Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ချင်းပြည် CDM မူဝါဒ (မူကြမ်း) အတည်ပြုနိုင်ရေးနှင့် လူသာချင်းစာနာထောက်ထားရေး အကူအညီပေးနိုင်ရေး ICNCC ဆွေးနွေး

ချင်းပြည် CDM မူဝါဒ (မူကြမ်း) အတည်ပြုနိုင်ရေးနှင့် လူသာချင်းစာနာထောက်ထားရေး အကူအညီပေးနိုင်ရေး ICNCC ဆွေးနွေး

0
By Editor on November 9, 2023 Headline

(006SV)

ချင်းပြည် CDM မူဝါဒ (မူကြမ်း) အတည်ပြုနိုင်ရေးနှင့် လူသာချင်းစာနာထောက်ထားရေး အကူအညီပေးနိုင်ရေးတို့ကို ကြားကာ လ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ ICNCC က ယမန်နေ့က ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၈ ရက်က ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (ICNCC)၏ ပုံမှန်ကောင်စီအစည်းအဝေးတွင် ဆွေးနွေးခဲ့ ကြောင်း ယနေ့ နိုဝင်ဘာလ ၉ ရက်မှာ ICNCC က သတင်းထုတ်ပြန်သည်။

ယင်းအစည်းအဝေးတွင် ချင်းပြည် တစ်ပတ်တာ နိုင်ငံရေးအခြေအနေနှင့် ကောင်စီ၏ လုပ်ငန်းဆောင်ရွက်မှုများ ရှင်းတင်ပြပြီး စစ်ရှိန်မြှင့်တင်နေသည့်ကာလအတွင်း ချင်းပြည်နယ်မှာ အရပ်သား ထိခိုက်မှု လျှော့ချရေး၊ လူသားစာနာမှုအအကူအညီများ ပံ့ပိုးပေးနိုင်ရေးနှင့် ကောင်စီ၏ ထုတ်ပြန်ချက်အမှတ် (၆/၂၀၂၃) ထုတ်ပြန်နိုင်ရေးတို့ကိုလည်း ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း သိရသည်။

အစည်းအဝေးကို ICNCC အလှည့်ကျ သဘာပတိများ၊ အတွင်းရေးမှူးအဖွဲ့ဝင်များနှင့် အစုအဖွဲ့အသီးသီးမှ ကောင်စီဝင်များ စုစုပေါင်း ၂၃ ဦး တက်ရောက်ခဲ့သည်ဟု သိရသည်။

ထို့အပြင် နိုဝင်ဘာလ ၈ ရက်မှာပင် ICNCC နှင့် NUG အစိုးရအဖွဲ့၊ လူသားစာနာဝန်ကြီးဌာနမှ တာဝန်ရှိသူများက နိုင်ငံအနှံ စစ်ရှိန်မြှင့်နေသော ကာလအတွင်း ချင်းပြည်နယ်မှာ အရပ်သားထိခိုက်မှု လျော့ချရေးနှင့် လူသားစာနာမှု အကူအညီများ ပံ့ပိုးပေးနိုင်ရေးတို့ကို ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နိုင်ရန် ဆွေးနွေးခဲ့ကြသည်ဟု NUG လူသားစာနာဝန်ကြီးဌာနက ထုတ်ပြန်သည်။

နိုဝင်ဘာလ ၇ ရက် မင်းတပ်မြို့နယ်တွင် လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် နေအိမ်ပျက်စီးမှုနှင့် ထိခိုက်ဒဏ်ရာ ရရှိသူများကို ထောက်ပံ့နိုင်ရေးတို့ကိုလည်း ဆွေးနွေးခဲ့သည်ဟု သိရသည်။

ယင်းအစည်းအဝေးတွင် ချင်းပြည်နယ်ရှိ စစ်ဘေးရှောင်များကို ယာယီနေစရာ၊ ဆေးဝါး၊ သောက်သုံးရေးနှင့် ရိက္ခာများ ကူညီထောက်ပံ့နိုင်ရေး၊ လေကြောင်းရန် ကာကွယ်ရေး၊ အရေးပေါ်ရန်ပုံငွေ ကြိုတင်ပြင်ဆင်ထားနိုင်ရေး၊ ဒေသတွင်း ရိက္ခာဖူလုံးမှု ရှိရေးနှင့် အိန္ဒိယနယ်စပ်က မြန်မာစစ်ဘေးရှောင်များကို ကူညီနိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) ကို စစ်အာဏာရှင်စနစ်တော်လှန်ရေးတွင် ပါဝင်ကြသော ၂၀၂၀ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များ၊ ချင်းအမျိုးသားတပ်ဦး (CNF) နှင့် ချင်းပြည်နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) တို့က ၂၀၂၁ ခုနှစ် ဧပြီလ (၁၃) ရက်နေ့တွင် အစုအဖွဲ့ (၃) ဖွဲ့ဖြင့် စတင်ဖွဲ့စည်းခဲ့သည်။

ထို့နောက် ကောင်စီကို CDM၊ CSO ၊ လူငယ်၊ အမျိုးသမီးများ အစုအဖွဲ့ပါဝင်လျှက် အစုအဖွဲ့ (၄) ဖွဲ့ဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ကြသည်။

နောက်ပိုင်းတွင် ချင်းအမျိုးသားတပ်ဦး (CNF) က ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) မှ နှုတ်ထွက်ခဲ့သည်။

ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) သည် အမျိုးသားညီညွှတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) နှင့် အမျိုးသားညီညွှတ်ရေးအစိုးရအဖွဲ့ (NUG) တို့ ကနဦးဖွဲ့စည်းရာတွင် ပါဝင်ခဲ့ပြီး ပြည်နယ် ကိုယ်စားပြု အတိုင်ပင်ခံကောင်စီတစ်ခုအနေဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

ကလေးလူငယ်များကို လက်နက်ကိုင်အဖွဲ့များက အဓမ္မစစ်မှုထမ်းစေခြင်းကို ကန့်ကွက်ကြောင်း ချင်းပညာရေးစီဒီအမ်အဖွဲ့ ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.