Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»စစ်ကောင်စီတပ်သား ၂၇၀ ကျော် မီဇိုရမ်ပြည်နယ်ထဲ ထပ်မံထွက်ပြေး

စစ်ကောင်စီတပ်သား ၂၇၀ ကျော် မီဇိုရမ်ပြည်နယ်ထဲ ထပ်မံထွက်ပြေး

0
By Editor on January 17, 2024 Khonumthung

(005MK)

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်၀မြို့နယ်ထဲက တိုက်ပွဲအတွင်း စစ်ရှုံးပြီး ထွက်ပြေးကြသည်ဟု ယူဆရသော စစ်ကောင်စီတပ်သား ၂၇၀ ကျော်သည် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲကို ယနေ့ ရောက်ရှိကြသည်ဟု သိရသည်။

မီဇီုရမ်ပြည်နယ် လောင်တလိုင်ခရိုင် Bandukbanga ကျေးရွာထဲကို ယနေ့ညနေပိုင်း ၄ နာရီခန့်မှာ စစ်ကောင်စီတပ်သား ၂၇၈ ယောက် ၀င်ရောက်လာကြသည်ဟု ဒေသတွင်းမီဒီယာတွင် ဖော်ပြသည်။

အဆိုပါ စစ်ကောင်စီတပ်သားများသည် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်၀မြို့နယ်တွင် ရက္ခိုင့်တပ်တော် AA နှင့် ဖြစ်ပွားသော တိုက်ပွဲအတွင်း စစ်ရှုံး၍ နယ်စပ်ဘက်ကို ထွက်ပြေးလာကြသူများဟု ယူဆရသည်။

ယခုလက်ရှိတွင် ၎င်းတို့ကို အာသံရိုင်ဖယ်တပ်ဖွဲ့က လက်ခံပြီး လိုအပ်သည်များ ဆောင်ရွက်ပေးလျှက်ရှိသည်ဟု ဒေသတွင်းမီဒီယာက ဆိုသည်။

ရက္ခိုင့်တပ်တော် AA သည် ချင်းပြည်နယ် ပလက်၀မြို့နယ်ထဲက စစ်ကောင်စီဗျူဟာကုန်း၊ တပ်ရင်း တပ်စခန်းအားလုံးကို တိုက်ခိုက်သိမ်းပိုက်ပြီး ပလက်၀ဒေသသည် စစ်ကောင်စီကင်းစင်သည့်ဒေသဖြစ်ပြီဟု ဇန်န၀◌ါရီလ ၁၄ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

ထိုစခန်းသိမ်းတိုက်ပွဲများတွင် စစ်ကောင်စီတပ်သားအမြောက်အများ စခန်းကို စွန့်ခွါထွက်ပြေးခဲ့ကြသည်ဟု AA က ဆိုသည်။

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲတွင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နို၀င်ဘာလ နှင့် ဒီဇင်ဘာ ၂ လအတွင်း တိုက်ပွဲအတွင်း စစ်ရှုုံး၍ ထွက်ပြေးခိုလုံသူ စစ်ကောင်စီတပ်သား အယောက် ၄၀၀ ကျော်ရှိခဲ့ပြီး အိန္ဒိယဗဟိုအစိုးရ၏ အစီစဉ်နှင့် စစ်ကောင်စီထံ ပြန်လည်ပို့ဆောင်ခဲ့ကြသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကာကီကျေးရွာမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ကလေးငယ်တစ်ဦးထပ်မံသေဆုံး

ပလက်ဝစစ်ဘေးရှောင်စခန်းမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ၄ ဦးသေဆုံး

သိုင်းငင်းရွာကို ဝင်ရောက်လာသော စစ်ကော်မရှင်တပ်စစ်ကြောင်း ထိခိုက်သေဆုံးမှုများပြား

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.