Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»အိန္ဒိယ-မြန်မာနယ်စပ်လမ်းကြောင်းပေါ်က အရေးပါသည့် သိုင်းငင်းတပ်စခန်းကို ချင်းပူးပေါင်းတပ်သိမ်းပိုက်

အိန္ဒိယ-မြန်မာနယ်စပ်လမ်းကြောင်းပေါ်က အရေးပါသည့် သိုင်းငင်းတပ်စခန်းကို ချင်းပူးပေါင်းတပ်သိမ်းပိုက်

0
By Editor on January 16, 2024 Khonumthung

(002MG)

အိန္ဒိယ-မြန်မာနယ်စပ်လမ်းကြောင်းပေါ်က အရေးပါသည့် ချင်းပြည်နယ် တီးတိန်းမြို့နယ် သိုင်းငင်းကျေးရွာက စစ်ကောင်စီတပ်စခန်းကို ယနေ့မနက်ပိုင်းတွင် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်ခဲ့သည်။

သိုင်းငင်းကျေးရွာက စစ်ကောင်စီတပ်စခန်းကို ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ဇန်န၀◌ါရီလ ၁၂ ရက်နေ့ ကတည်းက စတင်တိုက်ခိုက်ခဲ့ရာ ၅ ရက်မြောက်နေ့ ဇန်န၀◌ါရီလ ၁၆ ရက်မနက်ပိုင်းတွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု CDF/CDM-Siyin တပ်ဖွဲ့မှတာ၀န်ရှိသူက ပြောသည်။

“ဒီမနက် (၇) နာရီခွဲလောက်မှာ သိမ်းနိုင်ပြီ။ အခုလောလောဆယ်တော့ လက်နက်တွေသိမ်းနေလို့ အသေးစိတ် မပြောနိုင် သေးဘူး” ဟု CDF/CDM-Siyin တပ်ဖွဲ့မှတာ၀န်ရှိသူကပြောသည်။

သိုင်းငင်းကျေးရွာသည် စစ်ကိုင်းတိုင်း ကလေးမြို့မှ ချင်းပြည်နယ်မြောက်ပိုင်းနှင့် အိန္ဒိယ-မြန်မာနယ်စပ်ကို ဆက်သွယ် သည့် လမ်းကြောင်းပေါ် တွင်တည်ရှိသည့် စစ်ရေးနှင့် စီးပွားရေးအရ အရေးပါသောနေရာဖြစ်ပြီး စစ်ကောင်စီသည် ထိုနေရာတွင် တပ်စွဲထားကာ ခရီးသွားပြည်သူများအား တင်းတင်းကြပ်ကြပ် စစ်ဆေးသည့်နေရာဖြစ်သည်။

သိုင်းငင်းစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီက ကလေးမြို့မှ လက်နက်ကြီးများဖြင့် အကြိမ်ပေါင်းများစွာ ပစ်ကူခဲ့သည့်အပြင် လေကြောင်းကနေလည်း ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲတွင် ချင်းတော်လှန်ရေးတပ်ဖွဲ့များဖြစ်ကြသည့် CNA, CDF CDM-Siyin, CDF-KKG, CDF -Thantlang, CDF-Hakha, PDA နှင့် CDF-Hualngoram တို့ပါ၀င်သည်ဟုသိရသည်။

သိုင်းငင်းစခန်းသိမ်းတိုက်ပွဲတွင် နှစ်ဖက်ထိခိုက်သေဆုံးမှုရှိသည်ဟု သိရသော်လည်း ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကာကီကျေးရွာမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ကလေးငယ်တစ်ဦးထပ်မံသေဆုံး

ပလက်ဝစစ်ဘေးရှောင်စခန်းမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ၄ ဦးသေဆုံး

သိုင်းငင်းရွာကို ဝင်ရောက်လာသော စစ်ကော်မရှင်တပ်စစ်ကြောင်း ထိခိုက်သေဆုံးမှုများပြား

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.