Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ခမ်းပတ်မြို့က ဘုန်းကြီးကျောင်းအပါအ၀င် လူနေအိမ် ၃၀ ကျော် ပျက်စီး

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ခမ်းပတ်မြို့က ဘုန်းကြီးကျောင်းအပါအ၀င် လူနေအိမ် ၃၀ ကျော် ပျက်စီး

0
By Editor on December 20, 2023 Khonumthung

(002MG)

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ် ခမ်းပတ်မြို့ကို စစ်ကောင်စီတပ်ဖွဲ့က ပြန်လည်သိမ်းပိုက်ရန် ထိုးစစ်ဆင်တိုက်ခိုက်လာချိန်မှာ လေကြောင်းဖြင့် ၅ ရက်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ခမ်းပတ်မြို့ အမှတ် ၁ ရပ်ကွက်က ဘုန်းကြီးကျောင်း အပါအ၀င် လူနေအိမ် အလုံး ၃၀ ကျော် မီးလောင်ထိခိုက်ပျက်စီးသွားသည်ဟု သိရသည်။

ခမ်းပတ်မြို့က အမျိုးသားတစ်ဦးက “အမှတ် ၁ ရပ်ကွက် ကားလမ်းအရှေ့ဖက် ဘုန်းကြီးကျောင်းနားဝန်းကျင် အိမ်ခြေ ၃၀ လောက်ရှိမှာ၊ အပေါ်ကနေ ဗုံးလာကြဲလို့လောင်သွားတာ တအိမ်ပြီးတအိမ် ကူးသွားတာ” ဟုပြောသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ခမ်းပတ်မြို့ကို ဒီဇင်ဘာလ ၁၀ ရက်နေ့ကစပြီး မြေပြင်စစ်ကြောင်းသာမက လေကြောင်းဖြင့် အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လေကြောင်းဖြင့် ၅ ရက်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခံရသောကြောင့် လူနေအိမ်အမြောက်အများ ထိခိုက်ပျက်စီးခဲ့ခြင်းဖြစ်သည်။

အဆိုပါစစ်ကြောင်းထိုးလာသည့် စစ်ကောင်စီအင်အား ၂၀၀ ခန့်ကို အမှတ် ၁ စစ်ဒေသကွပ်ကဲမူဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ကိုင်းတိုင်း အထူးတပ်ရင်းများ၊ ခရိုင်တပ်ရင်းများ၊ ပကဖ နှင့် တော်လှန်ရေးမဟာမိတ် တပ်ဖွဲ့များက တွန်းလှန်တိုက်ထုတ်ခဲ့ရာမှာ ဒီဇင်ဘာလ ၁၆ ရက်နေ့က တပ်ပျက်ကာ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်ဟု ကာကွယ်ရေးဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရက သတင်းထုတ်ပြန်ထားသည်။

၎င်းအပြင် MA-10 RPG 7 တစ်လက်၊ MG-3 တစ်လက်၊ MA-S1 MK2 တစ်လက်အပါအဝင် လက်နက်မျိုးစုံ (၁၇) လက် သိမ်းပိုက်ရရှိခဲ့သည့်အပြင် အရာရှိတစ်ဦးအပါအဝင် စစ်ကောင်စီတပ်သား အလောင်း ၁၀ လောင်းကျော်တွေ့ထားသည်ဟု ဖော်ပြထားသည်။

လက်ရှိ ခမ်းပတ်မြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိတော့သည့်အတွက် အမှတ် ၁ ရပ်ကွက်မှလွဲပြီး ကျန်ရပ်ကွက်မှ ပြည်သူများ မြို့တွင်း ပြန်လည်ဝင်ရောက်သူများရှိသည့်အပြင် အချို့မှာ နေရပ်မပြန်ရဲသေးပဲ စစ်ဘေးတိမ်းရှောင်နေကြရဆဲဖြစ်သည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကနေဒီတောင် တကျော့ပြန်စခန်းသိမ်းတိုက်ပွဲမှာ ဗိုလ်မှူး ၁ ဦးအပါအဝင် စစ်သုံ့ပန်း ၂၀ ဦး ဖမ်းမိ

တီးတိန်မြို့လူနေရပ်ကွက်ထဲ စစ်ကော်မရှင်တပ်က ဒရုန်းဖြင့် ဗုံးကြဲ၊ နေအိမ် (၂) လုံးပျက်စီး

ချင်းမဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော် အနိုင်ရကိုယ်စားလှယ်စာရင်း ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.