။ ပြီးရင် ပစ်ခတ်တာတွေ လုပ်လာတဲ့အခါမှာ စစ်ကောင်စီအနေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်နိုင်ဖို့အတွက် အကာအကွယ်ယူနိုင်ဖို့ CCTV ကင်မရာတွေ တပ်ဆင် လာတယ်လို့ သုံးသပ်လို့ ရတယ်” ချင်းလူ့အခွင့်အရေးအဖွဲ့ချုပ် (CHRO) စီမံကိန်းမန်နေဂျာ ဆလိုင်းမာန်ဟရဲလျန်က ပြောသည်။

လုံခြုံရေးကင်မရာများကို စစ်ကောင်စီအစိုးရရုံးအနီးနေရာ၊ ချင်းပြည်နယ်ဝန်ကြီးချုပ်ဟောင်းအိမ်အနီးနေရာနှင့် ၎င်းအိမ်လမ်းပေါ်ကနေရာ၊ ဘုရားကျောင်းသွားသောလမ်းများတွင် တပ်ဆင်ထားသည်။

ဟားခါး တမြို့လုံး၏ အသွားအလာကို စောင့်ကြည့်နိုင်ရန် ကွက်ကြား တပ်ဆင်ထားပြီး လက်ရှိမှာ ငါးနေရာတွင် တပ်ဆင်ထားသည်ကို အတည်ပြုနိုင်သည်ဟု ၎င်းက ပြောသည်။

စစ်ကောင်စီသည် ဟားခါးတမြို့လုံးကို လုံခြုံရေးတင်းကြပ်စွာ စောင့်ကြည့်နေနိုင်ရန် တမြို့လုံးတွင် တပ်ဆင်ရန် ပြင်ဆင်နေသော်လည်း လက်ရှိတွင် တမြို့လုံးကို မတပ်ဆင်နိုင်သေးကြောင်း သိရသည်။ 

အာဏာမသိမ်းမီက ဟားခါးမြို့တွင် ဘဏ်နှင့် ဆေးရုံတို့တွင် လုံခြုံရေးကင်မရာများ တပ်ဆင်အသုံးပြုခဲ့သော်လည်း လက်ရှိတွင် စစ်ကောင်စီသည် စစ်စခန်းများ၊ တချို့ရုံးဌာနများနှင့် ၎င်းတို့ လှုပ်ရှားရာနေရာများတွင် လုံခြုံရေးကင်မရာများ တပ်ထားသည်ကို တွေ့ရှိရသည်ဟု ဟားခါးမြို့ခံတစ်ဦးက ပြောသည်။ 

လုံခြုံရေးကင်မရာများ တပ်ဆင်ပြီးနောက် အရပ်သားများကို ဖမ်းဆီးစစ်ဆေးမှုများ ပိုမိုပြုလုပ်လာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။

“ကျနော်တို့ သတင်းရထားတာရှိတယ်။ စစ်ကောင်စီတွေက ဟားခါးမြို့တွင်းမှာ သူတို့စခန်းတွေ၊ လုံခြုံရေးလိုချင်တဲ့နေရာတွေ တချို့ရုံးတွေမှာ CCTV တွေ တပ်ထားတယ်။ တခြား အရေးကြီးတဲ့ နေရာတချို့မှာလည်း တပ်ထားတယ်လို့ သတင်းရထားတယ်” ချင်းကာကွယ်ရေးတပ်ဖွဲ့ – ဟားခါးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဟားခါးမြို့နယ်အတွင်း ချင်းကာကွယ်ရေးပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ မကြာခဏ အပြင်းအထန် ဖြစ်ပွားနေပါသည်။

စစ်အာဏာသိမ်းပြီး နှစ်နှစ်ခွဲအတွင်း ဟားခါးမြို့ပေါ်က စစ်ကောင်စီ၏ ရုံးဌာနနှင့် စခန်းများ မြို့ပြပျောက်ကြားတိုက်ခိုက်မှုအဖြစ် မကြာခဏ ချင်းကာကွယ်ရေးတပ်များက တိုက်ခိုက်ခဲ့သည်။

စစ်ကောင်စီသည် ချင်းပြည်နယ်တွင် ပလက်ဝမြို့နယ်မှလွဲ၍ ကျန်သော မြို့နယ် ၈ ခုလုံးကို စစ်အုပ်ချုပ်ရေးမြို့နယ်များအဖြစ် ကြေညာထားသည်။

ပုံစာ- ဟားခါးမြို့တွင်းတနေရာ(ယခင်ပုံဟောင်း)

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ပြည်သူများကို လိမ်လည်လှည့်ဖြားသည်ဟုဆိုကာ မြန်မာစစ်ဘေးရှောင် ၈ ဦးကို မီဇိုရမ်ပြည်နယ်ကနေ ထွက်ခွာဖို့ YMA ညွှန်ကြား

တမူးဘက် စစ်ဘေးရှောင်နေသည့် ကလေးမြို့၊ ပြည်တော်သာရွာမှ ချင်းလင်မယား သတ်ဖြတ်ခံရ

ခမ်းပတ်မြို့နှင့် ကနန်ရွာကို လေကြောင်းတိုက်ခိုက်မှုအတွင်း ဒေသခံ ၁ ဦး သေဆုံး၊ နေအိမ်အဆောက်အဦးများ ထိခိုက်ပျက်စီး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.