Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ကလေးမြို့တွင် စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက် ၁၂ နှစ်ရွယ်ကလေးငယ်တစ်ဦး သေဆုံး

ကလေးမြို့တွင် စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက် ၁၂ နှစ်ရွယ်ကလေးငယ်တစ်ဦး သေဆုံး

0
By Editor on January 13, 2024 Khonumthung

(005MK)

စစ်ကိုင်းတိုင်း ကလေးမြို့မြောက်ပိုင်းဒေသ ကြိုးကြာကွင်းကျေးရွာတွင် ယနေ့မနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့မှ ပစ်ခတ် လိုက်သော လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲကာ အသက် ၁၂ နှစ်ရွယ် ကလေးငယ်တစ်ဦးသေဆုံးခဲ့ရသည်ဟု ဒေသတွင်း သတင်းရင်းမြစ်များထံမှသိရသည်။

ကလေးမြို့မှ ၁၀ မိုင်ခန့်‌ေ၀◌းသော ကြိုးကြာကွင်းကျေးရွာထဲ ယနေ့မနက်ပိုင်း ၁၀ နာရီ၀န်းကျင်ခန့်က လက်နက် ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး အသက် ၁၂ နှစ်အရွယ် မ ၀◌ုန်ဆန်းလျန်သည် ၀မ်းဗိုက်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနောက် ၁၁ နာရီခန့်တွင် သေဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု ဒေသတွင်းသတင်းရင်းမြစ်က ပြောသည်။

ကလေး-တီးတိန်ကားလမ်းမပေါ်ရှိ သိုင်းငင်းကျေးရွာက စစ်ကောင်စီတပ်စခန်းကို ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ယမန်နေ့က တိုက်ခိုက်ခဲ့ပြီးနောက် ကလေးမြို့ပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့သည် ယနေ့နေ့လည်ပိုင်းအထိ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ကူခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ထိုကဲ့သို့ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ရာတွင် ကလေး-လက်ပံချောင်းလမ်းမပေါ်က ကြိုးကြာကွင်းကျေးရွာထဲ ကျရောက်ပေါက်ကွဲကာ ယခုကဲ့သို့သေဆုံးမှုများဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယခုလက်ရှိတွင်လည်း လက်နက်ကြီးပစ်ခတ်မှုများ ရှိနေဆဲဖြစ်သည့်အတွက် ကြိုးကြာကွင်းနှင့် အနီးတ၀◌ိုက်ကကျေးရွာက ပြည်သူများသည် ဗုံးခိုကျင်းများနှင့် အဆင်ပြေသည့်နေရာများတွင် ပုန်းခိုနေကြရသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေးမြို့ Carmel တောင်တက်သည့် လူငယ်များ ဓားခုတ်ခံရမှုဖြစ်ပွား၊ နှစ်ဖက်စလုံးဒဏ်ရာရရှိ

ဟားခါးလူထုသပိတ်ခေါင်းဆောင် ဆလိုင်းငွန်ဆန်းအောင် ကွယ်လွန်

ခွင့်လွန်၊ ခွင့်မဲ့ဖြစ်နေသာ ရဲဘော်များ ဖေဖော်ဝါရီလကုန်မှာ ပြန်တာဝန်ထမ်းဆောင်ရန် CDF – KKG ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.